မိုင္းဆတ္၌ ေတာင္သူမ်ားအား ဘိန္းအစားထိုးသီးႏွံ မ်ိဳးေစ့၊ပ်ိဳးပင္မ်ား ပံ့ပိုး

မိုင္းဆတ္၌ ေတာင္သူမ်ားအား ဘိန္းအစားထိုးသီးႏွံ မ်ိဳးေစ့၊ပ်ိဳးပင္မ်ား ပံ့ပိုး
မေ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခ႐ိုင္တြင္ ဘိန္းအစားထိုးသီးႏွံအျဖစ္ စပါး၊ လက္ဖက္၊ ၾကယ္ပဲ၊ နယူးဧရာႏွင့္ ေျမပဲမ်ိဳးေစ့ႏွင့္ပ်ိဳးပင္တို႔အား ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနက ေဒသခံေတာင္သူမ်ားထံ ေမလ (၃၀)ရက္ေန႔က နံနက္ပိုင္းက ေပးအပ္ေၾကာင္း သိရသည္။

ပ်ိဳးပင္မ်ားေပးအပ္ျခင္း အခမ္းအနားက်င္းပရာ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာအႀကီးအကဲမ်ား၊ ရပ္ကြက္/ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ေဒသခံ ေတာင္သူမ်ား တက္ေရာက္ၾကၿပီး ေတာင္သူမ်ားအား ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာနမွ ထုတ္ေ၀သည့္ လက္ဖက္စိုက္ပ်ိဳးေရးနည္းစနစ္ေကာင္းမ်ား လက္ကမ္း စာေစာင္ႏွင့္ စိုက္ပ်ိဳးေရးထုတ္ကုန္တိုးတက္ျမင့္မားေရးအတြက္ အေျခခံလိုအပ္ခ်က္ႀကီး(၅)ရပ္ အသိ ပညာေပး လက္ကမ္းစာေစာင္တို႔ကို အခမဲ့ျဖန္႔ေဝေပးေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ၊ မိုင္းဆတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္၊ မူးယစ္တပ္ဖြဲစု(၂၉)မိုင္းဆတ္မွ ရဲအုပ္ေက်ာ္ႏိုင္မိုး၊ ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးမွဴး ဦးႏိုင္လင္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ေအာင္ႏိုင္ေရႊႏွင့္ ၿမိဳ႕နယ္လယ္ယာေျမႏွင့္စာရင္းအင္းဦးစီးမွဴး ဦးေမာင္သိန္းတို႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု  - ယဥ္၀င္း(Iprd)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်တွင် ဘိန်းအစားထိုးသီးနှံအဖြစ် စပါး၊ လက်ဖက်၊ ကြယ်ပဲ၊ နယူးဧရာနှင့် မြေပဲမျိုးစေ့နှင့်ပျိုးပင်တို့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများထံ မေလ (၃၀)ရက်နေ့က နံနက်ပိုင်းက ပေးအပ်ကြောင်း သိရသည်။

ပျိုးပင်များပေးအပ်ခြင်း အခမ်းအနားကျင်းပရာ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြပြီး တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ထုတေ်ဝသည့် လက်ဖက်စိုက်ပျိုးရေးနည်းစနစ်ကောင်းများ လက်ကမ်း စာစောင်နှင့် စိုက်ပျိုးရေးထုတ်ကုန်တိုးတက်မြင့်မားရေးအတွက် အခြေခံလိုအပ်ချက်ကြီး(၅)ရပ် အသိ ပညာပေး လက်ကမ်းစာစောင်တို့ကို အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်၊ မူးယစ်တပ်ဖွဲစု(၂၉)မိုင်းဆတ်မှ ရဲအုပ်ကျော်နိုင်မိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ရွှေနှင့် မြို့နယ်လယ်ယာမြေနှင့်စာရင်းအင်းဦးစီးမှူး ဦးမောင်သိန်းတို့ တက်ရောက်ကြကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ - ယဉ်ဝင်း(Iprd)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~