က်ိဳင္းတံုတြင္ သားျဖစ္သူက ေနအိမ္ေအာက္ရွိ ဆိုင္ကယ္ကိုမီးရိႈ႕ရာမွ ေနအိမ္ႏွစ္လံုးမီးေလာင္

က်ိဳင္းတံုတြင္ သားျဖစ္သူက ေနအိမ္ေအာက္ရွိ ဆိုင္ကယ္ကိုမီးရိႈ႕ရာမွ ေနအိမ္ႏွစ္လံုးမီးေလာင္
မေ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္၊ မိုင္းပတ္ အထက္အုပ္စု ၊ ပန္၀ိုးေက်းရြာတြင္ ေမလ(၁၈)ရက္ေန ့ ညေန(၅)နာရီ၀န္းက်င္က သားျဖစ္သူမွ ဖခင္၏ ေနအိမ္ေအာက္တြင္ ထားရိွေသာ ဆိုင္ကယ္တစ္စီးအား မီးရိႈ ့ရာမွ ေနအိမ္ႏွစ္လုံး မီးေလာင္၍ ဆုံးရႈံးခဲ့ျပီး တရားခံမွာ ထြက္ေျပးလြတ္ေျမာက္ လ်က္ရိွေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဖခင္ျဖစ္သူ ဦးအားထူ၏ ေနအိမ္ေအာက္တြင္ထားရိွေသာ (ANBO)အမ်ိဳးအစား ဆိုင္ကယ္အား အသက္(၂၉)ႏွစ္အရြယ္သားျဖစ္သူ အားယာက ဆိုင္ကယ္ေပၚတြင္ သက္ကယ္တင္၍ မီးရိႈ ့ရာမွ ဖခင္ျဖစ္သူ၏ ပ်ဥ္ခင္း၊ ပ်ဥ္ကာ၊ သြပ္မိုး ေနအိမ္တစ္လုံးႏွင့္ အားယာ ပိုင္ဆိုင္ေသာ   ၀ါးခင္း၊ ၀ါးကာ၊ သက္ငယ္မိုး ေနအိမ္တစ္လုံးႏွင့္  ဆိုင္ကယ္တစ္စီး မီးေလာင္ဆုံးရႈံးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈအား ညေန(၅)နာရီ (၄၅)မိနစ္တြင္ မီးႃငွိမ္းသတ္ႏိုင္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ အိမ္ေထာင္စု(၂)ခုမွ အသက္(၁၈)ႏွစ္အထက္ (၄)ဦးႏွင့္ အသက္(၁၈)ႏွစ္ေအာက္ (၂)ဦး စုစုေပါင္း မိသားစု၀င္(၆)ဦး မီးေဘးဒုကၡေရာက္ခဲ့ရျပီး ျပစ္မႈက်ဴးလြန္သူ အားယာမွာ ထြက္ေျပး လြတ္ေျမာက္လ်က္ရိွရာ တရားခံျဖစ္သူအား အျမန္ဆုံး ဖမ္းဆီးရရိွႏိုင္ရန္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ ့မွ ေဆာင္ရြက္လ်က္ရိွေၾကာင္းသိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းပတ် အထက်အုပ်စု၊ ပန်ဝိုးကျေးရွာတွင် မေလ(၁၈)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်က သားဖြစ်သူမှ ဖခင်၏ နေအိမ်အောက်တွင် ထားရှိသော ဆိုင်ကယ်တစ်စီးအား မီးရှို့ရာမှ နေအိမ်နှစ်လုံး မီးလောင်၍ ဆုံးရှုံးခဲ့ပြီး တရားခံမှာ ထွက်ပြေးလွတ်မြောက် လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖခင်ဖြစ်သူ ဦးအားထူ၏ နေအိမ်အောက်တွင်ထားရှိသော (ANBO)အမျိုးအစား ဆိုင်ကယ်အား အသက်(၂၉)နှစ်အရွယ်သားဖြစ်သူ အားယာက ဆိုင်ကယ်ပေါ်တွင် သက်ကယ်တင်၍ မီးရှို့ရာမှ ဖခင်ဖြစ်သူ၏ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး နေအိမ်တစ်လုံးနှင့် အားယာ ပိုင်ဆိုင်သော ဝါးခင်း၊ ဝါးကာ၊ သက်ငယ်မိုး နေအိမ်တစ်လုံးနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုအား ညနေ(၅)နာရီ (၄၅)မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အိမ်ထောင်စု(၂)ခုမှ အသက်(၁၈)နှစ်အထက် (၄)ဦးနှင့် အသက်(၁၈)နှစ်အောက် (၂)ဦး စုစုပေါင်း မိသားစုဝင်(၆)ဦး မီးဘေးဒုက္ခရောက်ခဲ့ရပြီး ပြစ်မှုကျူးလွန်သူ အားယာမှာ ထွက်ပြေး လွတ်မြောက်လျက်ရှိရာ တရားခံဖြစ်သူအား အမြန်ဆုံး ဖမ်းဆီးရရှိနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သတင်း - ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~