ပက္ထ္ ျမန္မာ၏ စိုက္ပ်ိဳးစရိတ္ေခ်းမည့္ အဖြဲ႕အား ရိုက္ႏွက္လုယက္သူမ်ားကို နာရီပုိင္းအတြင္း ဖမ္းဆီးရမိ

ပက္ထ္ ျမန္မာ၏ စိုက္ပ်ိဳးစရိတ္ေခ်းမည့္ အဖြဲ႕အား ရိုက္ႏွက္လုယက္သူမ်ားကို နာရီပုိင္းအတြင္း ဖမ္းဆီးရမိ
မေ 7, 2017
By Tachileik News Agency

စိုက္ပ်ိဳးစရိတ္ေခ်းရန္ သြားေရာက္ေသာ ပက္ထ္ ျမန္မာ(Pact Myanmar) ေခ်းေငြလုပ္ငန္း အရာရိွႏွင့္ အဖဲြ႔အား ရုိက္ႏွက္၍ လုယက္မႈက်ဴးလြန္ခဲ့သူမ်ားအား မႈခင္းျဖစ္ပြားၿပီး နာရီပိုင္းအတြင္း ပူးေပါင္းရဲတပ္ဖဲြ႔က ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း ဝါးႀကီးအိုင္နယ္ေျမရဲစခန္းမွ သိရိွရသည္။

ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ေဂြးခ်ိဳေက်းရြာအုပ္စုအတြင္း စုိက္ပ်ိဳးစရိတ္မ်ား ထုတ္ေခ်းေပးရန္အတြက္ ေမလ(၅)ရက္ နံနက္ (၁၁) နာရီ (၄၅) မိနစ္အခ်ိန္ခန္႔တြင္ ပက္ထ္ျမန္မာ ေခ်းေငြလုပ္ငန္းမွ တာဝန္ရိွသူမ်ားျဖစ္သည့္ ဦး၀င္းဘုိ၊ ေဒၚေဟမာလြင္၊ ဦးေသာင္းႀကိဳင္၊ ဦးမ်ိဳးကုိကုိဦးႏွင့္ ေဒၚစုျမတ္ႏြယ္တို႔သည္ ဆိုင္ကယ္ (၃)စီးျဖင့္ ၀ါးႀကီးအုိင္ေက်းရြာမွ ေဂြးခ်ိဳေက်းရြာသုိ႔ ေမာင္းႏွင္လာစဥ္ လူ(၃)ဦး၏ ရိုက္ႏွက္လုယူမႈကို ခံလိုက္ရေၾကာင္း သိရသည္။

ေဂြးခ်ိဳအေနာက္ေက်းရြာအနီး နတ္ရြာေက်းရြာလမ္းခြဲအေရာက္တြင္ လမ္းေဘးခ်ဳံအတြင္းမွ အမ်ိဳးသား (၃) ဦး ထြက္လာကာ ဦး၀င္းဘုိ၏ ဆုိင္ကယ္ကို တားဆီး၍ သစ္သားတုတ္မ်ားျဖင့္ ဦးဝင္းဘိုကို ရုိက္ႏွက္ၿပီး ေငြႏွင္႔ပစၥည္းမ်ား လုယက္ခံလိုက္ရျခင္းျဖစ္ေၾကာင္း ဝါးႀကီးအိုင္နယ္ေျမရဲစခန္းမွဴး၏ ေျပာၾကားခ်က္အရ သိရသည္။

“D 2 ခဲေရာင္ ေက်ာပုိးအိတ္နဲ႔ထည့္ထားတဲ႔ ရံုးပုိင္ေငြ (၁၆,၂၀၀,၀၀၀)က်ပ္၊ ဦး၀င္းဘုိပုိင္ေငြ (၈၀,၀၀၀)က်ပ္၊ မေဟမာလြင္ ပုိင္ေငြ (၁၀၀,၀၀၀)က်ပ္ႏွင့္ ဟန္းဆက္ႏွစ္လံုး၊ Powerbank တစ္ခု ၊ ဘဏ္စာအုပ္ ႏွစ္အုပ္၊ ATM ေငြထုတ္ကတ္ တစ္ခုတုိ႔ကို လုယူထြက္ေျပးသြားေၾကာင္း သိရတဲ႔အတြက္ ခ်က္ခ်င္းပဲ စံုစမ္းမႈေတြလုပ္ ေဆာင္ခဲ႔ပါတယ္”ဟု စခန္းမွဴးက ေျပာသည္။

၀ါးႀကီးအုိင္နယ္ေျမရဲစခန္းမွဴးႏွင့္ တပ္ဖြဲ႕၀င္မ်ားမွ ခ်က္ခ်င္းလုိက္လံ စံုစမ္းေဖာ္ထုတ္ႏိုင္ခဲ့၍ ယင္းေန႔ မြန္းလြဲ ၂ နာရီ ဝ၅ မိနစ္အခ်ိန္ ေနျပည္ေတာ္-ၿမိဳ႕သစ္-ကံျပားလမ္း ေလးတုိင္စင္ေက်းရြာအနီး၌ ၿမိဳ႕သစ္ ၿမိဳ႕နယ္၊ ေဂြးခ်ိဳ (န)ေက်းရြာေန ၀င္းႀကိဳင္ (၃၇)ႏွစ္အား ဟြန္ဒါဖစ္ ၁၂၅ နက္ျပာေရာင္ဆုိင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ဆုိင္ကယ္တူးေဘာက္ အတြင္းမွ ေငြက်ပ္ သိန္း(၆၀)၊ Powerbank ၁ ခုတို႔ကို ေတြ႔ ရွိ သိမ္းဆည္း ရမိခဲ့ေသာ္လည္း ျပစ္မႈက်ဴးလြန္ရာတြင္ ပါ၀င္သည့္ ၎ႏွင့္တစ္ရြာတည္းေန ဘုိေဌး(၄၄) ႏွစ္ႏွင့္ သန္းေဌး (၁၇)ႏွစ္တုိ႔ ႏွစ္ဦးမွာ ထြက္ေျပး တိမ္းေရွာင္သြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ၀ါးႀကီးအုိင္နယ္ေျမရဲစခန္းမွ (ပ) ၆/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ ၃၉၄ အရ အမႈဖြင့္အေရးယူေဆာင္ရြက္ခဲ့ၿပီး ထြက္ေျပးတရားခံ ႏွစ္ဦးအား ဖမ္းဆီးရမိေရး အတြက္ ၿမိဳ႕သစ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ဦးစီးသည့္အဖြဲ႕၊ မေကြးခရုိင္ရဲတပ္ဖြဲ႕မွ အဖြဲ႕၊ တုိင္းမႈ/ကူအဖြဲ႕၊ ေညာင္ကန္နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ား၊ ၀ါးႀကီးအုိင္နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ားမွ အဖြဲ႕မ်ား ခြဲ၍ ထပ္ၾကပ္မကြာ လုိက္လံစံုစမ္း ဖမ္းဆီးႏိုင္ခဲ့သျဖင္႔ ယင္းေန႔ ညေန (၅) နာရီ (၅၅) မိနစ္အခ်ိန္တြင္ သန္းေဌး (ခ) သန္းေဌးဦးအား ေငြက်ပ္ သိန္း (၅၀) ႏွင့္လည္းေကာင္း၊ ဘုိေဌး အား ေငြက်ပ္ (၅၂) သိန္း၊ အရုိးအသြား ၁၀ လက္မခန္႔ရွိ ဓားေျမွာင္ ၂ ေခ်ာင္း၊ HUAWEI အမ်ိဳးအစား ဟန္းဆက္ႏွစ္လံုးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ဝါးႀကီးအိုင္ နယ္ေျမရဲစခန္းမွ သိရိွရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

စိုက်ပျိုးစရိတ်ချေးရန် သွားရောက်သော ပက်ထ် မြန်မာ(Pact Myanmar) ချေးငွေလုပ်ငန်း အရာရှိနှင့် အဖွဲ့အား ရိုက်နှက်၍ လုယက်မှုကျူးလွန်ခဲ့သူများအား မှုခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်း ပူးပေါင်းရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဝါးကြီးအိုင်နယ်မြေရဲစခန်းမှ သိရှိရသည်။

မြို့သစ်မြို့နယ်၊ ဂွေးချိုကျေးရွာအုပ်စုအတွင်း စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရန်အတွက် မေလ(၅)ရက် နံနက် (၁၁) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် ပက်ထ်မြန်မာ ချေးငွေလုပ်ငန်းမှ တာဝန်ရှိသူများဖြစ်သည့် ဦးဝင်းဘို၊ ဒေါ်ဟေမာလွင်၊ ဦးသောင်းကြိုင်၊ ဦးမျိုးကိုကိုဦးနှင့် ဒေါ်စုမြတ်နွယ်တို့သည် ဆိုင်ကယ် (၃)စီးဖြင့် ဝါးကြီးအိုင်ကျေးရွာမှ ဂွေးချိုကျေးရွာသို့ မောင်းနှင်လာစဉ် လူ(၃)ဦး၏ ရိုက်နှက်လုယူမှုကို ခံလိုက်ရကြောင်း သိရသည်။

ဂွေးချိုအနောက်ကျေးရွာအနီး နတ်ရွာကျေးရွာလမ်းခွဲအရောက်တွင် လမ်းဘေးချုံအတွင်းမှ အမျိုးသား (၃) ဦး ထွက်လာကာ ဦးဝင်းဘို၏ ဆိုင်ကယ်ကို တားဆီး၍ သစ်သားတုတ်များဖြင့် ဦးဝင်းဘိုကို ရိုက်နှက်ပြီး ငွေနှင့်ပစ္စည်းများ လုယက်ခံလိုက်ရခြင်းဖြစ်ကြောင်း ဝါးကြီးအိုင်နယ်မြေရဲစခန်းမှူး၏ ပြောကြားချက်အရ သိရသည်။

“D 2 ခဲရောင် ကျောပိုးအိတ်နဲ့ထည့်ထားတဲ့ ရုံးပိုင်ငွေ (၁၆,၂၀၀,ဝဝဝ)ကျပ်၊ ဦးဝင်းဘိုပိုင်ငွေ (၈၀,ဝဝဝ)ကျပ်၊ မဟေမာလွင် ပိုင်ငွေ (၁၀၀,ဝဝဝ)ကျပ်နှင့် ဟန်းဆက်နှစ်လုံး၊ Powerbank တစ်ခု၊ ဘဏ်စာအုပ် နှစ်အုပ်၊ ATM ငွေထုတ်ကတ် တစ်ခုတို့ကို လုယူထွက်ပြေးသွားကြောင်း သိရတဲ့အတွက် ချက်ချင်းပဲ စုံစမ်းမှုတွေလုပ် ဆောင်ခဲ့ပါတယ်”ဟု စခန်းမှူးက ပြောသည်။

ဝါးကြီးအိုင်နယ်မြေရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များမှ ချက်ချင်းလိုက်လံ စုံစမ်းဖော်ထုတ်နိုင်ခဲ့၍ ယင်းနေ့ မွန်းလွဲ ၂ နာရီ ဝ၅ မိနစ်အချိန် နပြေည်တော်-မြို့သစ်-ကံပြားလမ်း လေးတိုင်စင်ကျေးရွာအနီး၌ မြို့သစ် မြို့နယ်၊ ဂွေးချို (န)ကျေးရွာနေ ဝင်းကြိုင် (၃၇)နှစ်အား ဟွန်ဒါဖစ် ၁၂၅ နက်ပြာရောင်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်တူးဘောက် အတွင်းမှ ငွေကျပ် သိန်း(၆၀)၊ Powerbank ၁ ခုတို့ကို တွေ့ ရှိ သိမ်းဆည်း ရမိခဲ့သော်လည်း ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့်၎င်းနှင့်တစ်ရွာတည်းနေ ဘိုဌေး(၄၄) နှစ်နှင့် သန်းဌေး (၁၇)နှစ်တို့ နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝါးကြီးအိုင်နယ်မြေရဲစခန်းမှ (ပ) ၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ထွက်ပြေးတရားခံ နှစ်ဦးအား ဖမ်းဆီးရမိရေး အတွက် မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီးသည့်အဖွဲ့၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှ အဖွဲ့၊ တိုင်းမှု/ကူအဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဝါးကြီးအိုင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ အဖွဲ့များ ခွဲ၍ ထပ်ကြပ်မကွာ လိုက်လံစုံစမ်း ဖမ်းဆီးနိုင်ခဲ့သဖြင့် ယင်းနေ့ ညနေ (၅) နာရီ (၅၅) မိနစ်အချိန်တွင် သန်းဌေး (ခ) သန်းဌေးဦးအား ငွေကျပ် သိန်း (၅၀) နှင့်လည်းကောင်း၊ ဘိုဌေး အား ငွေကျပ် (၅၂) သိန်း၊ အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားမြှောင် ၂ ချောင်း၊ HUAWEI အမျိုးအစား ဟန်းဆက်နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဝါးကြီးအိုင် နယ်မြေရဲစခန်းမှ သိရှိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~