ေရႊအားမာန္ဇာတ္အဖြဲ႔သား (၃၃)ဦး တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္

ေရႊအားမာန္ဇာတ္အဖြဲ႔သား (၃၃)ဦး တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္
မေ 9, 2017
By Tachileik News Agency

ေရႊအားမာန္ဇာတ္အဖြဲ႔သားမ်ား လိုက္ပါလာသည့္ ယာဥ္တစ္စီးသည္ ေခ်ာက္ၿမိဳ႕ အမွတ္(၁၅)ရပ္ကြက္၊တိုးခ်ဲ႕ရပ္ ေခ်ာက္ - မေကြး ကားလမ္းရွိ မိုင္တိုင္အမွတ္ ၄၀၆/၁ ႏွင့္ ၄၀၆/၂ အၾကားတြင္ တိမ္းေမွာက္မႈ ျဖစ္ပြားရာ ဇာတ္အဖြဲ႔၀င္ (၃၃)ဦး ဒဏ္ရာရရွိသြားၿပီး (၆)ဦးမွာ စိုးရိမ္ရေၾကာင္း သိရသည္။

ေရႊအားမာန္ဇာတ္အဖြဲ႔ လိုက္ပါလာၿပီး ေညာင္ဦးၿမိဳ႕နယ္ စဥ့္ကူေက်းရြာေန ဦးျမင္႔ဦး ေမာင္းႏွင္လာေသာ ဟီးႏိုး (၆)ဘီးေမာ္ေတာ္ယာဥ္သည္ ေမလ(၈)ရက္ေန႔ ည(၇)နာရီ၀န္းက်င္အခ်ိန္က ေခ်ာက္ ၿမိဳ႕တြင္း ဘက္မွ ေဂြးခ်ိဳေက်းရြာဘက္သို႔ ထြက္ခြာလာစဥ္ အရိွန္မထိန္းႏိုင္ျဖစ္ကာ တိမ္းေမွာက္မႈျဖစ္ပြား၍ ယာဥ္ေပၚလိုက္ပါလာသူ ဇာတ္အဖဲြ႔ဝင္ (၃၃)ဦး ထိခိုက္ဒဏ္ရာ အသီးသီးရရိွျခင္း ျဖစ္ေၾကာင္း သိရသည္။

“ယာဥ္တိမ္းေမွာက္မႈ ျဖစ္ပြားရာေနရာကို ေခ်ာက္ၿမိဳ႕နယ္မီးသတ္တပ္ဖဲြ႔၊မေနာျဖဴအဖဲြ႔၊ ဥတၱရလူငယ္ လူမႈကူညီေရးအဖဲြ႔နဲ႔ ေခ်ာက္ၿမိဳ႕မရဲစခန္းက ရဲတပ္ဖဲြ႔ဝင္ေတြ ေရာက္ရွိၿပီး ကူညီကယ္ဆယ္ေရးေတြ ေဆာင္ရြက္ေပးၾကၿပီး ဒဏ္ရာရရိွသူေတြကို ေခ်ာက္ ေဆးရံုကို ပို႔ေဆာင္ေပးပါတယ္။ အဲဒီထဲက (၁၂)ဦးကိုေတာ႔ မေကြးတိုင္းေဆးရံုႀကီးကို ပို႔ေဆာင္ေပး လိုက္ရပါတယ္”ဟု ေခ်ာက္ၿမိဳ႕ခံတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဒဏ္ရာရရိွသူမ်ားအနက္မွ ေမာင္ထြန္းေဇာ္ႏိုင္၊ ဦးသိန္းစိုး၊ ဦးပြင္႔လင္း၊ ဦးရဲေလး၊ ဦးကာစင္ႏွင္႔ မတင္ဇာဦးတို႔မွာ စိုးရိမ္ရသည့္ အေျခအေနတြင္ ရိွေနေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင္႔ ယာဥ္မဆင္မျခင္ ေမာင္းနွင္ေသာ ဦးျမင့္ဦးအား ေခ်ာက္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁၈/၂၀၁၇၊ရာဇသတ္ႀကီးပုဒ္မ ၃၃၇/၃၃၈ ျဖင့္ အမႈ႕ဖြင့္အေရးယူ ေဆာင္ရြက္ထား ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု- ကိုလင္း(ေခ်ာက္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရွှေအားမာန်ဇာတ်အဖွဲ့သားများ လိုက်ပါလာသည့် ယာဉ်တစ်စီးသည် ချောက်မြို့ အမှတ်(၁၅)ရပ်ကွက်၊တိုးချဲ့ရပ် ချောက် - မကွေး ကားလမ်းရှိ မိုင်တိုင်အမှတ် ၄၀၆/၁ နှင့် ၄၀၆/၂ အကြားတွင် တိမ်းမှောက်မှု ဖြစ်ပွားရာ ဇာတ်အဖွဲ့ဝင် (၃၃)ဦး ဒဏ်ရာရရှိသွားပြီး (၆)ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

ရွှေအားမာန်ဇာတ်အဖွဲ့ လိုက်ပါလာပြီး ညောင်ဦးမြို့နယ် စဉ့်ကူကျေးရွာနေ ဦးမြင့်ဦး မောင်းနှင်လာသော ဟီးနိုး (၆)ဘီးမော်တော်ယာဉ်သည် မေလ(၈)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က ချောက် မြို့တွင်း ဘက်မှ ဂွေးချိုကျေးရွာဘက်သို့ ထွက်ခွာလာစဉ် အရှိန်မထိန်းနိုင်ဖြစ်ကာ တိမ်းမှောက်မှုဖြစ်ပွား၍ ယာဉ်ပေါ်လိုက်ပါလာသူ ဇာတ်အဖွဲ့ဝင် (၃၃)ဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခြင်း ဖြစ်ကြောင်း သိရသည်။

“ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာနေရာကို ချောက်မြို့နယ်မီးသတ်တပ်ဖွဲ့၊မနောဖြူအဖွဲ့၊ ဥတ္တရလူငယ် လူမှုကူညီရေးအဖွဲ့နဲ့ ချောက်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိပြီး ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးကြပြီး ဒဏ်ရာရရှိသူတွေကို ချောက် ဆေးရုံကို ပို့ဆောင်ပေးပါတယ်။ အဲဒီထဲက (၁၂)ဦးကိုတော့ မကွေးတိုင်းဆေးရုံကြီးကို ပို့ဆောင်ပေး လိုက်ရပါတယ်”ဟု ချောက်မြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒဏ်ရာရရှိသူများအနက်မှ မောင်ထွန်းဇော်နိုင်၊ ဦးသိန်းစိုး၊ ဦးပွင့်လင်း၊ ဦးရဲလေး၊ ဦးကာစင်နှင့် မတင်ဇာဦးတို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သော ဦးမြင့်ဦးအား ချောက်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁၈/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှု့ဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ- ကိုလင်း(ချောက်)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~