တိုက္ပြဲေရွာင္ အမ်ိဳးသမီးတစ္ဦး မိုင္းနင္းမိ၍ ေျခက်င္းဝတ္မွျပတ္ထြက္

တိုက္ပြဲေရွာင္ အမ်ိဳးသမီးတစ္ဦး မိုင္းနင္းမိ၍ ေျခက်င္းဝတ္မွျပတ္ထြက္
မေ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမၼတူၿမိဳ႕နယ္ ပန္ဆန္႔ေက်းရြာမွ နမ့္ခြန္ရြာတြင္ တုိက္ပြဲေရွာင္ေနသည့္ အမ်ိဳးသမီး(၁)ဦး ေမလ (၈) ရက္ေန႔က ေနရပ္အျပန္လမ္း နမ့္ခြန္ႏွင့္မန္တံုၾကားတြင္ ညေန (၅)နာရီ ခြဲခန္႔က မိုင္းနင္းမိ၍ ဘယ္ဖက္ေျခေထာက္တစ္ဖက္ ေျခက်င္းဝတ္မွ ျပတ္သြားခဲ့ေၾကာင္း သိရသည္။

“တစ္ေန႔က မန္တံုနဲ႔ နမ့္ခြန္ရြာအၾကားက က်ဴပန္႔ေက်းရြာမွာ တိုက္ပြဲျဖစ္တဲ့အတြက္ သြားေရွာင္ေနၾကတာ။ တိုက္ပြဲၿပီးသြားလို႔ သူတို႔က နမ့္ခြန္ရြာကေနၿပီး မန္တံုကိုအသြား လူသြားလမ္းတစ္ေနရာမွာ မိုင္းနင္း မိၾကတာ။ သြားၾကတဲ့ အမ်ိဳးသမီး(၂)ေယာက္မွာ တစ္ေယာက္က နင္းမိၿပီး ေျခေထာက္တစ္ဖက္ ေျခက်င္းဝတ္နားကေန ျပတ္သြားတာ”ဟု နမၼတူၿမိဳ႕နယ္ အပစ္အခတ္ရပ္စဲမႈေစာင့္ၾကည့္ေရး( CCM ) မွ အဖြဲ႔ဝင္တစ္ဦးျဖစ္သည့္ မခမ္းမီးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေမလဒုတိယပတ္အတြင္း မန္တံုေက်းရြာႏွင့္ နမ့္ခြန္ေက်းရြာၾကား က်ဴပန္႔ေက်းရြာအနီးတြင္ တပ္မေတာ္ႏွင့္ TNLA တို႔ို႔ ထိေတြ႔တိုက္ပြဲျဖစ္ပြားခဲ့သည့္အတြက္ ေဒသခံအခ်ိဳ႕ ေနရပ္တိမ္းေရွာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“မေန႔ညေန( ၅) နာရီခြဲအခ်ိန္႔ေလာက္က ပန္ဆန္႔ရြာနဲ႔ နမ့္ခြန္ရြာအသြား လူသြားေတာလမ္းတစ္ေနရာမွာ အသက္ (၃၀)အရြယ္ အမ်ိဳးသမီး တစ္ဦးမိုင္းနင္းမိလို႔ ေျခေထာက္ဒဏ္ရာျပင္းထန္တဲ့အတြက္ နမၼတူေဆးရံုကို အရင္တင္ထားရတယ္။ ဒီမနက္ေတာ့ လားရိႈးေဆးရံုကိုပို႔လိုက္ၿပီလို႔ သိရပါတယ္”ဟု နမၼတူၿမိဳ႕မရဲစခန္းမွ ရဲမွဴး ျမင့္ေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် ပန်ဆန့်ကျေးရွာမှ နမ့်ခွန်ရွာတွင် တိုက်ပွဲရှောင်နေသည့် အမျိုးသမီး(၁)ဦး မေလ (၈) ရက်နေ့က နေရပ်အပြန်လမ်း နမ့်ခွန်နှင့်မန်တုံကြားတွင် ညနေ (၅)နာရီ ခွဲခန့်က မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက်တစ်ဖက် ခြေကျင်းဝတ်မှ ပြတ်သွားခဲ့ကြောင်း သိရသည်။

“တစ်နေ့က မန်တုံနဲ့ နမ့်ခွန်ရွာအကြားက ကျူပန့်ကျေးရွာမှာ တိုက်ပွဲဖြစ်တဲ့အတွက် သွားရှောင်နကြေတာ။ တိုက်ပွဲပြီးသွားလို့ သူတို့က နမ့်ခွန်ရွာကနပြေီး မန်တုံကိုအသွား လူသွားလမ်းတစ်နေရာမှာ မိုင်းနင်း မိကြတာ။ သွားကြတဲ့ အမျိုးသမီး(၂)ယောက်မှာ တစ်ယောက်က နင်းမိပြီး ခြေထောက်တစ်ဖက် ခြေကျင်းဝတ်နားကနေ ပြတ်သွားတာ”ဟု နမ္မတူမြို့နယ် အပစ်အခတ်ရပ်စဲမှုစောင့်ကြည့်ရေး( CCM ) မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် မခမ်းမီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မေလဒုတိယပတ်အတွင်း မန်တုံကျေးရွာနှင့် နမ့်ခွန်ကျေးရွာကြား ကျူပန့်ကျေးရွာအနီးတွင် တပ်မတော်နှင့် TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ဒေသခံအချို့ နေရပ်တိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ညနေ( ၅) နာရီခွဲအချိန့်လောက်က ပန်ဆန့်ရွာနဲ့ နမ့်ခွန်ရွာအသွား လူသွားတောလမ်းတစ်နေရာမှာ အသက် (၃၀)အရွယ် အမျိုးသမီး တစ်ဦးမိုင်းနင်းမိလို့ ခြေထောက်ဒဏ်ရာပြင်းထန်တဲ့အတွက် နမ္မတူဆေးရုံကို အရင်တင်ထားရတယ်။ ဒီမနက်တော့ လားရှိုးဆေးရုံကိုပို့လိုက်ပြီလို့ သိရပါတယ်”ဟု နမ္မတူမြို့မရဲစခန်းမှ ရဲမှူး မြင့်ရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~