ကယားျပည္နယ္ အစိုးရအဖြဲ႕က အာႏိုး လွမိုး Facebook အေကာင့္ပိုင္ရွင္အား ၆၆ (ဃ)ျဖင့္ အမႈဖြင့္ထား

ကယားျပည္နယ္ အစိုးရအဖြဲ႕က အာႏိုး လွမိုး Facebook အေကာင့္ပိုင္ရွင္အား ၆၆ (ဃ)ျဖင့္ အမႈဖြင့္ထား
မေ 26, 2017
By Tachileik News Agency

ကယားျပည္နယ္အစိုးရအဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ားအား ျပည္သူမ်ား အယံုအႀကည္ ပ်က္ေစရန္ ေရးသားသည္ဟု ဆိုကာ အာႏိုး လွမိုး အမည္ျဖင့္ facebook အေကာင့္ပိုင္ရွင္အား ကယားျပည္နယ္ အစိုးရအဖြဲ႔ ရံုး ညႊန္ၾကားေရးမွဴး ဦးအံ့ေမာ္က လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆ (ဃ)ျဖင့္ အမႈဖြင့္ထားသျဖင့္ အေကာင့္ပိုင္ရွင္အား စံုစမ္းေနေၾကာင္း သိရသည္။

အာႏိုး လွမိုးဟု အမည္ေပးထားေသာ facebook အေကာင့္တြင္ ေရးသားထားမႈမ်ားသည္ ကယားျပည္နယ္ အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ားအၾကား စိတ္ဝမ္းကြဲေစႏိုင္ၿပီး စည္းလံုးညီညႊတ္မႈ ပ်က္ျပားေစႏိုင္ျခင္း၊ ျပည္နယ္အစိုးရ၏ ေဆာင္ရြက္ခ်က္မ်ား အေပၚ ျပည္သူမ်ားမွ အယံုအၾကည္ ကင္းမဲ့ေစႏိုင္ျခင္းတို႔ေၾကာင့္ အေရးယူေပးပါရန္ဟုဆိုကာ ေမလ (၁၂) ရက္ေန႔တြင္ တုိင္ၾကားလာျခင္း ျဖစ္ေၾကာင္း သိရသည္။

"ဟုတ္ပါတယ္ ကၽြန္ေတာ္တို႔ ၆၆ (ဃ) နဲ႔ အမႈဖြင့္ထားပါတယ္။ အေကာင့္ပိုင္႐ွင္က ဘယ္သူလဲဆိုတာရယ္ ဆက္ၿပီး စုံစမ္းစစ္ေဆးစရာ႐ွိတာေတြ ဆက္ၿပီးလုပ္ေနပါတယ္"ဟု ကယားျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးေမာင္ေမာင္စန္းက ေျပာသည္။

အဆိုပါ အေကာင့္ပိုင္ရွင္မွာ မိမိစာမ်က္ႏွာေပၚတြင္ ျပည္နယ္ ဝန္ႀကီးမ်ား၊ ျပည္နယ္လႊတ္ေတာ္အမတ္မ်ားအား ၎တို႔၏ လုပ္ေဆာင္ခ်က္မ်ားအား ေဝဖန္သည့္ အျပင္ ကိုယ္ေရးကိုယ္တာ မ်ားကိုလည္း ထည့္သြင္းေရးသားခဲ့သျဖင့္ ယင္းကဲ့သို႔ တရားစြဲဆိုျခင္းျဖစ္ၿပီး အေကာင့္ပိုင္ရွင္ကို မသိရေသးေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များအား ပြည်သူများ အယုံအကြည် ပျက်စေရန် ရေးသားသည်ဟု ဆိုကာ အာနိုး လှမိုး အမည်ဖြင့် facebook အကောင့်ပိုင်ရှင်အား ကယားပြည်နယ် အစိုးရအဖွဲ့ ရုံး ညွှန်ကြားရေးမှူး ဦးအံ့မော်က လွိုင်ကော်မြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ထားသဖြင့် အကောင့်ပိုင်ရှင်အား စုံစမ်းနေကြောင်း သိရသည်။

အာနိုး လှမိုးဟု အမည်ပေးထားသော facebook အကောင့်တွင် ရေးသားထားမှုများသည် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအကြား စိတ်ဝမ်းကွဲစေနိုင်ပြီး စည်းလုံးညီညွှတ်မှု ပျက်ပြားစေနိုင်ခြင်း၊ ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များ အပေါ် ပြည်သူများမှ အယုံအကြည် ကင်းမဲ့စေနိုင်ခြင်းတို့ကြောင့် အရေးယူပေးပါရန်ဟုဆိုကာ မေလ (၁၂) ရက်နေ့တွင် တိုင်ကြားလာခြင်း ဖြစ်ကြောင်း သိရသည်။

"ဟုတ်ပါတယ် ကျွန်တော်တို့ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားပါတယ်။ အကောင့်ပိုင်ရှင်က ဘယ်သူလဲဆိုတာရယ် ဆက်ပြီး စုံစမ်းစစ်ဆေးစရာရှိတာတွေ ဆက်ပြီးလုပ်နေပါတယ်"ဟု ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်စန်းက ပြောသည်။

အဆိုပါ အကောင့်ပိုင်ရှင်မှာ မိမိစာမျက်နှာပေါ်တွင် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်အမတ်များအား၎င်းတို့၏ လုပ်ဆောင်ချက်များအား ဝေဖန်သည့် အပြင် ကိုယ်ရေးကိုယ်တာ များကိုလည်း ထည့်သွင်းရေးသားခဲ့သဖြင့် ယင်းကဲ့သို့ တရားစွဲဆိုခြင်းဖြစ်ပြီး အကောင့်ပိုင်ရှင်ကို မသိရသေးကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~