တာခ်ီလိတ္ၿမိဳ႕ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္၏ ေငြေစတီကုန္းေပၚ ကဆုန္ေညာင္ေရသြန္းပြဲသို႔ အဆင္းအတက္ ယာဥ္အႀကိဳပို႔ စီစဥ္ထားရွိ

တာခ်ီလိတ္ၿမိဳ႕ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္၏ ေငြေစတီကုန္းေပၚ ကဆုန္ေညာင္ေရသြန္းပြဲသို႔ အဆင္းအတက္ ယာဥ္အႀကိဳပို႔ စီစဥ္ထားရွိ
မေ 7, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္၏ ေငြေစတီကုန္းေတာ္ေပၚတြင္ ႏွစ္စဥ္ က်င္းပျပဳလုပ္ေလ့ရွိသည့္ ကဆုန္ေညာင္ေရ သြန္းေလာင္းလွဴပြဲသို႔ လာေရာက္သူ ေထာင္ႏွင့္ခ်ီသည့္ အတြက္ ကုန္းဆင္းကုန္းတက္မ်ားတြင္ ယာဥ္အႏၱရာယ္ကင္းေစေရး ယခုႏွစ္တြင္ ဆိုင္ကယ္မ်ားကိုသာ တက္ခြင့္ျပဳမွာျဖစ္ၿပီး အလွဴရွင္ကားမ်ားႏွင့္ ဘုရားဖူးယာဥ္မ်ားအား တက္ခြင့္ မျပဳေတာ့ဘဲ အလင္းေရာင္ပရဟိတအသင္းမွ အဆင္းအတက္ အႀကိဳအပို႔ ျပဳလုပ္ေပးသြားရန္ ယာဥ္(၁၄)စီးျဖင့္ စီစဥ္ထားရွိေၾကာင္း သိရသည္။

"ဒီႏွစ္ေတာ့ ကုန္းေပၚကို အလွဴရွင္ကားေရာ၊ ဘုရားဖူးယာဥ္ေရာ ေပးမတက္ေတာ့ဘဲ။ ဆိုင္ကယ္ေတြကိုပဲ ေပးတက္ေတာ့မွာ ျဖစ္ပါတယ္။ လူအရမ္းစည္တဲ့ အတြက္ အဆင္း၊ အတက္မွာ ယာဥ္အႏၱရာယ္လည္း ကင္းေအာင္ရယ္၊ ေနာက္ၿပီး တခ်ဳိ႕ ကားေတြက လမ္းေဘးေတြမွာ ရပ္ရပ္ထားခဲ့ေတာ့ ယာဥ္ေၾကာ ပိတ္တာေတြလည္း ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ေတာ့ ကြ်န္ေတာ့္တို႔အသင္းက ရဟန္းသံဃာႀကိဳပို႔ဖို႔ ကား(၄)စီး၊ ကုန္းေပၚကို တက္မယ့္ လူေတြအတြက္ ကား(၁၀)စီး စုစုေပါင္း (၁၄)စီး စီစဥ္ထားပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ အလင္းေရာင္ပရဟိတအသင္းမွ ဒုတိယဥကၠဌ ဦးႏိုင္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ေမလ(၁၀)ရက္ေန႔ ကဆုန္လျပည့္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္၏ ေငြေစတီကုန္းေတာ္ေပၚ၌ ကဆုန္ေညာင္ေရသြန္းေလာင္းပြဲ က်င္းပ ျပဳလုပ္သြားမည္ျဖစ္ရာ နံနက္ပိုင္းမွ စ၍ ေန႔လယ္ စုေပါင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲၿပီးသည့္ အခ်ိန္အထိ ကားအႀကိဳအပို႔ ျပဳလုပ္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

"ကုန္းေပၚကို တက္မယ့္ အလွဴရွင္ကားေတြနဲ႔ ဘုရားဖူးယာဥ္ေတြအေနနဲ႔ ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္ထဲမွာ ရပ္တန္႔ထားခဲ့လို႔ရပါတယ္။ ကြ်န္ေတာ္တို႔က ေက်ာင္းတိုက္ကေန ကုန္းေပၚကို ပို႔ေဆာင္ေပးမွာပါ။ အဆင္းလည္း ျပန္ပို႔ေပးမွာပါ။"ဟု ဟု တာခ်ီလိတ္ၿမိဳ႕ အလင္းေရာင္ပရဟိတအသင္းမွ ဒုတိယဥကၠဌ ဦးႏိုင္စိုးက  ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦးကမၼ႒ာန္ေက်ာင္းတိုက္၏ ေငြေစတီကုန္းေတာ္ေပၚ၌ ကဆုန္ေညာင္ေရသြန္းေလာင္းလွဴပြဲအား ႏွစ္စဥ္ က်င္းပလာခဲ့သည္မွာ ယခု ၂၀၁၇ခုႏွစ္တြင္ (၄၂)ႀကိမ္ေျမာက္ျဖစ္ေၾကာင္း ႏွင့္ အဆိုပါ ေန႔၏ ေန႔လယ္(၁)နာရီအခ်ိန္၌ က်င္းပျပဳလုပ္မည့္ စုေပါင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲတြင္ ရဟန္းသံဃာသီလရွင္စုစုေပါင္း (၁၆၈)ပါး ႀကြေရာက္၍ အလွဴခံေတာ္မူမွာ ျဖစ္ေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၏ ငွေစေတီကုန်းတော်ပေါ်တွင် နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိသည့် ကဆုန်ညောင်ရေ သွန်းလောင်းလှူပွဲသို့ လာရောက်သူ ထောင်နှင့်ချီသည့် အတွက် ကုန်းဆင်းကုန်းတက်များတွင် ယာဉ်အန္တရာယ်ကင်းစေရေး ယခုနှစ်တွင် ဆိုင်ကယ်များကိုသာ တက်ခွင့်ပြုမှာဖြစ်ပြီး အလှူရှင်ကားများနှင့် ဘုရားဖူးယာဉ်များအား တက်ခွင့် မပြုတော့ဘဲ အလင်းရောင်ပရဟိတအသင်းမှ အဆင်းအတက် အကြိုအပို့ ပြုလုပ်ပေးသွားရန် ယာဉ်(၁၄)စီးဖြင့် စီစဉ်ထားရှိကြောင်း သိရသည်။

"ဒီနှစ်တော့ ကုန်းပေါ်ကို အလှူရှင်ကားရော၊ ဘုရားဖူးယာဉ်ရော ပေးမတက်တော့ဘဲ။ ဆိုင်ကယ်တွေကိုပဲ ပေးတက်တော့မှာ ဖြစ်ပါတယ်။ လူအရမ်းစည်တဲ့ အတွက် အဆင်း၊ အတက်မှာ ယာဉ်အန္တရာယ်လည်း ကင်းအောင်ရယ်၊ နောက်ပြီး တချို့ ကားတွေက လမ်းဘေးတွေမှာ ရပ်ရပ်ထားခဲ့တော့ ယာဉ်ကြော ပိတ်တာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်တော့ ကျွန်တော့်တို့အသင်းက ရဟန်းသံဃာကြိုပို့ဖို့ ကား(၄)စီး၊ ကုန်းပေါ်ကို တက်မယ့် လူတွေအတွက် ကား(၁၀)စီး စုစုပေါင်း (၁၄)စီး စီစဉ်ထားပါတယ်"ဟု တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမှ ဒုတိယဥက္ကဌ ဦးနိုင်စိုးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

မေလ(၁၀)ရက်နေ့ ကဆုန်လပြည့်နေ့တွင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၏ ငွေစေတီကုန်းတော်ပေါ်၌ ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ နံနက်ပိုင်းမှ စ၍ နေ့လယ် စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြီးသည့် အချိန်အထိ ကားအကြိုအပို့ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"ကုန်းပေါ်ကို တက်မယ့် အလှူရှင်ကားတွေနဲ့ ဘုရားဖူးယာဉ်တွေအနေနဲ့ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်ထဲမှာ ရပ်တန့်ထားခဲ့လို့ရပါတယ်။ ကျွန်တော်တို့က ကျောင်းတိုက်ကနေ ကုန်းပေါ်ကို ပို့ဆောင်ပေးမှာပါ။ အဆင်းလည်း ပြန်ပို့ပေးမှာပါ။"ဟု ဟု တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမှ ဒုတိယဥက္ကဌ ဦးနိုင်စိုးက ပြောသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်ကျောင်းတိုက်၏ ငွေစေတီကုန်းတော်ပေါ်၌ ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲအား နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခု ၂၀၁၇ခုနှစ်တွင် (၄၂)ကြိမ်မြောက်ဖြစ်ကြောင်း နှင့် အဆိုပါ နေ့၏ နေ့လယ်(၁)နာရီအချိန်၌ ကျင်းပပြုလုပ်မည့် စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ရဟန်းသံဃာသီလရှင်စုစုပေါင်း (၁၆၈)ပါး ကြွရောက်၍ အလှူခံတော်မူမှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~