တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ အသင်းဖွဲ့စည်းခြင်း (၁၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကျင်းပမည်

တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ အသင်းဖွဲ့စည်းခြင်း (၁၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကျင်းပမည်
မေ 1, 2017
By Tachileik News Agency





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် အသင်းအဖွဲ့စည်းခြင်း (၁၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တာချီလိတ်မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာ၊ ဆရာမ စုစုပေါင်း (၃)ဦး ပါဝင်မည့် စာပေဟောပြောပွဲကို တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌် မေလ(၁၈)ရက်နေ့ ည(၇)နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မြို့နယ် စာရေးဆရာအသင်း အဖွဲ့စည်းခြင်း (၁၈)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ စာပေဟောပြောပွဲ ကျင်းပတာပါ။ မည်သူမဆို လာရောက်ပြီး အခမဲ့ ကြည့်ရှု နားဆင်နိုင်ပါတယ်"ဟု တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးထိန်မင်းက ပြောသည်။

တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ သီရိမင်္ဂလာ ဘုန်းကြီးကျောင်း အနောက်ဘက်တွင် နေ့သစ်ရည်ညွှန်း စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~