မုိင္းေယာင္းရွိ ေရွးေဟာင္းသမိုင္းဝင္ေစတီေတာ္အား ေရႊထီးေတာ္သစ္ တင္လွဴ

မုိင္းေယာင္းရွိ ေရွးေဟာင္းသမိုင္းဝင္ေစတီေတာ္အား ေရႊထီးေတာ္သစ္ တင္လွဴ
မေ 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမဳိ႕နယ္ ဝမ္ေကာင္းေက်းရြာအုပ္စုရွိ ေရွးေဟာင္းသမိုင္းဝင္ ဓာတ္လံုစြမ္ေယာင္း (ထပ္လံု)ေစတီေတာ္ ေရႊထီးေတာ္သစ္တင္လွဴပူေဇာ္ပြဲကို ေမလ (၁၀) ရက္ေန႔  ဆုန္လျပည့္တြင္ က်င္းပရာ ဆရာေတာ္ သံဃာေတာ္မ်ား၊ ဌာနဆိုင္ရာမ်ား၊ အရပ္ဖက္ႏွင့္ စစ္ဖက္မွ အရာရိွမ်ား၊ ေဒသခံမ်ား တက္ေရာက္ ဖူးေျမာ္ႀကေၾကာင္း သိရသည္။

ထီးေတာ္တင္လွဴပြဲသို႔ မိုင္းေယာင္းၿမဳိ႕နယ္ သံဃာ့နာယက ဥကၠ႒ ၊ ဟုိခံုေက်ာင္းတုိက္ ဆရာေတာ္ မဟာသဒၶမၼေဇာတိကဓဇ ဂႏၶရသ၀ံေသာ ႀကီးမွဴးက်င္းပၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးမ်ား၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအး၊ ခရိုင္အဆင့္ႏွင့္ ၿမိဳ႕နယ္အဆင့္ အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ဌာနဆိုင္ရာမ်ား၊ ေရႊထီးေတာ္သစ္အလွဴရွင္မ်ားႏွင့္ ဘုရားဖူးသူမ်ား လာေရာက္ဖူးေျမာ္ႀကေၾကာင္း သိရသည္။

ျမတ္စြာဘုရား သက္ေတာ္ ထင္ရွားရွိစဥ္က ဆံေတာ္ေလးဆူ၊ ဘုရားပရိနိဗၺာန္စံေတာ္မူၿပီးေနာက္ ဆံေတာ္ေလးဆူ စုစုေပါင္း ဆံေတာ္ရွစ္ဆူႏွင့္ နဖူးညႇပ္ရိုးေတာ္ ဌာပနာထားသည့္ ေရွးေဟာင္းသမိုင္းဝင္ ဓာတ္လံုစြမ္ေယာင္း(ထပ္လံု)ေစတီေတာ္၏ ေရႊထီးေတာ္သစ္အား မိုင္းဖုန္းဆရာေတာ္၊ မိုင္းလင္း ဆရာေတာ္၊ ဝစီပိတ္ဆရာေတာ္၊ ဟိုခံုဆရာေတာ္၊ ထုိင္းႏုိင္ငံ မယ္ေဆြၿမဳိ႕ က်င္းရွဲန္ဆရာေတာ္၊ လြယ္တြန္းဆရာေတာ္ႏွင့္ သံဃာေတာ္ အရွင္သူျမတ္မ်ား၊ တုိင္းမွဴး ႏွင့္ ျပည္နယ္၀န္ႀကီးမ်ားက တင္လွဴပူေဇာ္ၾကသည္။

အဆိုပါ ဘုရားတြင္ ဘုရားပြဲေတာ္အား ႏွစ္စဥ္တန္ေဆာင္မုန္းလျပည့္ေန႔မတိုင္မီ သံုးရက္မွ ငါးရက္ၾကာ က်င္းပေလ့ရွိသည္။

သတင္း - မိုင္းေယာင္း ျပန္/ဆက္
ဓာတ္ပံု - မိုင္းေယာင္း ျပန္/ဆက္၊ ကိုသန္႔ဇင္လတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ဓာတ်လုံစွမ်ယောင်း (ထပ်လုံ)စေတီတော် ရွှေထီးတော်သစ်တင်လှူပူဇော်ပွဲကို မေလ (၁၀) ရက်နေ့ ဆုန်လပြည့်တွင် ကျင်းပရာ ဆရာတော် သံဃာတော်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်နှင့် စစ်ဖက်မှ အရာရှိများ၊ ဒေသခံများ တက်ရောက် ဖူးမြော်ကြကြောင်း သိရသည်။

ထီးတော်တင်လှူပွဲသို့ မိုင်းယောင်းမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ၊ ဟိုခုံကျောင်းတိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဂန္ဓရသဝံသော ကြီးမှူးကျင်းပပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ၊ ရွှေထီးတော်သစ်အလှူရှင်များနှင့် ဘုရားဖူးသူများ လာရောက်ဖူးမြော်ကြကြောင်း သိရသည်။

မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်က ဆံတော်လေးဆူ၊ ဘုရားပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဆံတော်လေးဆူ စုစုပေါင်း ဆံတော်ရှစ်ဆူနှင့် နဖူးညှပ်ရိုးတော် ဌာပနာထားသည့် ရှေးဟောင်းသမိုင်းဝင် ဓာတ်လုံစွမ်ယောင်း(ထပ်လုံ)စေတီတော်၏ ရွှေထီးတော်သစ်အား မိုင်းဖုန်းဆရာတော်၊ မိုင်းလင်း ဆရာတော်၊ ဝစီပိတ်ဆရာတော်၊ ဟိုခုံဆရာတော်၊ ထိုင်းနိုင်ငံ မယ်ဆွမြေို့ ကျင်းရှဲန်ဆရာတော်၊ လွယ်တွန်းဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်များ၊ တိုင်းမှူး နှင့် ပြည်နယ်ဝန်ကြီးများက တင်လှူပူဇော်ကြသည်။

အဆိုပါ ဘုရားတွင် ဘုရားပွဲတော်အား နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ သုံးရက်မှ ငါးရက်ကြာ ကျင်းပလေ့ရှိသည်။

သတင်း - မိုင်းယောင်း ပြန်/ဆက်
ဓာတ်ပုံ - မိုင်းယောင်း ပြန်/ဆက်၊ ကိုသန့်ဇင်လတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~