ပစ္စည်းပို့ဆောင်ခွင့် လျှောက်ထားရန် သတ်မှတ်ပြီးနောက် တောင်ကြီးတွင် စာတိုက်မှ အွန်လိုင်းစနစ်ဖြင့် ပစ္စည်းပို့သူနည်းလာ
ပစ္စည်းပို့ဆောင်ခွင့် လျှောက်ထားရန် သတ်မှတ်ပြီးနောက် တောင်ကြီးတွင် စာတိုက်မှ အွန်လိုင်းစနစ်ဖြင့် ပစ္စည်းပို့သူနည်းလာ
မေ 6, 2017
By Tachileik News Agency
စာတိုက်မှ အွန်လိုင်းစနစ်ဖြင့် ပစ္စည်း ပို့ဆောင်မှုအား မြန်မာ့စာတိုက်လုပ်ငန်းက ၂၀၁၆ ခုနှစ် အစပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ တောင်ကြီးမြို့တွင် အဆိုပါ စနစ်အား လျှောက်လွှာတင်ရန် မလိုဘဲ လုပ်ကိုင်ခွင့်ပြုခဲ့ရာမှ ၂၀၁၇ခုနှစ် ဧပြီလ (၅)ရက်နေ့မှစ၍ လျှောက်လွှာစနစ်ဖြင့် သတ်မှတ်လိုက်ကြောင်း သိရသည်။
စာတိုက်မှ အွန်လိုင်းစနစ်ဖြင့် ပစ္စည်းပို့လိုသူများ အနေဖြင့် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ ၊ လုပ်ငန်းလိုင်စင် သို့မဟုတ် ကုမ္ပဏီ မှတ်ပုံတင်မိတ္တူ များဖြင့် လျှောက်လွှာပေးပို့ပြီး တရားဝင် မှတ်ပုံတင်ခြင်း၊ ဌာနနှင့် ပိုင်ရှင် (၂) ဦးသဘောတူ လုပ်ငန်း ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ့စာတိုက်နှင့် ကြေးနန်းရုံး၏ အွန်လိုင်းစနစ်ဖြင့် ပစ္စည်းပို့ဆောင်ခွင့်အတွက် လျှောက်လွှာတင်ပြီး ဌာနနှင့် စာချုပ် ချုပ်၍ လုပ်ကိုင်ရန် ဧပြီလမှစ၍ သတ်မှတ်လိုက်ပြီးနောက် ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် အွန်လိုင်းစနစ်ဖြင့် ပစ္စည်းပို့သူ တစ်ဦးသာ ရှိတော့ကြောင်း သိရသည်။
“အရင်တုန်းကတော့ တောင်ကြီးက ဒေသခံတွေပဲ အွန်လိုင်းနဲ့ စာတိုက်ကိုပို့တာ (၆) ဦးရှိပါတယ်။ အခု လျှောက်လွှာတင်မှ ပို့လို့ရတော့ မလာကြတော့ တာများတယ်။ ဒီလိုလျော့သွားတာက လုပ်ငန်းလိုင်စင်နဲ့ ကုမ္ပဏီမှတ်ပုံတင်တွေ ကန့်သတ်လိုက်တဲ့ အတွက်ကြောင့် အခက်အခဲ ဖြစ်နကြေတာပါ။ ဘာလို့လဲ ဆိုတော့ လုပ်ငန်းလိုင်စင်လုပ်တာက အခွန်ပေးဆောင်ရတော့မယ်။ အခွန်ဆောင်ဖို့အတွက်က မလုပ်ချင် ကြတော့ဘူး။ အခြားအခက်အခဲလည်း သူတို့မှာ ရှိရင်ရှိမှာပါ။ အခု လက်ရှိ ပို့နေတာက(၆)ဦးထဲက တစ်ဦးပဲ ရှိပါတော့တယ်။ အရင်ပို့နကြေသူတွေကတော့ လုပ်ငန်းလိုင်စင်အတွက်နဲ့ မလာကြတော့တာ များပါတယ်”ဟု တောင်ကြီးမြို့ မြန်မာ့စာတိုက်နှင့် ကြေးနန်းရုံးမှ လက်ထောက်မန်နေဂျာ ဦးသန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စာတိုက်မှ အွန်လိုင်းစနစ်ဖြင့် ပစ္စည်း ပို့ဆောင်မှုအား မြန်မာ့စာတိုက်လုပ်ငန်းက ၂၀၁၆ ခုနှစ် အစပိုင်းတွင် ရန်ကုန်၊ မန္တလေးနှင့် နပြေည်တော်တို့တွင် စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ တောင်ကြီးမြို့တွင် အဆိုပါ စနစ်အား လျှောက်လွှာတင်ရန် မလိုဘဲ လုပ်ကိုင်ခွင့်ပြုခဲ့ရာမှ ၂၀၁၇ခုနှစ် ဧပြီလ (၅)ရက်နေ့မှစ၍ လျှောက်လွှာစနစ်ဖြင့် သတ်မှတ်လိုက်ကြောင်း သိရသည်။
“ စာချုပ် ချုပ်တဲ့အခါမှာက ဌာနက သတ်မှတ်ထားတဲ့ စာချုပ်အတိုင်းပဲ ပို့မယ့်သူနဲ့ ကျွန်တော်တို့ဌာန နဲ့ နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုနိုင်မှ အွန်လိုင်းလွှဲတဲ့ စနစ်ရနိုင်မှာပါ။ လျှောက်လွှာတင်ပြီးရင်တော့ တောင်ကြီးကနေတော့ ဆုံးဖြတ်လို့ မရဘူး။ လျှောက်လွှာနဲ့ အချက်အလက်တွေကို နပြေည်တော်အထိပို့ ပြီးတော့မှ ဆုံးဖြတ်ချက်ရယူရပါတယ်။ အဲဒီက လုပ်ငန်း လုပ်ကိုင်ခွင့် အတည်ပြုတယ်ဆိုမှ ကျွန်တော်တို့ ဌာနကနေ ပို့ဆောင်ခွင့်ပေးတာပါ။ နပြေည်တော်ကနေပဲ လျှောက်လွှာတင်တဲ့ ကုမ္ပဏီတွေကို ကိုယ်ပိုင် password နံပါတ်တွေ တစ်ခါတည်း ပေးပို့လာပြီးသားပါ။ အရင်က လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်တဲ့ အခါကြတော့ ကုန်ဖောင်းပွတယ်။ ပြဿနာတစ်ခုခု ဖြစ်လာရင်လည်း ရှင်းရလွယ်ကူအောင် လုပ်လိုက်တာလည်း ဖြစ်ပါတယ်”ဟု လက်ထောက်မန်နေဂျာ ဦးသန်းထွန်း ကပြောသည်။
စာတိုက်မှ အွန်လိုင်းစနစ်ဖြင့် ပစ္စည်းပို့လိုသူများ အနဖြေင့် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ လုပ်ငန်းလိုင်စင် သို့မဟုတ် ကုမ္ပဏီ မှတ်ပုံတင်မိတ္တူ များဖြင့် လျှောက်လွှာပေးပို့ပြီး တရားဝင် မှတ်ပုံတင်ခြင်း၊ ဌာနနှင့် ပိုင်ရှင် (၂) ဦးသဘောတူ လုပ်ငန်း ဆောင်ရွက်ခြင်း တို့ကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~