အျပည္ျပည္ဆိုင္ရာ သူနာျပဳမ်ားေန႔ႏွင့္ သားဖြားဆရာမမ်ားေန႔ အခမ္းအနား တာခ်ီလိတ္တြင္ ပထမအႀကိမ္ က်င္းပ

အျပည္ျပည္ဆိုင္ရာ သူနာျပဳမ်ားေန႔ႏွင့္ သားဖြားဆရာမမ်ားေန႔ အခမ္းအနား တာခ်ီလိတ္တြင္ ပထမအႀကိမ္ က်င္းပ
မေ 16, 2017
By Tachileik News Agency

 ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ျမန္မာႏိုင္ငံသူနာျပဳႏွင့္ သားဖြားအသင္းမွ ႀကီးမွဴး၍ အျပည္ျပည္ဆိုင္ရာ သူနာျပဳမ်ားေန႔ ႏွင့္ သားဖြားဆရာမမ်ားေန႔ အခမ္းအနားကို ပထမဆုံးအႀကိမ္အျဖစ္ တာခ်ီလိတ္ၿမိဳ႕ေအာင္ျမတ္ခန္းမတြင္  ေမလ(၁၆)ရက္ေန႔ နံနက္ပိုင္းက က်င္းပေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ တာခ်ီလိတ္ခရိုင္ ကုသေရးဦးစီးဌာနမွဴး ေဆးရုံအုပ္ႀကီး ေဒါက္တာ ဇင္ကိုကိုေအာင္က အဖြင့္အမွာစကားေျပာၾကားၿပီး အျပည္ျပည္ဆိုင္ရာသူနာျပဳမ်ားေန႔ႏွင့္ သားဖြားဆရာမမ်ားေန႔ သဝဏ္လႊာကို ရွမ္းျပည္နယ္အေရွ႕ ပိုင္း သူနာျပဳႏွင့္သားဖြားအသင္း ဥကၠဌ ေဒၚသက္ႏြယ္ဦးက ဖတ္ၾကားသည္။

“အခု အျပည္ျပည္ဆိုင္ရာ သူနာျပဳမ်ားေန႔ နဲ႔ သားဖြားဆရာမမ်ားေန႔ အခမ္းအနားကို တာခ်ီလိတ္မွာ က်င္းပတာက ပထမဆုံးအႀကိမ္ျဖစ္တယ္။ အရင္ႏွစ္ေတြကေတာ့ က်ိဳင္းတုံမွာ က်င္းပခဲ့ပါတယ္”ဟု တာခ်ီလိတ္ခရိုင္ ကုသေရးဦးစီဌာနမွဴး ေဆးရုံအုပ္ႀကီး ေဒါက္တာဇင္ကိုကိုေအာင္က ေျပာသည္။

အခမ္းအနားတြင္ ထူးခၽြန္ အေျခခံက်န္းမာဝန္ထမ္းသူနာျပဳႏွင့္သားဖြားမ်ားကို ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ခ်ီးျမႇင့္ျခင္း၊ (၁၀)ႀကိမ္ႏွင့္အထက္ ေသြးအလွဴရွင္ (၂၄)ဦးအား ဂုဏ္ျပဳမွတ္တမ္းေပးအပ္ျခင္း ၊ အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းေပးအပ္ျခင္း၊ (၆၅) ႏွစ္ႏွင့္အထက္သူနာျပဳႏွင့္ သားဖြားသက္ႀကီး(၁၀) ဦးအား ကန္ေတာ့ျခင္းမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

ယင္းေနာက္ ျမန္မာႏိုင္ငံသူနာျပဳႏွင့္ သားဖြားအသင္း ႏွစ္ပတ္လည္ အစည္းအေ၀း တက္ေရာက္ျခင္း အေတြ႕အၾကံဳကို ရွင္းလင္းျခင္း၊ သူနာျပဳလုပ္ငန္းဆုိင္ရာမ်ား ေဆြးေႏြးျခင္းကို လုပ္ေဆာင္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ




~~~~~~~~⊰❂ unicode ~~~~~~~~

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်းမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ နှင့် သားဖွားဆရာမများနေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် တာချီလိတ်မြို့အောင်မြတ်ခန်းမတွင် မေလ(၁၆)ရက်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင် ကုသရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ကိုကိုအောင်က အဖွင့်အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့နှင့် သားဖွားဆရာမများနေ့ သဝဏ်လွှာကို ရှမ်းပြည်နယ်အရှေ့ ပိုင်း သူနာပြုနှင့်သားဖွားအသင်း ဥက္ကဌ ဒေါ်သက်နွယ်ဦးက ဖတ်ကြားသည်။

“အခု အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ နဲ့ သားဖွားဆရာမများနေ့ အခမ်းအနားကို တာချီလိတ်မှာ ကျင်းပတာက ပထမဆုံးအကြိမ်ဖြစ်တယ်။ အရင်နှစ်တွေကတော့ ကျိုင်းတုံမှာ ကျင်းပခဲ့ပါတယ်”ဟု တာချီလိတ်ခရိုင် ကုသရေးဦးစီဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က ပြောသည်။

အခမ်းအနားတွင် ထူးချွန် အခြေခံကျန်းမာဝန်ထမ်းသူနာပြုနှင့်သားဖွားများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်း၊ (၁၀)ကြိမ်နှင့်အထက် သွေးအလှူရှင် (၂၄)ဦးအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ (၆၅) နှစ်နှင့်အထက်သူနာပြုနှင့် သားဖွားသက်ကြီး(၁၀) ဦးအား ကန်တော့ခြင်းများလည်း ပါဝင်ကြောင်း သိရသည်။

ယင်းနောက် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း နှစ်ပတ်လည် အစည်းအေဝး တက်ရောက်ခြင်း အတွေ့အကြုံကို ရှင်းလင်းခြင်း၊ သူနာပြုလုပ်ငန်းဆိုင်ရာများ ဆွေးနွေးခြင်းကို လုပ်ဆောင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~