တာချီလိတ်မြို့ ၀န်ထမ်းကုန်းကျောင်းတိုက်ဆရာတော်၏ တစ်နှစ်ပြည့် အန္တိမဈာပန အထိမ်းအမှတ် ပဋ္ဌာန်းပွဲ နှင့် တရားပွဲ အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲအဖြစ် ရွှေမန်းသဘင်နှင့် အဆိုတော် မနော လာရောက်ဖျော်ဖြေမည်

တာချီလိတ်မြို့ ၀န်ထမ်းကုန်းကျောင်းတိုက်ဆရာတော်၏ တစ်နှစ်ပြည့် အန္တိမဈာပန အထိမ်းအမှတ် ပဋ္ဌာန်းပွဲ နှင့် တရားပွဲ အတွက် ရန်ပုံငွေ ဖျော်ဖြေပွဲအဖြစ် ရွှေမန်းသဘင်နှင့် အဆိုတော် မနော လာရောက်ဖျော်ဖြေမည်
မေ 1, 2017
By Tachileik News Agency

တာချီလိတ်မြို့ တောင်တန်းသာသနာပြုဗဟို(၀န်ထမ်းကုန်း)ကျောင်းတိုက်ဆရာတော်၏ အန္တိမဈာပန တစ်နှစ်ပြည့် အထိမ်းအမှတ် ပဋ္ဌာန်းပွဲ နှင့် တရားပွဲ ကျင်းပပြုလုပ်ရန်အတွက် ရန်ပုံငွေပွဲအဖြစ် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ရွှေဝေလျှံ၏ ရွှေမန်းသဘင် နှင့် ဖျော်ဖြေပွဲကို မေလ(၂)ရက်နေ့မှ မေလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်းနှင့် ကြိုတင်လက်မှတ်များကို ရှမ်းရိုးမကွင်းရှေ့တွင် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ ပွဲအား မေလ(၂)ရက်နေ့မှ မေလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်ရမှာ ဖြစ်ရာ ရွှေဝေလျှံ၏ ရွှေမန်းသဘင်မှ စည်သူဗိုလ်၊ သူရဗိုလ်၊ ရာဇာဗိုလ် ဗိုလ်(၃)ဗိုလ် ပါဝင်မှာဖြစ်ပြီး ဇာတ်မင်းသား ချစ်ဆန်း၊ ခိုင်ခန့်ကို၊ ရုပ်ရှင်မင်းသမီး မိုးပြည့်ပြည့်မောင် ၊လူရွှင်တော် ၀မ်းတူး၊ မော်ဒလယ် မှုံနံ့သာသွယ်၊ အပြင် အဆိုတော် မနောတို့ မှ ပါဝင် ဖျော်ဖြေသွားမှာ ဖြစ်ကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ တောင်တန်းသာသနာပြုဗဟို(ဝန်ထမ်းကုန်း)ကျောင်းတိုက်ဆရာတော်၏ အန္တိမဈာပန တစ်နှစ်ပြည့် အထိမ်းအမှတ် ပဋ္ဌာန်းပွဲ နှင့် တရားပွဲ ကျင်းပပြုလုပ်ရန်အတွက် ရန်ပုံငွေပွဲအဖြစ် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ရွှေဝလျှံ၏ ရွှေမန်းသဘင် နှင့် ဖျော်ဖြေပွဲကို မေလ(၂)ရက်နေ့မှ မေလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်းနှင့် ကြိုတင်လက်မှတ်များကို ရှမ်းရိုးမကွင်းရှေ့တွင် ရောင်းချပေးနပြေီဖြစ်ကြောင်း သိရသည်။

"ဆရာတော်ကြီးအတွက် တစ်နှစ်ပြည့် ပဋ္ဌာန်းပွဲ နဲ့ တရားပွဲ ကျင်းပပြုလုပ်ရန်အတွက် အကူအညီ တောင်းလာတဲ့အတွက် ကျွန်တော်တို့က ကူညီပေးတာပါ၊ ဒီပွဲကနေ ရရှိလာမဲ့ အကျိုးအမြတ် အားလုံးကို ကျောင်းတိုက်အတွက်ပဲ ဖြစ်ပါတယ်။"ဟု တာချီလိတ်မြို့နယ် မြန်မာနိုင်ငံ သဘင်ပညာရှင်များအစည်းအရုံး ဥက္ကဌ ဦးခင်မောင်မြင့်က ပြောသည်။

အဆိုပါ ပွဲအား မေလ(၂)ရက်နေ့မှ မေလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်ရမှာ ဖြစ်ရာ ရွှေဝလျှံ၏ ရွှေမန်းသဘင်မှ စည်သူဗိုလ်၊ သူရဗိုလ်၊ ရာဇာဗိုလ် ဗိုလ်(၃)ဗိုလ် ပါဝင်မှာဖြစ်ပြီး ဇာတ်မင်းသား ချစ်ဆန်း၊ ခိုင်ခန့်ကို၊ ရုပ်ရှင်မင်းသမီး မိုးပြည့်ပြည့်မောင်၊လူရွှင်တော် ဝမ်းတူး၊ မော်ဒလယ် မှုံနံ့သာသွယ်၊ အပြင် အဆိုတော် မနောတို့ မှ ပါဝင် ဖျော်ဖြေသွားမှာ ဖြစ်ကြောင်း သိရသည်။

"ပွဲကြည့်ပရိသတ်များအတွက် ရုံဝင်ကြေးအနေနဲ့ မေလ(၂)ရက်နေ့ကနေ မေလ(၄)ရက်နေ့အထိက ဘတ်(၁၀၀) နဲ့ ဘတ်(၂၀၀) လက်မှတ်တွေရှိပါတယ်။ မေလ(၅)ရက်နေ့နဲ့ မေလ(၆)ရက်နေ့ က အဆိုတော် မနော ဖျော်ဖြေမှာ ဖြစ်တဲ့အတွက် ရုံဝင်ကြေး လက်မှတ်ခက တစ်ယောက်ကို ဘတ်(၁၀၀)၊ ဘတ်(၂၀၀) နဲ့ ဘတ်(၃၀၀)ဆိုပြီးတော့ သတ်မှတ်ပြီး အခုကတည်းက လိုက်ရောင်းနေတာတွေ ရှိသလို ရှမ်းရိုးမကွင်းရှေ့မှာလည်း ရောင်းချပေးနေပါတယ်"ဟု တာချီလိတ်မြို့နယ် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ဦးခင်မောင်မြင့်က ပြောသည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ တောင်တန်းသာသနာပြုဗဟို (ဝန်ထမ်းကုန်း)ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေဝတသည် ၂၀၁၆ခုနှစ် မေလ(၆)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်က ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်း ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~