တာခ်ီလိတ္တြင္ တုိက္ခန္းပထမထပ္မွ ခုန္ခ်၍ အမည္မသိ အမ်ိဳးသားတစ္ဦးေသဆံုး

တာခ်ီလိတ္တြင္ တုိက္ခန္းပထမထပ္မွ ခုန္ခ်၍ အမည္မသိ အမ်ိဳးသားတစ္ဦးေသဆံုး
မေ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္တြင္ ေမလ (၁၈)ရက္ေန႔ နံနက္ (၈)နာရီခြဲခန္႔က တိုက္ခန္းပထမထပ္မွ ခုန္ခ်သည့္ အမ်ိဳးသားတစ္ဦး ၿခံစည္းရိုးနံရံျဖင့္ရိုက္မိကာ ေသဆံုးသြားေၾကာင္း သိရသည္။

ဝိန္းေက်ာက္ရပ္ကြက္တြင္ တုိက္ခန္းေပၚမွ အမ်ိဳးသားတစ္ဦး ခုန္ခ်ေသဆံုးေနေၾကာင္း ရဲတပ္ဖြဲ႕သို႔ သတင္းေပးပို႔လာသျဖင့္ သြားေရာက္စစ္ေဆးရာ ေနအိ္မ္တစ္ခု၏ ပထမထပ္တြင္ ေအာ္ဟစ္ ဆူညံေနသံ ၾကားသျဖင့္ တိုက္ခန္းလံုၿခံဳေရးျဖစ္သူ ေမာင္ေအာင္ေက်ာ္ဇံက သြားေရာက္ၾကည့္ရႈရာ ပထမထပ္ အခန္းတစ္ခုတြင္ အမ်ိဳးသားတစ္ဦးက အရက္ေသာက္စားမူးယစ္ကာ ေအာ္ဟစ္ေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။

ယင္းေနာက္ အဆိုပါ အမ်ိဳးသားက ပထမထပ္ရိွ အျခားအခန္းတစ္ခုအား တံခါးဖ်က္ဝင္ေရာက္ၿပီး ယင္းမွတစ္ဆင့္ အခန္း၏ ေနကာေပၚမွေျပးလႊားေနသျဖင့္ ျပဳတ္က်မည္ဟု ေအာ္ဟစ္ သတိေပး ေနေသာ္လည္း ေနကာမွ တစ္ဆင့္ တစ္ဖက္ၿခံသို႔ ခုန္ခ်စဥ္ ၿခံစည္းရိုးအုတ္ခံုနွင့္ ဦးေခါင္းရိုက္မိကာ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

လတ္တေလာတြင္ ေသဆံုးသူ၏ အမည္အား အတည္ျပဳႏုိင္ရန္ စံုစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး ဓမၼတာအတိုင္း ေသဆံုးျခင္းဟုတ္/မဟုတ္ စစ္ေဆးမႈလုပ္ေဆာင္ရန္ အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ တာခ်ီလိတ္ေဆးရံုႀကီးသို႔ ပို႔ထားေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၂၀/၁၇)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် မေလ (၁၈)ရက်နေ့ နံနက် (၈)နာရီခွဲခန့်က တိုက်ခန်းပထမထပ်မှ ခုန်ချသည့် အမျိုးသားတစ်ဦး ခြံစည်းရိုးနံရံဖြင့်ရိုက်မိကာ သေဆုံးသွားကြောင်း သိရသည်။

ဝိန်းကျောက်ရပ်ကွက်တွင် တိုက်ခန်းပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးနေကြောင်း ရဲတပ်ဖွဲ့သို့ သတင်းပေးပို့လာသဖြင့် သွားရောက်စစ်ဆေးရာ နေအိ်မ်တစ်ခု၏ ပထမထပ်တွင် အော်ဟစ် ဆူညံနေသံ ကြားသဖြင့် တိုက်ခန်းလုံခြုံရေးဖြစ်သူ မောင်အောင်ကျော်ဇံက သွားရောက်ကြည့်ရှုရာ ပထမထပ် အခန်းတစ်ခုတွင် အမျိုးသားတစ်ဦးက အရက်သောက်စားမူးယစ်ကာ အော်ဟစ်နေသည်ကို တွေ့ရကြောင်း သိရသည်။

ယင်းနောက် အဆိုပါ အမျိုးသားက ပထမထပ်ရှိ အခြားအခန်းတစ်ခုအား တံခါးဖျက်ဝင်ရောက်ပြီး ယင်းမှတစ်ဆင့် အခန်း၏ နေကာပေါ်မှပြေးလွှားနေသဖြင့် ပြုတ်ကျမည်ဟု အော်ဟစ် သတိပေး နေသော်လည်း နေကာမှ တစ်ဆင့် တစ်ဖက်ခြံသို့ ခုန်ချစဉ် ခြံစည်းရိုးအုတ်ခုံနှင့် ဦးခေါင်းရိုက်မိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လတ်တလောတွင် သေဆုံးသူ၏ အမည်အား အတည်ပြုနိုင်ရန် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးမှုလုပ်ဆောင်ရန် အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ဆေးရုံကြီးသို့ ပို့ထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၂၀/၁၇)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~