ေလာက္ကိုင္ေဒသ ရန္လံုက်ိဳင္းနယ္စပ္ဂိတ္ ေမလ (၁) ရက္တြင္ ျပန္လည္ဖြင့္လွစ္

ေလာက္ကိုင္ေဒသ ရန္လံုက်ိဳင္းနယ္စပ္ဂိတ္ ေမလ (၁) ရက္တြင္ ျပန္လည္ဖြင့္လွစ္
မေ 1, 2017
By Tachileik News Agency

တိုက္ပြဲမ်ားေၾကာင့္ ပိတ္ထားခဲ့ရသည့္ ျမန္မာ - တရုတ္နယ္စပ္ ေလာက္ကိုင္ေဒသရွိ ရန္လံုက်ိဳင္းဂိတ္အား ေမလ (၁) ရက္ေန႔တြင္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္ျဖင့္ ျပန္လည္ဖြင့္လွစ္ေပးႏိုင္ရန္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ေလာက္ကိုင္ၿမိဳ႕ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

“ေဒသခံေတြအေနနဲ႔ ဟိုဘက္ႏိုင္ငံနဲ႔ ကူးသန္းေရာင္းဝယ္ေရးေတြလုပ္တဲ့ေနရာမွာ အဆင္ေျပေစဖို႔ အတြက္ ျမန္မာ - တရုတ္ ႏွစ္ႏိုင္ငံနယ္စပ္ဂိတ္ျဖစ္တဲ့ ရန္လံုက်ိဳင္းဂိတ္ကို ပံုမွန္အေနအထားအတိုင္း ေမလ (၁) ရက္ေန႔မွာ ျပန္ၿပီးေတာ့ဖြင့္မွာပါ။ ႏွစ္ႏိုင္ငံအဖြဲ႔အစည္းေတြခ်ိတ္ဆက္ၿပီး ေလာက္ကိုင္ေဒသ ဦးစီးဌာနေတြကေန စီစဥ္ေဆာင္ရြက္ေပးမွာျဖစ္ပါတယ္”ဟု ေလာက္ကိုင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္လင္းေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေလာက္ကိုင္ေဒသတြင္း မတည္ၿငိမ္မႈမ်ားျဖစ္ပြားခဲ့သည့္ ၂၀၁၇ ခုႏွစ္ မတ္လ(၅)ရက္ေန႔ေနာက္ပိုင္းမွစ၍ ပိတ္ထားခဲ့ေသာ ရန္လံုက်ိဳင္းဂိတ္အား ဧၿပီလ (၁၂) ရက္ေန႔မွစ၍ ႀကံတင္ပို႔မႈတစ္ခုတည္းအတြက္ စတင္ဖြင့္လွစ္ေပးထားျခင္းျဖစ္ၿပီး ေမလ(၁) ရက္ေန႔မွစ၍ ပံုမွန္အတိုင္း ဖြင့္လွစ္ႏုိင္ရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ ေလာက္ကိုင္ေဒသက အဓိက က ႀကံစိုက္တာဆိုေတာ့ ဂိတ္ပိတ္ထားတဲ့အခ်ိန္တုန္းက ဒီဘက္က ထြက္တဲ့ႀကံေတြကို ႀကံရာသီအမီ ဟိုဘက္ကိုပို႔ဖို႔ ခဲယဥ္းတာေပါ့။ ဒီဂိတ္က ေလာက္ကိုင္ၿမိဳ႕ထဲမွာရွိတဲ့ တည္ေဆာက္ ေရးလုပ္ငန္းေတြအတြက္ လိုအပ္တဲ့ ပစၥည္းေတြ အဝင္အထြက္ လုပ္တဲ့ အဓိကဂိတ္ဆိုေတာ့ ေဒသ အတြက္ အခက္အခဲမျဖစ္ေစဖို႔ ခုလိုျပန္ဖြင့္ေပးႏိုင္ေအာင္ စီစဥ္ေပးရျခင္းျဖစ္ပါတယ္”ဟု ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွဴး ကေျပာသည္။

ေလာက္ကိုင္ေဒသႏွင့္ တရုတ္နုိင္ငံၾကား ႏွစ္ႏိုင္ငံကုန္စည္တင္ပို႔ရန္ ရန္လံုက်ိဳင္းဂိတ္အား အဓိကအသံုးျပဳေနသျဖင့္ ေဒသတြင္း ထိခိုက္နစ္နာမႈမရိွေစေရးအတြက္ ႏွစ္ႏိုင္ငံသေဘာ တူညီခ်က္ျဖင့္ ျပန္လည္ဖြင့္လွစ္ေပးရန္ စီစဥ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~
လောက်ကိုင်ဒေသ ရန်လုံကျိုင်းနယ်စပ်ဂိတ် မေလ (၁) ရက်တွင် ပြန်လည်ဖွင့်လှစ်

တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရသည့် မြန်မာ - တရုတ်နယ်စပ် လောက်ကိုင်ဒေသရှိ ရန်လုံကျိုင်းဂိတ်အား မေလ (၁) ရက်နေ့တွင် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လောက်ကိုင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ဒေသခံတွေအနေနဲ့ ဟိုဘက်နိုင်ငံနဲ့ ကူးသန်းရောင်းဝယ်ရေးတွေလုပ်တဲ့နေရာမှာ အဆင်ပြေစေဖို့ အတွက် မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်တဲ့ ရန်လုံကျိုင်းဂိတ်ကို ပုံမှန်အနေအထားအတိုင်း မေလ (၁) ရက်နေ့မှာ ပြန်ပြီးတော့ဖွင့်မှာပါ။ နှစ်နိုင်ငံအဖွဲ့အစည်းတွေချိတ်ဆက်ပြီး လောက်ကိုင်ဒေသ ဦးစီးဌာနတွေကနေ စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်”ဟု လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လောက်ကိုင်ဒေသတွင်း မတည်ငြိမ်မှုများဖြစ်ပွားခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လ(၅)ရက်နေ့နောက်ပိုင်းမှစ၍ ပိတ်ထားခဲ့သော ရန်လုံကျိုင်းဂိတ်အား ဧပြီလ (၁၂) ရက်နေ့မှစ၍ ကြံတင်ပို့မှုတစ်ခုတည်းအတွက် စတင်ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး မေလ(၁) ရက်နေ့မှစ၍ ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လောက်ကိုင်ဒေသက အဓိက က ကြံစိုက်တာဆိုတော့ ဂိတ်ပိတ်ထားတဲ့အချိန်တုန်းက ဒီဘက်က ထွက်တဲ့ကြံတွေကို ကြံရာသီအမီ ဟိုဘက်ကိုပို့ဖို့ ခဲယဉ်းတာပေါ့။ ဒီဂိတ်က လောက်ကိုင်မြို့ထဲမှာရှိတဲ့ တည်ဆောက် ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ အဝင်အထွက် လုပ်တဲ့ အဓိကဂိတ်ဆိုတော့ ဒေသ အတွက် အခက်အခဲမဖြစ်စေဖို့ ခုလိုပြန်ဖွင့်ပေးနိုင်အောင် စီစဉ်ပေးရခြင်းဖြစ်ပါတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ကပြောသည်။

လောက်ကိုင်ဒေသနှင့် တရုတ်နိုင်ငံကြား နှစ်နိုင်ငံကုန်စည်တင်ပို့ရန် ရန်လုံကျိုင်းဂိတ်အား အဓိကအသုံးပြုနေသဖြင့် ဒေသတွင်း ထိခိုက်နစ်နာမှုမရှိစေရေးအတွက် နှစ်နိုင်ငံသဘော တူညီချက်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~