တာခ်ီလိတ္စည္ပင္ မွ ဆန္ဆိုင္း(ခ) ရပ္ကြက္အတြင္း လမ္းေဘး အခိုင္အမာ ျပဳလုပ္ထားသည့္ ေစ်းဆိုင္တဲမ်ားအား ရွင္းလင္း ဖယ္ရွားေပးရန္

တာခ်ီလိတ္စည္ပင္ မွ ဆန္ဆိုင္း(ခ) ရပ္ကြက္အတြင္း လမ္းေဘး အခိုင္အမာ ျပဳလုပ္ထားသည့္ ေစ်းဆိုင္တဲမ်ားအား ရွင္းလင္း ဖယ္ရွားေပးရန္
မေ 25, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(ခ)ရပ္ကြက္အတြင္း လမ္းေဘး၀ဲ/ယာတြင္ အခိုင္အမာ ျပဳလုပ္ကာ ေဆာက္လုပ္ထားသည့္ လမ္းေဘး က်ဴးေက်ာ္ဆိုင္မ်ားအား ဖယ္ရွားရွင္းလင္းရန္အတြက္ ေျမျပင္ကြင္းဆင္းစစ္ေဆးမႈႏွင့္အတူ ကနဦး အသိေပးမႈအေနျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႔ ႏွင့္ ပူးေပါင္းအဖြဲ႔မွ ေမလ(၂၅)ရက္ေန႔ နံနက္(၁၀)နာရီ၀န္းက်င္က ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

"အခုေလာေလာဆယ္က မဖယ္ရွားေသးပါဘူး၊ ေျမျပင္ကြင္းဆင္းစစ္ေဆးၿပီးေတာ့ သူတို႔ကို အသိေပးတာျဖစ္ပါတယ္။ ဆန္ဆိုင္း(ခ)ရပ္ကြက္ထဲက လမ္းေဘး ၀ဲ/ယာေတြမွာ အခိုင္အမာ လုပ္ထားတဲ့ ေစ်းဆိုင္ေတြကို ေမလ(၂၉)ရက္ေန႔ ေနာက္ဆံုးထားၿပီး ဖယ္ရွားေပးဖို႔ ေျပာထားပါတယ္။ အခိုင္အမာ မျပဳလုပ္ပဲ ေရြ႕လ်ားလို႔ရတဲ့ လက္တြန္းလွည္းစနစ္နဲ႔ေတာ့ ေရာင္းခ်ခြင့္ရွိမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

ေမလ(၂၉)ရက္ေန႔ေနာက္ဆံုးထားကာ ဖ်က္ေပးရန္သတိေပးထားၿပီး သတ္မွတ္ရက္ထက္ ေက်ာ္လြန္သြားပါက စည္ပင္သာယာေရးႏွင့္ ပူးေပါင္းအဖြဲ႔မွ ရွင္းလင္းဖယ္ရွားသြားမွာ ျဖစ္ေၾကာင္းႏွင့္ ယင္းကဲ့သို႔ ရွင္းလင္းဖယ္ရွားမႈမ်ားကို ၀မ္ေကာင္းရပ္ကြက္ ႏွင့္ မကာဟိုခမ္းရပ္ကြက္တို႔တြင္လည္း ေဆာင္ရြက္ခဲ့ၿပီးျဖစ္သည့္အျပင္ ဆက္လက္၍လည္း ၿမိဳ႕တြင္းရပ္ကြက္မွ ေလယာဥ္ကြင္းအနီးရွိ ရပ္ကြက္မ်ားအထိ အလွည့္က် တရားဥပေဒႏွင့္အညီ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ သိရသည္။

ဓာတ္ပံု - တာခ်ီလိတ္စည္ပင္


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း လမ်းဘေးဝဲ/ယာတွင် အခိုင်အမာ ပြုလုပ်ကာ ဆောက်လုပ်ထားသည့် လမ်းဘေး ကျူးကျော်ဆိုင်များအား ဖယ်ရှားရှင်းလင်းရန်အတွက် မြပြေင်ကွင်းဆင်းစစ်ဆေးမှုနှင့်အတူ ကနဦး အသိပေးမှုအနဖြေင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်းအဖွဲ့မှ မေလ(၂၅)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

"အခုလောလောဆယ်က မဖယ်ရှားသေးပါဘူး၊ မြပြေင်ကွင်းဆင်းစစ်ဆေးပြီးတော့ သူတို့ကို အသိပေးတာဖြစ်ပါတယ်။ ဆန်ဆိုင်း(ခ)ရပ်ကွက်ထဲက လမ်းဘေး ဝဲ/ယာတွေမှာ အခိုင်အမာ လုပ်ထားတဲ့ ဈေးဆိုင်တွေကို မေလ(၂၉)ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ပြောထားပါတယ်။ အခိုင်အမာ မပြုလုပ်ပဲ ရွေ့လျားလို့ရတဲ့ လက်တွန်းလှည်းစနစ်နဲ့တော့ ရောင်းချခွင့်ရှိမှာပါ"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မေလ(၂၉)ရက်နေ့နောက်ဆုံးထားကာ ဖျက်ပေးရန်သတိပေးထားပြီး သတ်မှတ်ရက်ထက် ကျော်လွန်သွားပါက စည်ပင်သာယာရေးနှင့် ပူးပေါင်းအဖွဲ့မှ ရှင်းလင်းဖယ်ရှားသွားမှာ ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ရှင်းလင်းဖယ်ရှားမှုများကို ဝမ်ကောင်းရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက်တို့တွင်လည်း ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် ဆက်လက်၍လည်း မြို့တွင်းရပ်ကွက်မှ လေယာဉ်ကွင်းအနီးရှိ ရပ်ကွက်များအထိ အလှည့်ကျ တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

ဓာတ်ပုံ - တာချီလိတ်စည်ပင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~