အလွဴခံဌာနမွ ေဆာင္းေဘာက္ ႏွင့္ ေလာ္စပီကာယူနစ္တို႔ ခိုးယူခံရ

အလွဴခံဌာနမွ ေဆာင္းေဘာက္ ႏွင့္ ေလာ္စပီကာယူနစ္တို႔ ခိုးယူခံရ
မေ 1, 2017
By Tachileik News Agency

အလွဴခံဌာနတစ္ခုမွ ေဆာင္းေဘာက္ ႏွင့္ ေလာ္စပီကာယူနစ္တို႔အား ဧၿပီလ (၃၀) ရက္ေန႔ ညပိုင္းက ေဖာက္ထြင္းခိုးယူခံရမႈ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ခိုမုန္းေက်းရြာတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဘုရားတည္ေဆာက္ေရးအတြက္ အလွဴခံဌာန ဖြင့္ထားတာပါ။ ညအေစာင့္ေတြ ဘာေတြလည္း မထားျဖစ္ဘူး။ ဘုရားတည္မယ့္ ေတာင္ေပၚမွာ ဓမၼစၾကာရြတ္တဲ့ အခါသံုးဖို႔ ဝယ္ထားတဲ့ ေဆာင္းေဘာက္အသစ္ ႏွစ္လံုးနဲ႔ စပီကာ ယူနစ္တစ္ခု ေပ်ာက္သြားတယ္။ အလွဴခံဌာန တာဝန္ခံကေတာ့ ရဲစခန္းကို အေၾကာင္းၾကားမယ္လို႔ ေျပာပါတယ္”ဟု အလွဴခံဌာနကိစၥမ်ား ေဆာင္ရြက္ေပးေနသူ ဦးေက်ာ္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဘုရားဆင္းတုေတာ္မ်ားအားထားရွိသည့္ ယာယီမ႑ပ္နံေဘးမွ သံဇကာမ်ားကိုခ်ိဳးလွန္၍ အတြင္းဖက္ တြင္ သိမ္းဆည္းထားသည့္ က်ပ္(၄၀၀၀၀)ခန္႔တန္ဖိုးရွိ ေဆာင္းေဘာက္္(၂)လံုးႏွင့္ အလွဴခံဌာနအနီးရွိ သစ္ပင္ ေပၚတြင္ ခ်ည္ေႏွာင္တပ္ဆင္ထားသည့္ စပီကာယူနစ္(ေလာ္စပီကာတြင္ တပ္ဆင္ရသည့္ပစၥည္း) တစ္ခုလည္း ခိုးယူခံခဲ့ရျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

“ရဲစခန္းမွာေတာ့ လာတိုင္ထားတာ မရွိေသးဘူး။ အဲဒီလိုကိစၥမ်ိဳးဆိုတာ ဘယ္လိုပဲျဖစ္ျဖစ္ ရဲတပ္ဖြဲ႔ကိုေတာ့ အေၾကာင္း ၾကားထားသင့္တယ္ေလ။ ဒါမွကြ်န္ေတာ္တို႔ အေနနဲ႔ နယ္ေျမအပိုင္အရာရွိေတြနဲ႔တိုင္ပင္ၿပီး ေစာင့္ၾကည့္တာ ေစာင့္ဖမ္းတာေတြလုပ္လို႔ရမွာျဖစ္ပါတယ္။ ဖုန္းေလးပဲျဖစ္ျဖစ္ဆက္ၿပီးအသိေပးထားလို႔ ရပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးကေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီးနံေဘး ေက်ာက္မဲၿမိဳ႕နယ္ ခိုမုန္းေက်းရြာအဝင္တြင္ရွိသည့္ အဆိုပါ အလွဴခံဌာနအား ေဖာက္ထြင္းခိုးယူခံရမႈ(၅)ႀကိမ္ထက္မနည္းရွိခဲ့ၿပီး လြန္ခဲ့သည့္ (၃)လခန္႔ကလည္း အလွဴခံဌာနတြင္ တရားေခြဖြင့္လွစ္သည့္ ဒီဗီဒီစက္တစ္လံုးႏွင့္ ထမင္းေပါင္းအိုးမ်ား ခိုးယူခံခဲ့ရေၾကာင္း အလွဴခံဌာနတြင္ ကူညီ လုပ္ေဆာင္ေနသူ ဦးေက်ာ္ေအာင္ထံမွ သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

အလှူခံဌာနမှ ဆောင်းဘောက် နှင့် လော်စပီကာယူနစ်တို့ ခိုးယူခံရ

အလှူခံဌာနတစ်ခုမှ ဆောင်းဘောက် နှင့် လော်စပီကာယူနစ်တို့အား ဧပြီလ (၃၀) ရက်နေ့ ညပိုင်းက ဖောက်ထွင်းခိုးယူခံရမှု ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ခိုမုန်းကျေးရွာတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဘုရားတည်ဆောက်ရေးအတွက် အလှူခံဌာန ဖွင့်ထားတာပါ။ ညအစောင့်တွေ ဘာတွေလည်း မထားဖြစ်ဘူး။ ဘုရားတည်မယ့် တောင်ပေါ်မှာ ဓမ္မစကြာရွတ်တဲ့ အခါသုံးဖို့ ဝယ်ထားတဲ့ ဆောင်းဘောက်အသစ် နှစ်လုံးနဲ့ စပီကာ ယူနစ်တစ်ခု ပျောက်သွားတယ်။ အလှူခံဌာန တာဝန်ခံကတော့ ရဲစခန်းကို အကြောင်းကြားမယ်လို့ ပြောပါတယ်”ဟု အလှူခံဌာနကိစ္စများ ဆောင်ရွက်ပေးနေသူ ဦးကျော်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဘုရားဆင်းတုတော်များအားထားရှိသည့် ယာယီမဏ္ဍပ်နံဘေးမှ သံဇကာများကိုချိုးလှန်၍ အတွင်းဖက် တွင် သိမ်းဆည်းထားသည့် ကျပ်(၄၀၀၀၀)ခန့်တန်ဖိုးရှိ ဆောင်းဘောက်(၂)လုံးနှင့် အလှူခံဌာနအနီးရှိ သစ်ပင် ပေါ်တွင် ချည်နှောင်တပ်ဆင်ထားသည့် စပီကာယူနစ်(လော်စပီကာတွင် တပ်ဆင်ရသည့်ပစ္စည်း) တစ်ခုလည်း ခိုးယူခံခဲ့ရခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

“ရဲစခန်းမှာတော့ လာတိုင်ထားတာ မရှိသေးဘူး။ အဲဒီလိုကိစ္စမျိုးဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့ကိုတော့ အကြောင်း ကြားထားသင့်တယ်လေ။ ဒါမှကျွန်တော်တို့ အနေနဲ့ နယ်မြေအပိုင်အရာရှိတွေနဲ့တိုင်ပင်ပြီး စောင့်ကြည့်တာ စောင့်ဖမ်းတာတွေလုပ်လို့ရမှာဖြစ်ပါတယ်။ ဖုန်းလေးပဲဖြစ်ဖြစ်ဆက်ပြီးအသိပေးထားလို့ ရပါတယ် “ဟု ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

ပြည်ထောင်စုလမ်းမကြီးနံဘေး ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအဝင်တွင်ရှိသည့် အဆိုပါ အလှူခံဌာနအား ဖောက်ထွင်းခိုးယူခံရမှု(၅)ကြိမ်ထက်မနည်းရှိခဲ့ပြီး လွန်ခဲ့သည့် (၃)လခန့်ကလည်း အလှူခံဌာနတွင် တရားခွေဖွင့်လှစ်သည့် ဒီဗီဒီစက်တစ်လုံးနှင့် ထမင်းပေါင်းအိုးများ ခိုးယူခံခဲ့ရကြောင်း အလှူခံဌာနတွင် ကူညီ လုပ်ဆောင်နေသူ ဦးကျော်အောင်ထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~