ျမန္မာ - ထိုင္း နယ္စပ္ေခ်ာင္းေပၚ ထိုင္းဘက္တြင္ စိတ္မႏွံ႔သူ ျမန္မာႏိုင္ငံသား တစ္ဦးေသဆံုးေန

ျမန္မာ - ထိုင္း နယ္စပ္ေခ်ာင္းေပၚ ထိုင္းဘက္တြင္ စိတ္မႏွံ႔သူ ျမန္မာႏိုင္ငံသား တစ္ဦးေသဆံုးေန
မေ 9, 2017
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ - မယ္ဆိုင္ အၾကားရွိ မယ္ဆိုင္ေခ်ာင္း၏ ထိုင္းဘက္အျခမ္း ေရထဲတြင္ စိတ္မႏွံ႔သူ ျမန္မာႏိုင္ငံသား အမ်ဳိးသားတစ္ဦး ေသဆံုးေနသည့္အတြက္ ျမန္မာ - ထိုင္း
လူမႈေရးအသင္း အဖြဲ႔တို႔မွ ေမလ(၉)ရက္ေန႔ နံနက္(၁၁)နာရီ၀န္းက်င္က ဆယ္ယူကာ မယ္ဆိုင္တြင္ အေလာင္းအား ထားရွိ ထားေၾကာင္း သိရသည္။

ေသဆံုးေနသူမွာ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္တြင္ ေနထိုင္သူ ျဖစ္ၿပီး အသက္(၃၅)ႏွစ္၀န္းက်င္ရွိ စိတ္မႏွံ႔သူျဖစ္ေၾကာင္း ႏွင့္ ၎၏ အမည္မွာ အားစူျဖစ္ေၾကာင္း
တာခ်ီလိတ္နာေရး ကူညီမႈအသင္းမွ သိရသည္။

"အေလာင္းက ေရထဲမွာ ေမွာက္ေနေတာ့ မသိေသးဘူး။ ဆယ္ၿပီးတဲ့အခ်ိန္မွာ မ်က္ႏွာၾကည့္လိုက္ေတာ့ ကြ်န္ေတာ္တို႔ ရပ္ကြက္ထဲက ျဖစ္ေနတယ္။ နာမည္က အားစူလို႔ ေခၚတယ္၊ သူက စိတ္မႏွံ႔ဘူး၊ ရပ္ကြက္ထဲမွာ ပတ္သြားေနတာ။"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးေနသည့္ အေလာင္းမွာ နယ္စပ္ေခ်ာင္း၏ ထိုင္းဘက္အျခမ္းတြင္ ျဖစ္ေန၍ ထိုင္းဘက္မွ တာ၀န္ရွိသူမ်ားက လာေရာက္ စစ္ေဆးခဲ့ၾကၿပီး မယ္ဆိုင္ရွိ ထိုင္းလူမႈ ကယ္ဆယ္ေရးအဖြဲ႔ႏွင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းတို႔မွ ပူးေပါင္းကာ ဆယ္ယူခဲ့ကာ အေလာင္းအား မယ္ဆိုင္တြင္ (၅)ရက္ထားရွိေပးထားမွာ ျဖစ္ေၾကာင္း ႏွင့္ ေသဆံုးသူ မိသားစုမွ မေရာက္ရွိလာပါက ၎တို႔၏ အစီအစဥ္ျဖင့္ သၿဂဳႋဟ္ ေပးသြားမွာ ျဖစ္ေၾကာင္း သိရသည္။

"ထိုင္းဘက္ကေတာ့ ေျပာလာတာက ေသဆံုးသူရဲ႕ မိသားစုေတြ လာေရာက္ဆက္သြယ္ႏိုင္ရန္အတြက္ မယ္ဆိုင္မွာ (၅)ရက္ ထားေပးထားမယ္ေျပာတယ္။ မိသားစုေတြက မဆက္သြယ္လာဘူးဆိုရင္ေတာ့ သၿဂဳႋဟ္ေပးသြားမယ္လို႔ ေျပာလာပါတယ္"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ေျပာသည္။

ေသဆံုးသူႏွင့္ ပတ္သက္၍ ေသဆံုးရျခင္းမွာ မည္သည့္အေၾကာင္းအရာေၾကာင့္ ေသဆံုးျခင္းကို မသိရွိရေသးေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း
ဓာတ္ပံု - ေဇာင္းညီ ၊ တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင် အကြားရှိ မယ်ဆိုင်ချောင်း၏ ထိုင်းဘက်အခြမ်း ရေထဲတွင် စိတ်မနှံ့သူ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးနေသည့်အတွက် မြန်မာ - ထိုင်း
လူမှုရေးအသင်း အဖွဲ့တို့မှ မေလ(၉)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က ဆယ်ယူကာ မယ်ဆိုင်တွင် အလောင်းအား ထားရှိ ထားကြောင်း သိရသည်။

သေဆုံးနေသူမှာ တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူ ဖြစ်ပြီး အသက်(၃၅)နှစ်ဝန်းကျင်ရှိ စိတ်မနှံ့သူဖြစ်ကြောင်း နှင့်၎င်း၏ အမည်မှာ အားစူဖြစ်ကြောင်း
တာချီလိတ်နာရေး ကူညီမှုအသင်းမှ သိရသည်။

"အလောင်းက ရေထဲမှာ မှောက်နေတော့ မသိသေးဘူး။ ဆယ်ပြီးတဲ့အချိန်မှာ မျက်နှာကြည့်လိုက်တော့ ကျွန်တော်တို့ ရပ်ကွက်ထဲက ဖြစ်နေတယ်။ နာမည်က အားစူလို့ ခေါ်တယ်၊ သူက စိတ်မနှံ့ဘူး၊ ရပ်ကွက်ထဲမှာ ပတ်သွားနေတာ။"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးနေသည့် အလောင်းမှာ နယ်စပ်ချောင်း၏ ထိုင်းဘက်အခြမ်းတွင် ဖြစ်နေ၍ ထိုင်းဘက်မှ တာဝန်ရှိသူများက လာရောက် စစ်ဆေးခဲ့ကြပြီး မယ်ဆိုင်ရှိ ထိုင်းလူမှု ကယ်ဆယ်ရေးအဖွဲ့နှင့် တာချီလိတ်နာရေးကူညီမှုအသင်းတို့မှ ပူးပေါင်းကာ ဆယ်ယူခဲ့ကာ အလောင်းအား မယ်ဆိုင်တွင် (၅)ရက်ထားရှိပေးထားမှာ ဖြစ်ကြောင်း နှင့် သေဆုံးသူ မိသားစုမှ မရောက်ရှိလာပါက၎င်းတို့၏ အစီအစဉ်ဖြင့် သင်္ဂြိုဟ် ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

"ထိုင်းဘက်ကတော့ ပြောလာတာက သေဆုံးသူရဲ့ မိသားစုတွေ လာရောက်ဆက်သွယ်နိုင်ရန်အတွက် မယ်ဆိုင်မှာ (၅)ရက် ထားပေးထားမယ်ပြောတယ်။ မိသားစုတွေက မဆက်သွယ်လာဘူးဆိုရင်တော့ သင်္ဂြိုဟ်ပေးသွားမယ်လို့ ပြောလာပါတယ်"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။

သေဆုံးသူနှင့် ပတ်သက်၍ သေဆုံးရခြင်းမှာ မည်သည့်အကြောင်းအရာကြောင့် သေဆုံးခြင်းကို မသိရှိရသေးကြောင်း သိရသည်။

သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဇောင်းညီ၊ တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~