တရုတ္ႏုိင္ငံထုတ္ စားသံုးရန္မသင့္ကုန္မ်ား အဝင္မ်ားေနသည့္ လိြဳင္လင္ခရိုင္တြင္ ပညာေပးလုပ္ငန္းတိုးျမႇင့္ထား

တရုတ္ႏုိင္ငံထုတ္ စားသံုးရန္မသင့္ကုန္မ်ား အဝင္မ်ားေနသည့္ လိြဳင္လင္ခရိုင္တြင္ ပညာေပးလုပ္ငန္းတိုးျမႇင့္ထား
မေ 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း လိြဳင္လင္ခရိုင္အတြင္း စားသံုးရန္ မသင့္ကုန္စည္မ်ား တရုတ္ႏုိင္ငံမွ ဝင္ေရာက္မႈမ်ား ေနသျဖင့္ စားသံုးသူ အကာအကြယ္ေပးေရးဆုိင္ရာ ပညာေပးလုပ္ငန္းမ်ားအား တိုးျမႇင့္ လုပ္ေဆာင္ေနေၾကာင္း ေတာင္ႀကီးၿမိဳ႕ စားသံုးသူေရးရာဦးစီးဌာနမွ သိရသည္။

“စားသံုးရန္သင့္တယ္ မသင့္တယ္ဆိုတာက မ်က္ျမင္ေတြ႕ရံုနဲ႔ ေျပာဖို႔ခက္ပါတယ္။ ကုန္ပစၥည္းတစ္ခုမွာ ဘာဆိုတာကို ေသခ်ာထည့္သြင္းထားရမယ္။ စားအုန္းဆီကို ေျမပဲဆီဆိုၿပီးေရးထားတာေတြက ထုတ္ကုန္ မလံုၿခံဳဘူး။ ၂၀၁၆ မွာတုန္းကေတာ့ စားသံုးသူပညာေပးေရးကို အမ်ားဆံုးက်ယ္က်ယ္ျပန္ျပန္႔ ပညာေပး ေဆာင္ရြက္ခဲ့ရတယ္။ ဒီႏွစ္မွာေတာ့ လိြဳင္လင္ခရိုင္မွာေတာ့ အရွိန္အဟုန္ျမႇင့္ ေဆာင္ရြက္သြားမယ္”ဟု ေတာင္ႀကီးၿမိဳ႕ စားသံုးသူေရးရာ ဦးစီးဌာန၊ လက္ေထာက္ညြန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

၂၀၁၆ ခုႏွစ္တြင္ လိြဳင္လင္ခရိုင္အတြင္း တစ္ႀကိမ္သာ စစ္ေဆးႏုိင္ခဲ့ေသာ္လည္း ၂၀၁၇ ခုႏွစ္တြင္ ေစ်းကြက္အတြင္း စစ္ေဆးမႈႏွင့္ ေဆြးေႏြးပြဲ (၆) ႀကိမ္ျပဳလုပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

“လိြဳင္လင္ခရိုင္အတြင္းကို ကြင္းဆင္းတဲ့အခ်ိန္မွာ ကေလးေတြစားတဲ့ေဝဖာေခ်ာင္း၊ ေရခဲေခ်ာင္း၊ တရုတ္ကလာတဲ့ ၾကက္ေပါင္ေခ်ာင္းေတြ စားသံုးရန္မသင့္တာေတြကို ေတြ႕ရွိရတယ္။ ဆီလည္း မစစ္တာေတြ ေတြ႕ခဲ့ရတယ္။ ဘာေထာက္ခံခ်က္မွလည္း မပါဘူး။ ေတာင္သူေတြမွာလည္း ေျမၾသဇာ ပိုးသတ္ေစ်းေတြကလည္း ဥပေဒနဲ႕မညီတဲ႕ ရြက္ဖ်န္းေဆး၊ ပိုးသတ္ေဆးေတြ ေတြ႕ခဲ့ရတယ္။ ဒါေတြကို ကၽြန္ေတာ္တို႕ တားျမစ္ပိတ္ပင္မယ္။ ဒါကိုမွမရခဲ့ရင္ သိမ္းဆည္းဖ်က္ဆီးမယ္။ ဒါမွမရရင္လည္း ဥပေဒအရ ေဆာင္ရြက္သြားပါမယ္”ဟု ဦးမင္းေအာင္က ေျပာသည္။

လိြဳင္လင္ခရိုင္အတြင္း ကြင္းဆင္းစစ္ေဆးရာတြင္ ပင္လံုၿမိဳ႕ႏွင့္ လဲခ်ားၿမိဳ႕မ်ားတြင္ စားသံုးရန္မသင့္ ကုန္ပစၥည္းအမ်ားဆံုး ေတြ႔ရေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း စားသုံးရန် မသင့်ကုန်စည်များ တရုတ်နိုင်ငံမှ ဝင်ရောက်မှုများ နေသဖြင့် စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ ပညာပေးလုပ်ငန်းများအား တိုးမြှင့် လုပ်ဆောင်နေကြောင်း တောင်ကြီးမြို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

“စားသုံးရန်သင့်တယ် မသင့်တယ်ဆိုတာက မျက်မြင်တွေ့ရုံနဲ့ ပြောဖို့ခက်ပါတယ်။ ကုန်ပစ္စည်းတစ်ခုမှာ ဘာဆိုတာကို သေချာထည့်သွင်းထားရမယ်။ စားအုန်းဆီကို မြေပဲဆီဆိုပြီးရေးထားတာတွေက ထုတ်ကုန် မလုံခြုံဘူး။ ၂၀၁၆ မှာတုန်းကတော့ စားသုံးသူပညာပေးရေးကို အများဆုံးကျယ်ကျယ်ပြန်ပြန့် ပညာပေး ဆောင်ရွက်ခဲ့ရတယ်။ ဒီနှစ်မှာတော့ လွိုင်လင်ခရိုင်မှာတော့ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်”ဟု တောင်ကြီးမြို့ စားသုံးသူရေးရာ ဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

၂၀၁၆ ခုနှစ်တွင် လွိုင်လင်ခရိုင်အတွင်း တစ်ကြိမ်သာ စစ်ဆေးနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ဈေးကွက်အတွင်း စစ်ဆေးမှုနှင့် ဆွေးနွေးပွဲ (၆) ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“လွိုင်လင်ခရိုင်အတွင်းကို ကွင်းဆင်းတဲ့အချိန်မှာ ကလေးတွေစားတဲ့ဝေဖာချောင်း၊ ရေခဲချောင်း၊ တရုတ်ကလာတဲ့ ကြက်ပေါင်ချောင်းတွေ စားသုံးရန်မသင့်တာတွေကို တွေ့ရှိရတယ်။ ဆီလည်း မစစ်တာတွေ တွေ့ခဲ့ရတယ်။ ဘာထောက်ခံချက်မှလည်း မပါဘူး။ တောင်သူတွေမှာလည်း မြသြေဇာ ပိုးသတ်ဈေးတွေကလည်း ဥပဒေနဲ့မညီတဲ့ ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေးတွေ တွေ့ခဲ့ရတယ်။ ဒါတွေကို ကျွန်တော်တို့ တားမြစ်ပိတ်ပင်မယ်။ ဒါကိုမှမရခဲ့ရင် သိမ်းဆည်းဖျက်ဆီးမယ်။ ဒါမှမရရင်လည်း ဥပဒေအရ ဆောင်ရွက်သွားပါမယ်”ဟု ဦးမင်းအောင်က ပြောသည်။

လွိုင်လင်ခရိုင်အတွင်း ကွင်းဆင်းစစ်ဆေးရာတွင် ပင်လုံမြို့နှင့် လဲချားမြို့များတွင် စားသုံးရန်မသင့် ကုန်ပစ္စည်းအများဆုံး တွေ့ရကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~