ကယားျပည္နယ္တြင္း တရားမဝင္ သယံဇာတ ထုတ္လုပ္မႈ ကာကြယ္ေရး လူထုပူးေပါင္းရန္ ဝန္ႀကီးတိုက္တြန္း

ကယားျပည္နယ္တြင္း တရားမဝင္ သယံဇာတ ထုတ္လုပ္မႈ ကာကြယ္ေရး လူထုပူးေပါင္းရန္ ဝန္ႀကီးတိုက္တြန္း
မေ 31, 2017
By Tachileik News Agency

ကယားျပည္နယ္အတြင္း သဘာဝသယံဇာတမ်ား တရားမဝင္ထုတ္လုပ္ေနမႈမွ ထိန္းသိမ္းကာကြယ္ႏိုင္ရန္ ေဒသခံမ်ား၊ အရပ္ဖက္ အဖြဲ႕အစည္းမ်ားႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအေနျဖင့္ ပူးေပါင္း ပါဝင္ေပးၾကရန္ ျပည္နယ္သဘာဝသယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္သိမ္းေရးဝန္ႀကီး ဦးတီရယ္က တိုက္တြန္းလိုက္သည္။

သယံဇာတမ်ား တရားမဝင္ထုတ္လုပ္ေနမႈမွ ကာကြယ္ရန္မွာ သစ္ေတာဦးစီးဌာနႏွင့္ သက္ဆိုင္ရာဌာနမ်ား အေနျဖင့္သာ လုပ္ေဆာင္၍မရဘဲ အားလံုးပူးေပါင္းပါဝင္မွသာ ေအာင္ျမင္မည္ျဖစ္ေၾကာင္း ဝန္ႀကီးက ဆိုသည္။

“တရားမဝင္ သယံဇာတေတြ ထြက္ရွိတတ္တဲ့ လမ္းေၾကာင္းတစ္ေလွ်ာက္မွာရွိတဲ့ ေဒသခံျပည္သူေတြရယ္ ရပ္ရြာအေျချပဳအဖြဲ႕စည္းေတြကလည္း လူထုအေျချပဳေစာင့္ၾကည့္ျခင္းနဲ႔ သတင္းပို႕စနစ္ Community Monitoring and Reporting System ကုိက်င့္သုံးၿပီး သက္ဆိုင္ရာဌာနေတြကို အခ်ိန္မီသတင္းေပးဖို႔ အထူး အေရးႀကီးတယ္ေပါ့။ ဒါမွ အားလုံး ပူးေပါင္းေဆာင္ရြက္မွ ကၽြန္ေတာ္တို႔ျပည္နယ္ထဲက သယံဇာတေတြကို တရားမဝင္ ထုတ္ယူေနတာေတြကို ထိထိေရာက္ေရာက္ တားဆီးႏိုင္မယ္ ”ဟု ျပည္နယ္သဘာဝသယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္သိမ္းေရးဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေမလ (၃၀)ရက္ေန႔တြင္ ေျပာသည္။

ကယားျပည္နယ္အတြင္း အဓိကအားျဖင့္ သစ္ေမွာင္ခိုမ်ားႏွင့္ ခဲသတၱဳ တရားမဝင္တူးေဖၚျခင္းမ်ား အမ်ားစုျဖစ္ေၾကာင္း သိရသည္။

“ဒီအစိုးရသစ္လက္ထက္မွာ သစ္ေတြခဏခဏ မိတယ္။ ဒါက တိုးတက္မႈတစ္ခုေပါ့။ အလုပ္လုပ္တယ္ေပါ့။ ကၽြန္ေတာ္ေျပာခ်င္တာက ဖမ္းမယ္ဆို တိတိက်က် အကုန္ဖမ္း။ ဥပေဒနဲ႕ အညီေပါ့။ အခုဆို ကုန္ေနၿပီေလ။ သစ္ေတြဆိုလည္း ကုန္ၿပီ။ ခုကထိန္းသိမ္းဖို႔လည္းသင့္ေနၿပီ လူေတြကေတာ့ သိပ္အေရးမထားၾကဘူး။ ေျပာျပလည္းဖမ္းမွာ မဟုတ္ပါဘူး။ တခ်ိဳ႕ကလည္း ငါေျပာလိုက္ရင္ ဘယ္သူဘာလာလုပ္မလဲဆိုၿပီး ေၾကာက္ၾကတယ္။ ဒါေပမဲ့ တကယ္လုပ္ရင္ ကၽြန္ေတာ္တို႕ျပည္သူက ပူးေပါင္းမွာပါ ”ဟု ေဒသခံ ကိုညိဳႀကီးက ေျပာသည္။

ျပည္နယ္တြင္း သယံဇာတမ်ား တရားမဝင္ထုတ္ယူမႈကို တားဆီးႏိုင္ရန္အတြက္ သစ္ေတာဦးစီးဌာန၏ ျပည္နယ္ ၊ ခရုိင္၊ ၿမိဳ႕နယ္အဆင့္မ်ားသို႔ ဆက္သြယ္တိုင္ၾကားႏိုင္သည့္ ဖုန္းနံပါတ္မ်ားကို ရပ္ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားထံ ျဖန္႔ေဝထားၿပီး တရားမဝင္ထုတ္ယူရာတြင္ အမ်ားဆံုး အသံုးျပဳသည့္ လမ္းေၾကာင္းမ်ားျဖစ္သည့္ လိြဳင္ေကာ္၊ ဒီးေမာ့ဆို ၊ ဖရူဆို၊ ေဘာလခဲ ၊ ဖားေဆာင္းၿမိဳ႕နယ္မ်ားတြင္ ပူးေပါင္းစစ္ေဆးေရးဂိတ္မ်ားကို အသစ္ျပန္လည္ဖြဲ႕စည္းကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အတွင်း သဘာဝသယံဇာတများ တရားမဝင်ထုတ်လုပ်နေမှုမှ ထိန်းသိမ်းကာကွယ်နိုင်ရန် ဒေသခံများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် လွှတ်တော် ကိုယ်စားလှယ်များအနဖြေင့် ပူးပေါင်း ပါဝင်ပေးကြရန် ပြည်နယ်သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီး ဦးတီရယ်က တိုက်တွန်းလိုက်သည်။

သယံဇာတများ တရားမဝင်ထုတ်လုပ်နေမှုမှ ကာကွယ်ရန်မှာ သစ်တောဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ အနဖြေင့်သာ လုပ်ဆောင်၍မရဘဲ အားလုံးပူးပေါင်းပါဝင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

“တရားမဝင် သယံဇာတတွေ ထွက်ရှိတတ်တဲ့ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေရယ် ရပ်ရွာအခြပြေုအဖွဲ့စည်းတွေကလည်း လူထုအခြပြေုစောင့်ကြည့်ခြင်းနဲ့ သတင်းပို့စနစ် Community Monitoring and Reporting System ကိုကျင့်သုံးပြီး သက်ဆိုင်ရာဌာနတွေကို အချိန်မီသတင်းပေးဖို့ အထူး အရေးကြီးတယ်ပေါ့။ ဒါမှ အားလုံး ပူးပေါင်းဆောင်ရွက်မှ ကျွန်တော်တို့ပြည်နယ်ထဲက သယံဇာတတွေကို တရားမဝင် ထုတ်ယူနေတာတွေကို ထိထိရောက်ရောက် တားဆီးနိုင်မယ် ”ဟု ပြည်နယ်သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်သိမ်းရေးဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ (၃၀)ရက်နေ့တွင် ပြောသည်။

ကယားပြည်နယ်အတွင်း အဓိကအားဖြင့် သစ်မှောင်ခိုများနှင့် ခဲသတ္တု တရားမဝင်တူးဖော်ခြင်းများ အများစုဖြစ်ကြောင်း သိရသည်။

“ဒီအစိုးရသစ်လက်ထက်မှာ သစ်တွေခဏခဏ မိတယ်။ ဒါက တိုးတက်မှုတစ်ခုပေါ့။ အလုပ်လုပ်တယ်ပေါ့။ ကျွန်တော်ပြောချင်တာက ဖမ်းမယ်ဆို တိတိကျကျ အကုန်ဖမ်း။ ဥပဒေနဲ့ အညီပေါ့။ အခုဆို ကုန်နပြေီလေ။ သစ်တွေဆိုလည်း ကုန်ပြီ။ ခုကထိန်းသိမ်းဖို့လည်းသင့်နပြေီ လူတွေကတော့ သိပ်အရေးမထားကြဘူး။ ပြောပြလည်းဖမ်းမှာ မဟုတ်ပါဘူး။ တချို့ကလည်း ငါပြောလိုက်ရင် ဘယ်သူဘာလာလုပ်မလဲဆိုပြီး ကြောက်ကြတယ်။ ဒါပေမဲ့ တကယ်လုပ်ရင် ကျွန်တော်တို့ပြည်သူက ပူးပေါင်းမှာပါ ”ဟု ဒေသခံ ကိုညိုကြီးက ပြောသည်။

ပြည်နယ်တွင်း သယံဇာတများ တရားမဝင်ထုတ်ယူမှုကို တားဆီးနိုင်ရန်အတွက် သစ်တောဦးစီးဌာန၏ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ရပ်ကျေး အုပ်ချုပ်ရေးမှူးများထံ ဖြန့်ဝေထားပြီး တရားမဝင်ထုတ်ယူရာတွင် အများဆုံး အသုံးပြုသည့် လမ်းကြောင်းများဖြစ်သည့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ်များတွင် ပူးပေါင်းစစ်ဆေးရေးဂိတ်များကို အသစ်ပြန်လည်ဖွဲ့စည်းကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~