နမၼတူတြင္ ေဟာင္းႏြမ္းဝါယာႀကိဳးမွ ေရွာ့ျဖစ္ကာ ေနအိမ္တစ္လံုးမီးေလာင္

နမၼတူတြင္ ေဟာင္းႏြမ္းဝါယာႀကိဳးမွ ေရွာ့ျဖစ္ကာ ေနအိမ္တစ္လံုးမီးေလာင္
မေ 13, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ႕ ပန္ဟိုက္ရပ္ကြက္တြင္ ေမလ (၁၂) ရက္ေန႔ ညေနပိုင္း၌ ဝါယာေရွာ့ ျဖစ္ရာမွ မီးေလာင္သျဖင့္ ေနအိမ္တစ္လံုး ဆံုးရံႈးသြားၿပီး ေနအိမ္ပိုင္ရွင္ အမ်ိဳးသားအား မီးေပါ့ဆမႈျဖင့္ အေရးယူထားေၾကာင္း နမၼတူၿမိဳ႕နယ္ရဲစခန္းမွ သိရသည္။

“ရဲစခန္းရဲ႕ ေျမာက္ဘက္(၂)မိုင္ေလာက္ အကြာက လူေနရပ္ကြက္တစ္ခုျဖစ္တဲ့ ပန္ဟိုက္ရပ္ကြက္က အိမ္အမွတ္ ( မ/ ၁၁၉) မွာ မီးေလာင္မႈျဖစ္တာပါ။ ညေန( ၅ ) နာရီ(၃၀)ဝန္းက်င္မွာ မီးစတင္ ေလာင္ကၽြမ္းခဲ့ၿပီး (၅) နာရီ(၅၅) မိနစ္ခန္႔မွာ မီးႃငွိမ္းသတ္ႏိုင္ခဲ့ပါတယ္။ မီးေလာင္မႈေၾကာင့္ လူနဲ႔ တိရစၦာန္ထိခိုက္ဒဏ္ရာ ရတာမ်ိဳး မရွိထားပါဘူး”ဟု နမၼတူၿမိဳ့နယ္ရဲစခန္းမွ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးျမေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနအိမ္အေနာက္ဘက္တြင္ ကားပစၥည္းေဟာင္းမ်ား သိမ္းဆည္းထားသည့္ စတိုခန္းမွ လ်ွပ္စစ္ ဝါယာႀကိဳး ေဆြးေျမ႕မႈမွတစ္ဆင့္ ဝါယာေရွာ့ျဖစ္ကာ မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္သည္ဟု စစ္ေဆးခ်က္မ်ားအရ ေတြ႔ရွိရေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ အလ်ား(၁၈)ေပ၊ အျမင့္(၁၈)ေပခန္႔ရွိသည့္ သြပ္မိုး၊ ျဖဳန္းႀကမ္းခင္း၊ ဝါးထရံကာေျမစိုက္ေနအိမ္ တစ္လံုး ကာလတန္ဖိုး က်ပ္ (၆)သိန္းခန္႔ ပ်က္စီးဆံုးရႈံးခဲ့ရၿပီး မီးေလာင္မႈ ျဖစ္ပြားသည့္ ေနအိမ္ပိုင္ရွင္အား မီးေပါ့ဆမႈျဖစ္စဥ္ေၾကာင့္ (ပ) (၆ / ၁၇၊ ပုဒ္မ-၂၈၅ ျဖင့္ နမၼတူၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - Mya Shwe


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ ပန်ဟိုက်ရပ်ကွက်တွင် မေလ (၁၂) ရက်နေ့ ညနေပိုင်း၌ ဝါယာရှော့ ဖြစ်ရာမှ မီးလောင်သဖြင့် နေအိမ်တစ်လုံး ဆုံးရှုံးသွားပြီး နေအိမ်ပိုင်ရှင် အမျိုးသားအား မီးပေါ့ဆမှုဖြင့် အရေးယူထားကြောင်း နမ္မတူမြို့နယ်ရဲစခန်းမှ သိရသည်။

“ရဲစခန်းရဲ့ မြောက်ဘက်(၂)မိုင်လောက် အကွာက လူနေရပ်ကွက်တစ်ခုဖြစ်တဲ့ ပန်ဟိုက်ရပ်ကွက်က အိမ်အမှတ် ( မ/ ၁၁၉) မှာ မီးလောင်မှုဖြစ်တာပါ။ ညနေ( ၅ ) နာရီ(၃၀)ဝန်းကျင်မှာ မီးစတင် လောင်ကျွမ်းခဲ့ပြီး (၅) နာရီ(၅၅) မိနစ်ခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူနဲ့ တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိထားပါဘူး”ဟု နမ္မတူမြို့နယ်ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေအိမ်အနောက်ဘက်တွင် ကားပစ္စည်းဟောင်းများ သိမ်းဆည်းထားသည့် စတိုခန်းမှ လျှပ်စစ် ဝါယာကြိုး ဆွေးမြေ့မှုမှတစ်ဆင့် ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု စစ်ဆေးချက်များအရ တွေ့ရှိရကြောင်း သိရသည်။

မီးလောင်မှုကြောင့် အလျား(၁၈)ပေ၊ အမြင့်(၁၈)ပေခန့်ရှိသည့် သွပ်မိုး၊ ဖြုန်းကြမ်းခင်း၊ ဝါးထရံကာမြေစိုက်နေအိမ် တစ်လုံး ကာလတန်ဖိုး ကျပ် (၆)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးလောင်မှု ဖြစ်ပွားသည့် နေအိမ်ပိုင်ရှင်အား မီးပေါ့ဆမှုဖြစ်စဉ်ကြောင့် (ပ) (၆ / ၁၇၊ ပုဒ်မ-၂၈၅ ဖြင့် နမ္မတူမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Mya Shwe

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~