ေရပူစစ္ေဆးေရးအဖြဲ႔၏ နားခ်ိန္ကို ေစာင့္ၾကည့္ ျဖတ္သန္းသြားသည့္ တရားမ၀င္သစ္မ်ား မန္ၿပိန္းရြာအနီးတြင္ ဖမ္းဆီးခံရ

ေရပူစစ္ေဆးေရးအဖြဲ႔၏ နားခ်ိန္ကို ေစာင့္ၾကည့္ ျဖတ္သန္းသြားသည့္ တရားမ၀င္သစ္မ်ား မန္ၿပိန္းရြာအနီးတြင္ ဖမ္းဆီးခံရ
မေ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္အတြင္းရွိ ေရပူစစ္ေဆးေရးဂိတ္မွ စစ္ေဆးေရးအဖြဲ႔မ်ား လုပ္ငန္း ရပ္နားခ်ိန္တြင္ အခ်ိန္ကိုက္ ျဖတ္သန္းသြားခဲ့သည့္ ပိေတာက္သစ္ စုစုေပါင္း(၁၅)တန္ ဝန္းက်င္ တင္ေဆာင္လာေသာ (၁၂)ဘီးကား(၂)စီးအား ကြတ္ခိုင္ၿမိဳ႕နယ္ မန္ၿပိန္းေက်းရြာအနီးတြင္ ေမလ(၅)ရက္ နံနက္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

"ေမလ (၄)ရက္ေန႔ ညေနပိုင္းမွာ အဲ့ဒီ သစ္ တင္လာတဲ့ကား(၂)စီးတက္လာၿပီ ဆိုတာကို လွမ္းၿပီး သတင္းေပးတဲ့သူ ရွိလို႔ ကြ်န္ေတာ္တို႔ အဲဒီေန႔ ညေနပိုင္းကေန ဒီမနက္ (၄)နာရီအထိ စစ္ေဆးေရး လုပ္ငန္းေတြကို မနားတမ္းလုပ္ၿပီး ရွာေဖြေနတာခင္ဗ်၊ ဒါေပမယ့္ မနက္(၄)နာရီမွာ အဖြဲ႔ေတြ အရမ္း ပင္ပန္းေနတဲ့ အတြက္ ေခတၱရပ္နားလိုက္တဲ့ အခ်ိန္မွာ အဲ့ဒီကားေတြက ဂိတ္ကို ျဖတ္သြားတာပါ၊ ကြ်န္ေတာ္တို႔ စစ္ေဆးေရး လုပ္ငန္းေတြကို ေစာင့္ၾကည့္ၿပီး သတင္းေပးၿပီး ျဖတ္သန္းလို႔ ရေအာင္ ေဆာင္ရြက္ေနတဲ့သူေတြ ရွိေနေသးတယ္လို႔ ယူဆရတယ္။ ကား (၂) စီးလံုးကိုေတာ့ ကြတ္ခိုင္ၿမိဳ႕နယ္ မန္ၿပိန္းေက်းရြာ မေရာက္ခင္မွာ ဖမ္းဆီးႏိုင္ခဲ့ပါတယ္"ဟု ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္မွ စစ္ေဆးေရးအဖြဲ႔ ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

၎သစ္တင္ကား(၂)စီးမွာ အခ်ိန္ကိုက္ျဖတ္သန္းသြားႏိုင္ေသာ္လည္း စစ္ေဆးေရးအဖြဲ႔သို႔ ဖုန္းဆက္ အသိေပး အေၾကာင္းၾကားလာသူ ရွိသည့္အတြက္ ေမလ(၅)ရက္ နံနက္(၆)နာရီ(၄၅)ခန္႔တြင္ ျပည္ေထာင္စု လမ္းမႀကီး မိုင္တိုင္အမွတ္( ၂၁၉/၄) အနီး၌ လိုက္လံ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး၊ ကား(၂)စီးေပါင္း တင္ေဆာင္ လာသည့္ ပိေတာက္သစ္မ်ားမွာ ခန္႔မွွန္းေျခ(၁၅)တန္ ဝန္းက်င္ခန္႔ရွိမည္ျဖစ္ေၾကာင္း သိရသည္။

"ေမလ(၃)ရက္ေန႔က မိထားတဲ့ သစ္တင္ကား(၄)စီးမွာပါတဲ့ သစ္ေတြကို တိုင္းတာ စစ္ေဆးဖို႔ လုပ္ေဆာင္ေနတဲ့ လုပ္ငန္းေတြ မၿပီးျပတ္ေသးတဲ့အတြက္ ဒီေန႔ မိတဲ့ သစ္ေတြကိုေတာ့ မတိုင္းတာ ရေသးပါဘူး၊ တစ္စီးက(၇)တန္၊ တစ္စီးက (၈)တန္ဆိုေတာ့ ႏွစ္စီးေပါင္း (၁၅)တန္ေလာက္ေတာ့ ရွိမယ္၊ ကားႏွစ္စီးကေတာ့ ကားအေရာင္ ကားနံပါတ္ကအစ သတင္းလည္း အတိအက် ရထားတာျဖစ္တယ္၊ ၿပီးေတာ့ သစ္ေတြကလည္း အရည္အေသြးေကာင္းတဲ့ ပိေတာက္သစ္ေတြ ျဖစ္ပါတယ္၊ သတင္းအတိအက် ရထားလို႔ ေစာင့္ဖမ္းေပမယ့္ စစ္ေဆးေရးလုပ္ငန္း ရပ္နားတဲ့အခ်ိန္မွာမွ အတိအက် ျဖတ္သန္း သြားတာျဖစ္ပါတယ္၊ ဒါေတြအားလံုးကိုေတာ့ သစ္ေတာဦးစီးဌာနကို အပ္ႏွံ လႊဲေျပာင္းေပးသြားမွာ ျဖစ္ပါတယ္"ဟု စစ္ေဆးေရးအဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္က ေျပာသည္။

အဆိုပါ ကား(၂)စီးမွာ ကြတ္ခိုင္ၿမိဳ႕နယ္ မန္ၿပိန္းေက်းရြာသို႔ မဝင္ခင္တြင္ သိန္းနီၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔ႏွင့္ သိန္းနီၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ေရပူစစ္ေဆးေရးအဖြဲ႔တို႔မွ ပူးေပါင္းဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည့္အတြက္ ကားေပၚပါ အမ်ဳိးသား(၂)ဦးအား သိန္းနီၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံ အပ္ႏွံထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု -  ေရပူစစ္ေဆးေရးစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်အတွင်းရှိ ရေပူစစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့များ လုပ်ငန်း ရပ်နားချိန်တွင် အချိန်ကိုက် ဖြတ်သန်းသွားခဲ့သည့် ပိတောက်သစ် စုစုပေါင်း(၁၅)တန် ဝန်းကျင် တင်ဆောင်လာသော (၁၂)ဘီးကား(၂)စီးအား ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအနီးတွင် မေလ(၅)ရက် နံနက်က ဖမ်းဆီးရမိကြောင်း သိရသည်။

"မေလ (၄)ရက်နေ့ ညနေပိုင်းမှာ အဲ့ဒီ သစ် တင်လာတဲ့ကား(၂)စီးတက်လာပြီ ဆိုတာကို လှမ်းပြီး သတင်းပေးတဲ့သူ ရှိလို့ ကျွန်တော်တို့ အဲဒီနေ့ ညနေပိုင်းကနေ ဒီမနက် (၄)နာရီအထိ စစ်ဆေးရေး လုပ်ငန်းတွေကို မနားတမ်းလုပ်ပြီး ရှာဖွေနေတာခင်ဗျ၊ ဒါပေမယ့် မနက်(၄)နာရီမှာ အဖွဲ့တွေ အရမ်း ပင်ပန်းနေတဲ့ အတွက် ခေတ္တရပ်နားလိုက်တဲ့ အချိန်မှာ အဲ့ဒီကားတွေက ဂိတ်ကို ဖြတ်သွားတာပါ၊ ကျွန်တော်တို့ စစ်ဆေးရေး လုပ်ငန်းတွေကို စောင့်ကြည့်ပြီး သတင်းပေးပြီး ဖြတ်သန်းလို့ ရအောင် ဆောင်ရွက်နေတဲ့သူတွေ ရှိနေသေးတယ်လို့ ယူဆရတယ်။ ကား (၂) စီးလုံးကိုတော့ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာ မရောက်ခင်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်"ဟု ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

၎င်းသစ်တင်ကား(၂)စီးမှာ အချိန်ကိုက်ဖြတ်သန်းသွားနိုင်သော်လည်း စစ်ဆေးရေးအဖွဲ့သို့ ဖုန်းဆက် အသိပေး အကြောင်းကြားလာသူ ရှိသည့်အတွက် မေလ(၅)ရက် နံနက်(၆)နာရီ(၄၅)ခန့်တွင် ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ်( ၂၁၉/၄) အနီး၌ လိုက်လံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ ကား(၂)စီးပေါင်း တင်ဆောင် လာသည့် ပိတောက်သစ်များမှာ ခန့်မှန်းခြေ(၁၅)တန် ဝန်းကျင်ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။

"မေလ(၃)ရက်နေ့က မိထားတဲ့ သစ်တင်ကား(၄)စီးမှာပါတဲ့ သစ်တွေကို တိုင်းတာ စစ်ဆေးဖို့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ မပြီးပြတ်သေးတဲ့အတွက် ဒီနေ့ မိတဲ့ သစ်တွေကိုတော့ မတိုင်းတာ ရသေးပါဘူး၊ တစ်စီးက(၇)တန်၊ တစ်စီးက (၈)တန်ဆိုတော့ နှစ်စီးပေါင်း (၁၅)တန်လောက်တော့ ရှိမယ်၊ ကားနှစ်စီးကတော့ ကားအရောင် ကားနံပါတ်ကအစ သတင်းလည်း အတိအကျ ရထားတာဖြစ်တယ်၊ ပြီးတော့ သစ်တွေကလည်း အရည်အသွေးကောင်းတဲ့ ပိတောက်သစ်တွေ ဖြစ်ပါတယ်၊ သတင်းအတိအကျ ရထားလို့ စောင့်ဖမ်းပေမယ့် စစ်ဆေးရေးလုပ်ငန်း ရပ်နားတဲ့အချိန်မှာမှ အတိအကျ ဖြတ်သန်း သွားတာဖြစ်ပါတယ်၊ ဒါတွေအားလုံးကိုတော့ သစ်တောဦးစီးဌာနကို အပ်နှံ လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်"ဟု စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါ ကား(၂)စီးမှာ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာသို့ မဝင်ခင်တွင် သိန်းနီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် သိန်းနီမြို့နယ်ရဲတပ်ဖွဲ့၊ ရေပူစစ်ဆေးရေးအဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည့်အတွက် ကားပေါ်ပါ အမျိုးသား(၂)ဦးအား သိန်းနီမြို့နယ်ရဲတပ်ဖွဲ့ထံ အပ်နှံထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရေပူစစ်ဆေးရေးစခန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~