ရွမ္း/အေရွ႕မွ ျပည္သူ႔စစ္အဖြဲ႕မ်ားအေရး ျပန္လည္သံုးသပ္ရန္ ျပည္နယ္ဝန္ႀကီးတုိက္တြန္း

ရွမ္း/အေရွ႕မွ ျပည္သူ႔စစ္အဖြဲ႕မ်ားအေရး ျပန္လည္သံုးသပ္ရန္ ျပည္နယ္ဝန္ႀကီးတုိက္တြန္း
မေ 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ ့ပိုင္းမွ ျပည္သူ႔စစ္တပ္ဖြဲ႕မ်ား၏ ရည္ရြယ္ခ်က္အား ျပန္လည္ သံုးသပ္ၾကရန္ လိုအပ္ေနသည္ဟု က်ိဳင္းတံုၿမိဳ႕တြင္ ေမလ (၁၂)ရက္ေန႔က ဌာနဆိုင္ရာ၊လုပ္ငန္းရွင္၊ ေဒသခံမ်ားႏွင့္ ေတြ႔ဆံုပြဲ၌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံက ေျပာၾကားလိုက္သည္။

"ကၽြန္ေတာ္တို ့ က်ိဳင္းတုံရဲ ့ ေတာင္ေပၚေဒသအားလုံးမွာ လက္နက္ကိုင္ထားတဲ့ ျပည္သူ႔စစ္အဖြဲ႔အစည္းေတြ အမ်ားႀကီး ရိွေနတယ္။ ေနာက္ၿပီးေတာ့ အဲဒီလက္နက္ကို အေၾကာင္းျပဳၿပီးေတာ့ ၿခိမ္းေျခာက္မႈေတြရိွမယ္။ ၿပီးေတာ့ တရားမ၀င္တဲ့ ဥပေဒအရ ဟန္႔တားထားတဲ့ ပစၥည္းေတြကို သူတို႔က ေရာင္း၀ယ္ေနတယ္။ ဒါေတြက အမွန္အကန္ေတြပါ။ ဒါေၾကာင့္ အဲဒီ ျပည္သူ ့စစ္အဖြဲ ့ကို ဖြဲ ့စည္းရျခင္းရဲ ့ အေၾကာင္းရင္းက ဘာလဲဆိုတာ ျပန္ၿပီး သုံးသပ္ဖို ့ လိုသလို ကၽြန္ေတာ္တို ့ တိုင္းျပည္မွာ အဲဒီအဖြဲ ့အစည္းရိွဖို ့ လိုအပ္ သလားဆိုတာ ျပန္ၿပီး သုံးသပ္ဖို ့ လိုပါတယ္"ဟု ရွမ္းျပည္နယ္ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လုံက ေတြ ့ ဆုံပြဲအတြင္း ေျပာသည္။

အဆိုပါ ေတြ ့ဆုံပြဲတြင္ ေဒသတြင္း လွ်ပ္စစ္မီးရရိွႏိုင္ေရးအတြက္ လာအိုႏိုင္ငံမွ လွ်ပ္စစ္မီးဝယ္ယူျဖန္႔ျဖဴးရန္ စီစဥ္ေနသည့္ ကိစၥ၊ ေဒသတြင္းလက္နက္ကိုင္အဖြဲ႕မ်ားတင္းမာမႈေၾကာင့္ ပိတ္ထားရသည့္ က်ိဳင္းတုံ-မိုင္းလား လမ္းေၾကာင္း ျပန္လည္ဖြင့္လွစ္ႏိုင္ေရးအေျခအေနမ်ားအား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ဘတ္ဂ်က္ေရးဆြဲရာတြင္ အမွန္တကယ္လိုအပ္ေနေသာ ဘတ္ဂ်က္မ်ား ပါ၀င္လာႏိုင္ရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ ျပည္သူ ့အသံမ်ားကို နားေထာင္၍ လႊတ္ေတာ္တြင္ တင္သြင္း ေဆြးေႏြးေရးကိုလည္း ရွမ္းျပည္နယ္ ရသုံးမွန္းေျခ ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးႏိုင္ဦးက အဆိုပါ ေဆြးေႏြးပြဲတြင္ တိုက္တြန္းလိုက္သည္။

ယင္းေနာက္ ယန္းက်ိန္အုပ္စု၊ ကတ္ေတာင္အုပ္စုႏွင့္ ကတ္ဖအုပ္စုတို႔တြင္ ေႏြရာသီေရရရိွေရးအတြက္ ဆည္ေျမာင္း တာတမံတည္ေဆာက္ေပးေရး၊ ေဒသတြင္း လမ္းပန္းဆက္သြယ္ေရး၊ ၿမိဳ ့၀င္ေၾကး၊ ဘီးခြန္မ်ား ေကာက္ခံေနမႈမ်ား၊ ဆိုင္ကယ္လိုင္စင္ျပဳလုပ္ရာတြင္ ေကာက္ခံေနေသာ ဒဏ္ေၾကးမ်ား ႀကီးျမင့္ေနမႈမ်ား၊ လိုင္စင္မဲ့ ကားမ်ားႏွင့္ ပတ္သက္၍ စိစစ္ၾကပ္မတ္ေပးရန္၊ ၿမိဳ့ေရွာင္လမ္း ေဖာက္လုပ္ေပးရန္၊ လွ်ပ္စစ္မီး ရရိွေရး ကိစၥရပ္မ်ားႏွင့္ ယခု က်ိဳင္းတုံျမိဳ ့တြင္ ေဖာက္လုပ္ထားျပီး အသုံးျပဳျခင္းမရိွသည့္ မီးရထားလမ္းႏွင့္ ပတ္သက္၍ ကုန္က်ခဲ့သည္မ်ားကို ျပန္လည္ စိစစ္ေပးရန္ႏွင့္ အသုံးမျပဳေတာ့ပါက သိမ္းဆည္း လယ္ယာေျမမ်ားကို ျပည္သူမ်ားထံ ျပန္လည္အပ္ႏွံေပးရန္တို ့ကို ေဒသခံမ်ားက တင္ျပေဆြးေႏြးခဲ့ၾကျပီး သက္ဆိုင္ရာဌာနမ်ားမွ ျပန္လည္ေျဖၾကားေပးခဲ့ၾကသည္။

အဆိုပါ ေဆြးေႏြးပြဲသုိ ့ ရွမ္းျပည္နယ္ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွဲန္တစ္လုံ၊ ရွမ္းျပည္နယ္ ရသုံးမွန္းေျခ ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးႏိုင္ႏိုင္၀င္း၊ စားသံုးသူေရးရာဦးစီးဌာနမွ လက္ေထာက္ညြန္ၾကားေရးမွဴး ဦးမင္းေအာင္၊ က်ိဳင္းတုံ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနဦး၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္ႏွင့္ ျပည္နယ္၊ခရိုင္၊ျမိဳ ့နယ္ အဆင့္ ဌာနဆိုင္ရာမ်ား၊ ႏိုင္ငံေရး ပါတီမ်ားႏွင့္ ေဒသခံမ်ား တက္ေရာက္ခဲ့ၾကသည္။

သတင္း - ဇဲြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပြည်သူ့စစ်တပ်ဖွဲ့များ၏ ရည်ရွယ်ချက်အား ပြန်လည် သုံးသပ်ကြရန် လိုအပ်နေသည်ဟု ကျိုင်းတုံမြို့တွင် မေလ (၁၂)ရက်နေ့က ဌာနဆိုင်ရာ၊လုပ်ငန်းရှင်၊ ဒေသခံများနှင့် တွေ့ဆုံပွဲ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားလိုက်သည်။

"ကျွန်တော်တို့ ကျိုင်းတုံရဲ့ တောင်ပေါ်ဒေသအားလုံးမှာ လက်နက်ကိုင်ထားတဲ့ ပြည်သူ့စစ်အဖွဲ့အစည်းတွေ အများကြီး ရှိနေတယ်။ နောက်ပြီးတော့ အဲဒီလက်နက်ကို အကြောင်းပြုပြီးတော့ ခြိမ်းခြောက်မှုတွေရှိမယ်။ ပြီးတော့ တရားမဝင်တဲ့ ဥပဒေအရ ဟန့်တားထားတဲ့ ပစ္စည်းတွေကို သူတို့က ရောင်းဝယ်နေတယ်။ ဒါတွေက အမှန်အကန်တွေပါ။ ဒါကြောင့် အဲဒီ ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းရခြင်းရဲ့ အကြောင်းရင်းက ဘာလဲဆိုတာ ပြန်ပြီး သုံးသပ်ဖို့ လိုသလို ကျွန်တော်တို့ တိုင်းပြည်မှာ အဲဒီအဖွဲ့အစည်းရှိဖို့ လိုအပ် သလားဆိုတာ ပြန်ပြီး သုံးသပ်ဖို့ လိုပါတယ်"ဟု ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက တွေ့ ဆုံပွဲအတွင်း ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဒေသတွင်း လျှပ်စစ်မီးရရှိနိုင်ရေးအတွက် လာအိုနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူဖြန့်ဖြူးရန် စီစဉ်နေသည့် ကိစ္စ၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့များတင်းမာမှုကြောင့် ပိတ်ထားရသည့် ကျိုင်းတုံ-မိုင်းလား လမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘတ်ဂျက်ရေးဆွဲရာတွင် အမှန်တကယ်လိုအပ်နေသော ဘတ်ဂျက်များ ပါဝင်လာနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအနဖြေင့် ပြည်သူ့အသံများကို နားထောင်၍ လွှတ်တော်တွင် တင်သွင်း ဆွေးနွေးရေးကိုလည်း ရှမ်းပြည်နယ် ရသုံးမှန်းခြေ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက အဆိုပါ ဆွေးနွေးပွဲတွင် တိုက်တွန်းလိုက်သည်။

ယင်းနောက် ယန်းကျိန်အုပ်စု၊ ကတ်တောင်အုပ်စုနှင့် ကတ်ဖအုပ်စုတို့တွင် နွေရာသီရေရရှိရေးအတွက် ဆည်မြောင်း တာတမံတည်ဆောက်ပေးရေး၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ မြို့ဝင်ကြေး၊ ဘီးခွန်များ ကောက်ခံနေမှုများ၊ ဆိုင်ကယ်လိုင်စင်ပြုလုပ်ရာတွင် ကောက်ခံနေသော ဒဏ်ကြေးများ ကြီးမြင့်နေမှုများ၊ လိုင်စင်မဲ့ ကားများနှင့် ပတ်သက်၍ စိစစ်ကြပ်မတ်ပေးရန်၊ မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန်၊ လျှပ်စစ်မီး ရရှိရေး ကိစ္စရပ်များနှင့် ယခု ကျိုင်းတုံမြို့တွင် ဖောက်လုပ်ထားပြီး အသုံးပြုခြင်းမရှိသည့် မီးရထားလမ်းနှင့် ပတ်သက်၍ ကုန်ကျခဲ့သည်များကို ပြန်လည် စိစစ်ပေးရန်နှင့် အသုံးမပြုတော့ပါက သိမ်းဆည်း လယ်ယာမြေများကို ပြည်သူများထံ ပြန်လည်အပ်နှံပေးရန်တို့ကို ဒေသခံများက တင်ပြဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြကြေားပေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ရှမ်းပြည်နယ် ရသုံးမှန်းခြေ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်၊ ကျိုင်းတုံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့် ပြည်နယ်၊ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~