(၄၂)ႀကိမ္ေျမာက္အျဖစ္ ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္တြင္ ေညာင္ေရသြန္းေလာင္းလွဴပြဲ က်င္းပ ျပဳလုပ္မည္ျဖစ္ရာ စတုဒိသာ အလွဴရွင္မ်ား စာရင္းေပးသြင္းႏိုင္

(၄၂)ႀကိမ္ေျမာက္အျဖစ္ ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္တြင္ ေညာင္ေရသြန္းေလာင္းလွဴပြဲ က်င္းပ ျပဳလုပ္မည္ျဖစ္ရာ စတုဒိသာ အလွဴရွင္မ်ား စာရင္းေပးသြင္းႏိုင္
မေ 2, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္ ေငြေတာင္ဦးေျခေတာ္ရာပါဒ ေစတီရင္ျပင္ေပၚ၌ (၄၂)ႀကိမ္ေျမာက္ ကဆုန္ေညာင္ေရသြန္းပြဲအား ကဆုန္လျပည့္ ေမလ (၁၀)ရက္ေန႔တြင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္မည္ျဖစ္ရာ စတုဒိသာေကြ်းေမြး လွဴဒါန္းလိုသူမ်ား အေနျဖင့္ ေနရာစနစ္တက် ရရွိေရးအတြက္ ႀကိဳတင္စာရင္းေပးသြင္းႏိုင္ၿပီျဖစ္ေၾကာင္း သိရသည္။

ေညာင္ေရသြန္းေလာင္းလွဴပြဲ က်င္းပမည့္ ကုန္းေတာ္ေပၚသို႔ ကား/ဆိုင္ကယ္ျဖင့္ ျဖစ္ေစ၊ လမ္းေလွ်ာက္ လာၾကသူမ်ားျဖစ္ေစ အေမာေျပႏိုင္ေစရန္ ကုသိုလ္ရွင္မ်ားစြာတို႔မွ စားစရာမ်ားႏွင့္ အေအးမ်ိဳးစံုတို႔ကို လွဴဒါန္းၾကမည္ျဖစ္သည္။
"ကြ်န္ေတာ္တို႔ကေတာ့ ႏွစ္စဥ္ သူငယ္ခ်င္းေတြနဲ႔စုၿပီး သြားလွဴျဖစ္တယ္၊ ဒီႏွစ္လည္း သြားလွဴျဖစ္ဦးမယ္ဗ်"ဟု တာေလာ့ေစ်းအတြင္းမွ ေစတနာရွင္ လူငယ္တစ္ဦးက ေျပာသည္။

ေငြေတာင္ဦး ကမၼ႒ာန္းေက်ာင္းတိုက္၏ (၄၂)ႀကိမ္ေျမာက္ ေညာင္ေရသြန္းေလာင္းလွဴပြဲသို႔ ေရာက္ရွိလာမည့္ ဧည့္ပရိသတ္မ်ားအား စတုဒိသာေကြ်းေမြးလွဴဒါန္းလိုသူ ေစတနာရွင္ အလွဴရွင္မ်ားအေနျဖင့္ သတ္မွတ္ေနရာ ရရွိေရးအတြက္ တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္ ႏွင့္ ဘုရင့္ေနာင္ရင္ျပင္ေရွ႕ရွိ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္အျပင္ ေ၀ယ်ာ၀စၥအဖြဲ႔၀င္မ်ားထံတြင္လည္း စာရင္းေပးသြင္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။
အစီအစဥ္

( ၁ ) ၁၀-၅-၂၀၁၇ ဗုဒၶဟူးေန႔ ၊ နံနက္ ( ၇ )နာရီအခ်ိန္တြင္ မဟာေဗာဓိေရႊေညာင္ပင္အား ပန္း၊ ဆီမီး၊ အေမႊးနံ႕သာတို႕ျဖင့္ သြန္းေလာင္းပူေဇာ္ျခင္း။
( ၂ ) ၁၀-၅-၂၀၁၇ ဗုဒၶဟူးေန႔ ၊ နံနက္ ( ၁၀ )နာရီအခ်ိန္တြင္ ဘုရားအမွဴးရွိေသာ သံဃာေတာ္အရွင္ျမတ္တို႔အား ေန႔ဆြမ္း ဆက္ကပ္လွဴဒါန္းျခင္း။
( ၃ ) ၁၀-၅-၂၀၁၇ ဗုဒၶဟူးေန႔ ၊ မြန္းတည့္ ( ၁၂ )နာရီအခ်ိန္တြင္ ေျခေတာ္ရာဘုရား ဓမၼာ႐ံုသစ္ႀကီးတြင္ သံဃာေတာ္ အရွင္သူျမတ္တို႔ ေဟာၾကားေတာ္မူေသာ ပရိတ္တရားေတာ္၊
အႏုေမာဒနာ တရားေတာ္ျမတ္တို႔ကို အတူတကြ နာယူမွတ္သား၍ ေရစက္သြန္းခ်အမွ်ေပးေ၀ျခင္း။

( ၄ ) ၁၀-၅-၂၀၁၇ ဗုဒၶဟူးေန႔ ၊ ေန႔လယ္( ၁ )နာရီအခ်ိန္တြင္ ဘုရားအမွဴးရွိေသာ သံဃာေတာ္အရွင္သူျမတ္ ( ၁၀၈ )ပါးႏွင့္ သီလရွင္ ( ၆၀ )ပါးတို႕အား ဆြမ္းဆန္စိမ္းေလာင္းလွဴျခင္း။

ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္တြင္ ႏွစ္စဥ္က်င္းပ ျပဳလုပ္ေလ့ရွိသည့္ ကဆုန္ေညာင္ေရသြန္းေလာင္း လွဴပြဲတြင္ ေစတနာရွင္ အလွဴရွင္မ်ားမွ စတုဒိသာမ်ား ေကြ်းေမြးလွဴဒါန္းရာတြင္ အမည္စာရင္းေပးသြင္းၿပီး လွဴဒါန္းသူမ်ားရွိေၾကာင္း ႏွင့္ အမည္စာရင္း မေပးသြင္းဘဲဲ လာေရာက္လွဴဒါန္းၾကသူမ်ားလည္း မ်ားစြာရွိခဲ့ၿပီး ႏွစ္စဥ္လာေရာက္ၾကသည့္ ဧည့္ပရိသတ္မ်ားမွာ ေထာင္ခ်ီရွိခဲ့ေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက် ငွေတောင်ဦးခြေတော်ရာပါဒ စေတီရင်ပြင်ပေါ်၌ (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲအား ကဆုန်လပြည့် မေလ (၁၀)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ စတုဒိသာကျွေးမွေး လှူဒါန်းလိုသူများ အနဖြေင့် နေရာစနစ်တကျ ရရှိရေးအတွက် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။

ညောင်ရေသွန်းလောင်းလှူပွဲ ကျင်းပမည့် ကုန်းတော်ပေါ်သို့ ကား/ဆိုင်ကယ်ဖြင့် ဖြစ်စေ၊ လမ်းလျှောက် လာကြသူများဖြစ်စေ အမောပြေနိုင်စေရန် ကုသိုလ်ရှင်များစွာတို့မှ စားစရာများနှင့် အအေးမျိုးစုံတို့ကို လှူဒါန်းကြမည်ဖြစ်သည်။
"ကျွန်တော်တို့ကတော့ နှစ်စဉ် သူငယ်ချင်းတွေနဲ့စုပြီး သွားလှူဖြစ်တယ်၊ ဒီနှစ်လည်း သွားလှူဖြစ်ဦးမယ်ဗျ"ဟု တာလော့ဈေးအတွင်းမှ စေတနာရှင် လူငယ်တစ်ဦးက ပြောသည်။

ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်၏ (၄၂)ကြိမ်မြောက် ညောင်ရေသွန်းလောင်းလှူပွဲသို့ ရောက်ရှိလာမည့် ဧည့်ပရိသတ်များအား စတုဒိသာကျွေးမွေးလှူဒါန်းလိုသူ စေတနာရှင် အလှူရှင်များအနဖြေင့် သတ်မှတ်နေရာ ရရှိရေးအတွက် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် နှင့် ဘုရင့်နောင်ရင်ပြင်ရှေ့ရှိ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်အပြင်ေဝယျာဝစ္စအဖွဲ့ဝင်များထံတွင်လည်း စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
အစီအစဉ်

( ၁ ) ၁၀-၅-၂၀၁၇ ဗုဒ္ဓဟူးနေ့၊ နံနက် ( ၇ )နာရီအချိန်တွင် မဟာဗောဓိရွှေညောင်ပင်အား ပန်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် သွန်းလောင်းပူဇော်ခြင်း။
( ၂ ) ၁၀-၅-၂၀၁၇ ဗုဒ္ဓဟူးနေ့၊ နံနက် ( ၁၀ )နာရီအချိန်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း။
( ၃ ) ၁၀-၅-၂၀၁၇ ဗုဒ္ဓဟူးနေ့၊ မွန်းတည့် ( ၁၂ )နာရီအချိန်တွင် ခြေတော်ရာဘုရား ဓမ္မာရုံသစ်ကြီးတွင် သံဃာတော် အရှင်သူမြတ်တို့ ဟောကြားတော်မူသော ပရိတ်တရားတော်၊
အနုမောဒနာ တရားတော်မြတ်တို့ကို အတူတကွ နာယူမှတ်သား၍ ရေစက်သွန်းချအမျှပေးဝခြေင်း။

( ၄ ) ၁၀-၅-၂၀၁၇ ဗုဒ္ဓဟူးနေ့၊ နေ့လယ်( ၁ )နာရီအချိန်တွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် ( ၁၀၈ )ပါးနှင့် သီလရှင် ( ၆၀ )ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း။

ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ရှိသည့် ကဆုန်ညောင်ရေသွန်းလောင်း လှူပွဲတွင် စေတနာရှင် အလှူရှင်များမှ စတုဒိသာများ ကျွေးမွေးလှူဒါန်းရာတွင် အမည်စာရင်းပေးသွင်းပြီး လှူဒါန်းသူများရှိကြောင်း နှင့် အမည်စာရင်း မပေးသွင်းဘဲ လာရောက်လှူဒါန်းကြသူများလည်း များစွာရှိခဲ့ပြီး နှစ်စဉ်လာရောက်ကြသည့် ဧည့်ပရိသတ်များမှာ ထောင်ချီရှိခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~