တာခ်ီလိတ္တြင္ အလုပ္မွ ျပန္လာသည့္ အမ်ဳိးသမီး ႏွစ္ဦး ပိုက္ဆံအိတ္လုခံရ

တာခ်ီလိတ္တြင္ အလုပ္မွ ျပန္လာသည့္ အမ်ဳိးသမီး ႏွစ္ဦး ပိုက္ဆံအိတ္လုခံရ
မေ 19, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားေဂါက္ကြင္းသြားလမ္း ျပည္သူ႔ေဆးရံုလမ္းၾကားတြင္ အလုပ္မွ ျပန္လာသူ အမ်ဳိးသမီး ႏွစ္ဦး အိမ္အျပန္ ည(၁၁း၄၅)နာရီ၀န္းက်င္အခ်ိန္၌ ပိုက္ဆံအိတ္လုယက္မႈ ျဖစ္ပြားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေမလ(၁၈)ရက္ေန႔ ည(၁၁း၄၅)နာရီ၀န္းက်င္အခ်ိန္တြင္ ဆံပင္အေရာင္ဆိုးထားေသာ လူငယ္ ႏွစ္ဦးမွ ရီဂ်ီးနားေဂါက္ကြင္းသြားလမ္းအေကြ႕၊ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံု ႏွင့္ အသားကင္ဆိုင္ လမ္းၾကားအေရာက္တြင္ ေဘးစလြယ္သိုင္းသ႑ာန္လြယ္ထားေသာ အိတ္အား ဆြဲလုရာမွ အိတ္မွာ ျပဳတ္က်သြားၿပီး အဆိုပါ အမ်ဳိးသမီး ႏွစ္ဦးမွ ေၾကာက္လန္႔၍ ေအာ္လိုက္ေသာေၾကာင့္ လုယက္သူ လူငယ္ႏွစ္ဦးက အိတ္အားမယူသြားဘဲ ထြက္ေျပးသြားၿပီး တစ္ေနရာတြင္ ေစာင့္ၾကည့္ေနေၾကာင္း သိရသည္။

"ေဆးရံုလမ္းၾကားေရာက္ေတာ့ ကြ်န္မတို႔နား ကပ္လာၿပီး အိတ္ကို အတင္းဆြဲလုတယ္၊ ကြ်န္မတို႔လည္း ေၾကာက္လန္႔ၿပီး ေအာ္လိုက္ေတာ့ သူတို႔လည္း ဆက္မလုပ္ေတာ့ဘဲ ထြက္ေျပးသြားေပမယ့္ လမ္းထိပ္မွာ ကြ်န္မတို႔ကို ေစာင့္ၾကည့္ေနတယ္"ဟု လုယက္ခံရသည့္ အမည္မေဖာ္လိုသူ ဆယ္ေက်ာ္သက္ အမ်ဳိးသမီးတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုသို႔ ျပဳမႈသူ လူတစ္စုမွာ လူႀကီးအရြယ္မ်ားမဟုတ္ဘဲ၊ လူငယ္မ်ားသာ ျဖစ္ေၾကာင္း ႏွင့္ ၎တို႔သည္ ဆံပင္အေရာင္ဆိုးထားသူမ်ား ျဖစ္ေၾကာင္း ၎က ဆိုသည္။

"သူတို႔က လူႀကီးအရြယ္ေတြမဟုတ္ဘူး၊ လူငယ္ေတြပဲ၊ ဆံပင္မွာလည္း အေရာင္ဆိုးထားတယ္။ ေနာက္ၿပီး သူတို႔က (၄)(၅)ေယာက္ေလာက္ရွိလိမ့္မယ္၊ ဟိုဖက္ နဲ႔ ဒီဖက္ ထိပ္ေတြမွာ ဆိုင္ကယ္ရပ္ၿပီး ေစာင့္ၾကည့္ ေနသလိုပဲ၊ ကြ်န္မတို႔လည္း ဒီလမ္းက ျပန္တာ ၃ရက္ေျမာက္ေန႔ပဲ။ ဒီေန႔မွျဖစ္တယ္၊"ဟု အဆိုပါ အမ်ဳိးသမီးက ေျပာျပသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ယခုေနာက္ပိုင္း၌ လူငယ္မ်ားအုပ္စုဖြဲ႕၍ လုယက္မႈမ်ား ႏွင့္ ကားဘထၳရီခိုးယူမႈမ်ားအထိ ရွိေနေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာ ပိုက္ဆံအိတ္ လုယက္မႈ ျဖစ္လိုက္တာနဲ႔ လူငယ္ေတြ အုပ္စုလိုက္က မ်ားတယ္။ ရဲတပ္ဖြဲ႔က လွည့္ကင္းလွည့္ေပမယ့္လည္း မသမာသူေတြက လွည့္ကင္းကို ေရွာင္ၿပီး လုပ္ၾကမွာပဲဆိုေတာ့ ညဖက္ ဟိုတယ္က အလုပ္ျပန္လာသူပဲ ျဖစ္ျဖစ္၊ လူျပတ္လပ္တဲ့ေနရာေတြပဲ ျဖစ္ျဖစ္ သြားမယ္ဆို တစ္ေယာက္တည္း သြားလာလို႔ မသင့္ေတာ့ဘူး။ ဒုစရိုက္မႈေတြမ်ားလာေတာ့ မလံုၿခံဳေတာ့ဘူး၊ ဘာဘဲျဖစ္ျဖစ္ သတိထားသြားလာဖို႔ လိုေနပါၿပီ"ဟု ဆန္ဆိုင္း(ခ)ရပ္ကြက္ေန ေဒၚနန္းလူက ေျပာသည္။

တာခ်ီလိတ္တြင္ လုယက္မႈမ်ားအျပင္ လူမႈေရးအသင္းအဖြဲ႔မ်ား၏ ကားဘထၳရီမ်ား ႏွင့္ အျခားယာဥ္မ်ား၏ ကားဘက္ထရီမ်ားကိုလည္း ရက္ပိုင္းအတြင္း ခိုးခံရမႈမ်ားလာေၾကာင္းလည္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ရီဂျီးနားဂေါက်ကွင်းသွားလမ်း ပြည်သူ့ဆေးရုံလမ်းကြားတွင် အလုပ်မှ ပြန်လာသူ အမျိုးသမီး နှစ်ဦး အိမ်အပြန် ည(၁၁း၄၅)နာရီဝန်းကျင်အချိန်၌ ပိုက်ဆံအိတ်လုယက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ(၁၈)ရက်နေ့ ည(၁၁း၄၅)နာရီဝန်းကျင်အချိန်တွင် ဆံပင်အရောင်ဆိုးထားသော လူငယ် နှစ်ဦးမှ ရီဂျီးနားဂေါက်ကွင်းသွားလမ်းအကွေ့၊ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံ နှင့် အသားကင်ဆိုင် လမ်းကြားအရောက်တွင် ဘေးစလွယ်သိုင်းသဏ္ဍာန်လွယ်ထားသော အိတ်အား ဆွဲလုရာမှ အိတ်မှာ ပြုတ်ကျသွားပြီး အဆိုပါ အမျိုးသမီး နှစ်ဦးမှ ကြောက်လန့်၍ အော်လိုက်သောကြောင့် လုယက်သူ လူငယ်နှစ်ဦးက အိတ်အားမယူသွားဘဲ ထွက်ပြေးသွားပြီး တစ်နေရာတွင် စောင့်ကြည့်နေကြောင်း သိရသည်။

"ဆေးရုံလမ်းကြားရောက်တော့ ကျွန်မတို့နား ကပ်လာပြီး အိတ်ကို အတင်းဆွဲလုတယ်၊ ကျွန်မတို့လည်း ကြောက်လန့်ပြီး အော်လိုက်တော့ သူတို့လည်း ဆက်မလုပ်တော့ဘဲ ထွက်ပြေးသွားပေမယ့် လမ်းထိပ်မှာ ကျွန်မတို့ကို စောင့်ကြည့်နေတယ်"ဟု လုယက်ခံရသည့် အမည်မဖော်လိုသူ ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုသို့ ပြုမှုသူ လူတစ်စုမှာ လူကြီးအရွယ်များမဟုတ်ဘဲ၊ လူငယ်များသာ ဖြစ်ကြောင်း နှင့်၎င်းတို့သည် ဆံပင်အရောင်ဆိုးထားသူများ ဖြစ်ကြောင်း၎င်းက ဆိုသည်။

"သူတို့က လူကြီးအရွယ်တွေမဟုတ်ဘူး၊ လူငယ်တွေပဲ၊ ဆံပင်မှာလည်း အရောင်ဆိုးထားတယ်။ နောက်ပြီး သူတို့က (၄)(၅)ယောက်လောက်ရှိလိမ့်မယ်၊ ဟိုဖက် နဲ့ ဒီဖက် ထိပ်တွေမှာ ဆိုင်ကယ်ရပ်ပြီး စောင့်ကြည့် နေသလိုပဲ၊ ကျွန်မတို့လည်း ဒီလမ်းက ပြန်တာ ၃ရက်မြောက်နေ့ပဲ။ ဒီနေ့မှဖြစ်တယ်၊"ဟု အဆိုပါ အမျိုးသမီးက ပြောပြသည်။

တာချီလိတ်မြို့တွင် ယခုနောက်ပိုင်း၌ လူငယ်များအုပ်စုဖွဲ့၍ လုယက်မှုများ နှင့် ကားဘထ္ထရီခိုးယူမှုများအထိ ရှိနေကြောင်း သိရသည်။

"တာချီလိတ်မှာ ပိုက်ဆံအိတ် လုယက်မှု ဖြစ်လိုက်တာနဲ့ လူငယ်တွေ အုပ်စုလိုက်က များတယ်။ ရဲတပ်ဖွဲ့က လှည့်ကင်းလှည့်ပေမယ့်လည်း မသမာသူတွေက လှည့်ကင်းကို ရှောင်ပြီး လုပ်ကြမှာပဲဆိုတော့ ညဖက် ဟိုတယ်က အလုပ်ပြန်လာသူပဲ ဖြစ်ဖြစ်၊ လူပြတ်လပ်တဲ့နေရာတွေပဲ ဖြစ်ဖြစ် သွားမယ်ဆို တစ်ယောက်တည်း သွားလာလို့ မသင့်တော့ဘူး။ ဒုစရိုက်မှုတွေများလာတော့ မလုံခြုံတော့ဘူး၊ ဘာဘဲဖြစ်ဖြစ် သတိထားသွားလာဖို့ လိုနေပါပြီ"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်နေ ဒေါ်နန်းလူက ပြောသည်။

တာချီလိတ်တွင် လုယက်မှုများအပြင် လူမှုရေးအသင်းအဖွဲ့များ၏ ကားဘထ္ထရီများ နှင့် အခြားယာဉ်များ၏ ကားဘက်ထရီများကိုလည်း ရက်ပိုင်းအတွင်း ခိုးခံရမှုများလာကြောင်းလည်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~