တာချီလိတ်တွင် ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ ယာဉ် ၊ လမ်း အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ပညာပေးစတေကာများ ဖြန့်ဝေ

တာချီလိတ်တွင် ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ ယာဉ် ၊ လမ်း အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ပညာပေးစတေကာများ ဖြန့်ဝေ
မေ 10, 2017
By Tachileik News Agency

ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ ယာဉ် ၊ လမ်း အန္တရာယ်ကင်းရှင်းရေးရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ပညာပေးဆောင်ပုဒ်၊ စတေကာများအား ယာဉ်များ၌ ကပ်ခြင်း၊ ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို တစ်ပတ်ကြာ ပြုလုပ်နေကြောင်းသိရသည်။

တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက် နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကိုနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ နှင့် မ.ထ.သ တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင် ယာဉ်များအား စတေကာများ ကပ်ခြင်း၊ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို မေလ (၁၀)ရက်နေ့ နံနက်ပိုင်းက ပညာပေးလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပူးပေါင်းအဖွဲ့သည် ကားလေးကွင်း ၊ ဟောင်လိတ်ရပ်ကွက်လမ်းဆုံ နှင့် ခရီးသည်တင် ယာဉ်လိုင်းဂိတ်များတွင်လည်း ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် ပညာပေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ ယာဉ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးရက်သတ္တပတ် လှုပ်ရှားမှုအနဖြေင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ပညာပေးဆောင်ပုဒ်၊ စတေကာများအား ယာဉ်များ၌ ကပ်ခြင်း၊ ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝခြေင်းတို့ကို တစ်ပတ်ကြာ ပြုလုပ်နေကြောင်းသိရသည်။

တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက် နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကိုနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ နှင့် မ.ထ.သ တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့တွင် ယာဉ်များအား စတေကာများ ကပ်ခြင်း၊ပညာပေး လက်ကမ်းစာစောင်များဖြန့်ဝခြေင်းတို့ကို မေလ (၁၀)ရက်နေ့ နံနက်ပိုင်းက ပညာပေးလုပ်ဆောင်နခြေင်း ဖြစ်ကြောင်း သိရသည်။

“လူ့အသက်တွေ ကယ်ကြဖို့ အရှိန်လျော့ပြီး မောင်းကြစို့”(Save Lives – Slow Down)၊ “မူးလျှင် မမောင်းနှင့် မောင်းလျှင်မမူးနှင့် (Don’t Drink and Drive)၊ “ အန္တရာယ်ကင်းစေဖို့ ထိုင်ခုံခါးပတ် ပတ်ကြစို့”(Wear Your Seat Belt, Save Your Life)၊ “အန္တရာယ်ကင်းစေဖို့ ယာဉ်မောင်းနေစဉ် ဖုန်းသုံးစွဲမှုရှောင်ရှားဖို့”(Don’t Use Cell Phone While Driving) အစရှိသော ပညာပေး ဆောင်ပုဒ် စတေကာ (၁၂၀၀)ကို မော်တော်ယာဉ်ကားများ၌ ကပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့သည် ကားလေးကွင်း၊ ဟောင်လိတ်ရပ်ကွက်လမ်းဆုံ နှင့် ခရီးသည်တင် ယာဉ်လိုင်းဂိတ်များတွင်လည်း ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးရက်သတ္တပတ်လှုပ်ရှားမှုအနဖြေင့် ပညာပေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~