တာချီလိတ် - မယ်ဆိုင်အကြားရှိ ရေချောင်းအား သာတူညီမျှ ခွဲဝေ အသုံးပြုနိုင်ရေး ဆပ်ကော်မတီဖြင့် ဆွေးနွေး

တာချီလိတ် - မယ်ဆိုင်အကြားရှိ ရေချောင်းအား သာတူညီမျှ ခွဲဝေ အသုံးပြုနိုင်ရေး ဆပ်ကော်မတီဖြင့် ဆွေးနွေး
မေ 12, 2017
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင် - မဲဟောက်ချောင်း ရေခွဲဝေ အသုံးချရေးနှင့် မြစ်ကြောင်းထိန်းသိမ်းရေးဆိုင်ရာဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် မေလ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ပြီး မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေးမှ သဘောတူညီချက်များကို ရှင်းလင်းကာ နယ်ခြားကိစ္စရပ်များကို

အဆိုပါ အစည်းအဝေးတွင် မယ်ဆိုင် - မဲဟောက်ချောင်း ရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးစိုးစိုးဇော် နှင့် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဆွေးနွေးချက်များတွင် ပြီးခဲ့သည့် မြန်မာ - ထိုင်း မယ်ဆိုင် - မဲဟောက်ချောင်း နယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မတီ အစည်းအဝေး၌ မယ်ဆိုင် - မဲဟောက်ချောင်း၏ ရေစီးကြောင်းအား
မြန်မာ နှင့် ထိုင်း နှစ်ဖက် ပူးပေါင်း၍ ထိန်းသိမ်းရန်၊ ချောင်းကမ်းပါးများကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် ဆောက်ရွက် ချက်များကို နှစ်ဖက်စလုံးမှ ထိရောက်စွာ တားဆီး ဆောင်ရွက်သွားရန်၊ ၁၉၉၁ခုနှစ် ပုံသေနယ်နိမိတ်သတ်မှတ်ခဲ့သည့် နားလည်မှုစာချွန်လွှာတွင် ပါဝင်သည့် ကတိက၀တ်များနှင့် အညီ မယ်ဆိုင် - မဲဟောက်ချောင်းရေကို သာတူညီမျှ ခွဲဝေအသုံးပြုနိုင်ရေးအတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရန် ညှိနှိုင်းသဘောတူညီထားရှိကြောင်း ရှင်းလင်း တင်ပြချက်အရ သိရသည်။

မယ်ဆိုင် - မဲဟောက်ချောင်း ရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ အနေဖြင့် ချောင်းရေအား သာတူညီမျှ အသုံးချခြင်း၊ ချောင်းရေ စီးကြောင်း မပြောင်းလဲ မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မယ်ဆိုင် - မဲဟောက်ချောင်း၏ ရေစီးကြောင်းအား နှစ်ဖက်ပူးပေါင်းကာ ထိန်းသိမ်းရေး နှင့် ချောင်းကမ်းပါးများကို ထိခိုက်စေနိုင်သည့် ဆောင်ရွက်မှုများကို စောင့်ကြည့်ကာကွယ် တားဆီးသွားရန် စသည်တို့ကို ပူးပေါင်း ဆောင်ရွက်ရေးအတွက် အဓိက ဖွဲ့စည်းထားသည့် ဆပ်ကော်မတီဖြစ်ကြောင်း သိရသည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တာချီလိတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည်တို့မှ တာဝန်ရှိသူများက ဆွေးနွေး တင်ပြခဲ့ကြပြီး မယ်ဆိုင် - မဲဟောက်ချောင်း ရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေး ဆိုင်ရာ ဆပ်ကော်မတီဝင်များနှင့် တက်ရောက်လာသည့် မြို့မိမြို့ဖများ ဆွေးနွေးခဲ့ကြသည်။

ဓာတ်ပုံ - ဇောင်းညီ
သတင်း - ကိုဇောင်း



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင် - မဲဟောက်ချောင်း ရေခွေဲဝ အသုံးချရေးနှင့် မြစ်ကြောင်းထိန်းသိမ်းရေးဆိုင်ရာဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအေဝးအား တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝး ခန်းမတွင် မေလ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ပြီး မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မတီ အစည်းအေဝးမှ သဘောတူညီချက်များကို ရှင်းလင်းကာ နယ်ခြားကိစ္စရပ်များကို
ဆွေးနွေးကြောင်း သိရသည်။

အဆိုပါ အစည်းအေဝးတွင် မယ်ဆိုင် - မဲဟောက်ချောင်း ရေခွေဲဝအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးစိုးစိုးဇော် နှင့် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ဆွေးနွေးချက်များတွင် ပြီးခဲ့သည့် မြန်မာ - ထိုင်း မယ်ဆိုင် - မဲဟောက်ချောင်း နယ်နိမိတ်ဆိုင်ရာ ပူးတွဲကော်မတီ အစည်းအေဝး၌ မယ်ဆိုင် - မဲဟောက်ချောင်း၏ ရေစီးကြောင်းအား
မြန်မာ နှင့် ထိုင်း နှစ်ဖက် ပူးပေါင်း၍ ထိန်းသိမ်းရန်၊ ချောင်းကမ်းပါးများကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် ဆောက်ရွက် ချက်များကို နှစ်ဖက်စလုံးမှ ထိရောက်စွာ တားဆီး ဆောင်ရွက်သွားရန်၊ ၁၉၉၁ခုနှစ် ပုံသေနယ်နိမိတ်သတ်မှတ်ခဲ့သည့် နားလည်မှုစာချွန်လွှာတွင် ပါဝင်သည့် ကတိကဝတ်များနှင့် အညီ မယ်ဆိုင် - မဲဟောက်ချောင်းရေကို သာတူညီမျှ ခွေဲဝအသုံးပြုနိုင်ရေးအတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရန် ညှိနှိုင်းသဘောတူညီထားရှိကြောင်း ရှင်းလင်း တင်ပြချက်အရ သိရသည်။

မယ်ဆိုင် - မဲဟောက်ချောင်း ရေခွေဲဝအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ အနဖြေင့် ချောင်းရေအား သာတူညီမျှ အသုံးချခြင်း၊ ချောင်းရေ စီးကြောင်း မပြောင်းလဲ မပျက်စီးစေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မယ်ဆိုင် - မဲဟောက်ချောင်း၏ ရေစီးကြောင်းအား နှစ်ဖက်ပူးပေါင်းကာ ထိန်းသိမ်းရေး နှင့် ချောင်းကမ်းပါးများကို ထိခိုက်စေနိုင်သည့် ဆောင်ရွက်မှုများကို စောင့်ကြည့်ကာကွယ် တားဆီးသွားရန် စသည်တို့ကို ပူးပေါင်း ဆောင်ရွက်ရေးအတွက် အဓိက ဖွဲ့စည်းထားသည့် ဆပ်ကော်မတီဖြစ်ကြောင်း သိရသည်။

အစည်းအေဝးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တာချီလိတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည်တို့မှ တာဝန်ရှိသူများက ဆွေးနွေး တင်ပြခဲ့ကြပြီး မယ်ဆိုင် - မဲဟောက်ချောင်း ရေခွေဲဝအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေး ဆိုင်ရာ ဆပ်ကော်မတီဝင်များနှင့် တက်ရောက်လာသည့် မြို့မိမြို့ဖများ ဆွေးနွေးခဲ့ကြသည်။

ဓာတ်ပုံ - ဇောင်းညီ
သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~