ေက်ာက္မဲၿမိဳ႕ရွိ ျပည္သူ႔ေဆးရံုအတြက္ ေရအရင္းအျမစ္မ်ား ေလ်ာ့နည္းလာ၍ ေရလိုအပ္ခ်က္မ်ားရိွေန

ေက်ာက္မဲၿမိဳ႕ရွိ ျပည္သူ႔ေဆးရံုအတြက္ ေရအရင္းအျမစ္မ်ား ေလ်ာ့နည္းလာ၍ ေရလိုအပ္ခ်က္မ်ားရိွေန
မေ 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ရွိ ျပည္သူ႔ေဆးရံုအတြက္ ေရရရွိေနသည့္ ေရအရင္းအျမစ္(၄)ခုတြင္ (၂)ခုသာ အသံုးျပဳ၍ ရေတာ့သည့္အတြက္ ေရလိုအပ္ခ်က္မ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။

“ေဆးရံုအတြက္ ေရရရွိသြယ္တန္းထားတဲ့ေနရာ(၄)ခုမွာ (၂)ခုက ေရရရွိဖို႔အဆင္မေျပေတာ့တဲ့အတြက္ အဝီစိတြင္း (၂) ခုက ေရကိုပဲအလွည့္က် ထုတ္ယူေနရတယ္။ ေန႔စဥ္ေရလိုအပ္ခ်က္ကို ေလာက္ငွရံု အေနအထားပဲရွိတယ္။ မီးေတြ ဘာေတြ ပ်က္သြားရင္ေတာ့ ေဆးရံုမွာ ေရမေလာက္ငွတာေတြ ျဖစ္လာတယ္။ ဒါေၾကာင့္ အဝီစိတြင္း ထပ္တူးဖို႔ လိုအပ္ခ်က္ရွိတယ္။ ေမလ(၇)ရက္ေန႔ကေတာ့ ဂက္စ္ပိုက္လိုင္း အေထာက္အပံ့ အဖြဲ႔ကလာၿပီး ကြင္းဆင္း စစ္ေဆးသြားတယ္။ ေဆးရံုအတြက္ အဝီစိတြင္းရရွိေရး ကူညီေပးမယ္လို႔ေတာ့သိရတယ္။ အတိအက်ေတာ့ မေျပာတတ္ေသးဘူး”ဟု ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီးေဒါက္တာ ေအာင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕ျပည္သူ႔ေဆးရံုအတြက္ ေရရယူေနသည့္ ေပါက္အင္းေလး ေရစုေဆာင္းကန္ႏွင့္ အမွတ္(၂)ရပ္ကြက္ရွိ သစ္ေတာ(သဘာဝေရထြက္)ေရကန္တို႔မွာ ေဆးရံုႏွင့္ေဝးျခင္း၊ ေရအရင္းအျမစ္မွ ေရရရွိမႈ နည္းသြားျခင္း၊ စက္ျဖင့္တင္ယူရန္အတြက္ လ်ွပ္စစ္ဓာတ္အားမႏိုင္နင္းျခင္း( မီးအားမႏိုင္ျခင္း) တို႔ေၾကာင့္ ေဆးရံုဝန္းအတြင္းရွိ အဝီစိတြင္း(၂)ႏွစ္ခုမွ အလွည့္က်တင္ယူေနရသည့္အတြက္ ေရရရွိမႈ ေလ်ာ့နည္းလာရျခင္း ျဖစ္ေၾကာင္း သိရသည္။

“ရွိေနတဲ့ အဝီစိတြင္းကေန လ်ွပ္စစ္မီးနဲ႔တင္မယ္ ဆိုေတာ့လည္း တစ္တြင္းကိုေလးငါးနာရီေလာက္တင္မွ ေရဂါလန္(၄၀၀)ေလာက္ပဲရတယ္။ ႏွစ္တြင္းေပါင္းမွ တစ္ေန႔ကို ေရဂါလန္(၈၀၀)ေလာက္ပဲရတယ္။ ဒါေတာင္ေန႔ခင္းေတြမွာ တင္လို႔မရဘူး။ မီးအားမႏိုင္တဲ့အတြက္ ညပိုင္းေတြမွာတင္ရတယ္။ လံုးဝေရမေလာက္ငွတာေတာ ့မဟုတ္ဘူး။ မီးေတြဘာေတြ ပ်က္သြားရင္ ေရအရန္ မရွိတဲ့အတြက္ ေဆးရံုတစ္ခုလံုးမွာ ေရခက္ခဲတာေတြ ရွိတတ္တယ္”ဟု ေဆးရံုအုပ္ႀကီးက ေျပာသည္။

ေက်ာက္မဲျပည္သူ႔ေဆးရံုအတြက္ ေန႔စဥ္ ေရလိုအပ္ခ်က္မွာ ေရဂါလန္(၈၀၀၀)မွ (၁၀၀၀၀)အၾကားတြင္ ရွိသည့္အတြက္ ေရရရွိမည့္ အဝီစိတြင္းတစ္တြင္း ထပ္မံရရွိရန္အတြက္ ျပည္သူ႔ေဆးရံုေရ ရရွိေရး အက်ိဳးေတာ္ေဆာင္အဖြဲ႔မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တင္ျပထားေၾကာင္း သိရသည္။

“ေက်ာက္မဲစည္ပင္ေကာ္မတီအေနနဲ႔ကေတာ့ ေရရရွိေရးအက်ိဳးေဆာင္အဖြဲ႔မွာ ပါ ပါတယ္။ တစ္ေန႔က သြားၿပီး ကြင္းဆင္းစစ္ေဆးတာေတြ လုပ္ထားတယ္လို႔ သိရတယ္။ ဘယ္လိုလုပ္သြားမလဲ ဆိုတာေတာ့ အတိအက်ေတာ့ မေျပာတတ္ေသးဘူး”ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဝင္တစ္ဦးက ေျပာသည္။

လက္ရိွတြင္ ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးဌာနႏွင့္ သဘာဝ ဓာတ္ေငြ႔ပိုက္လိုင္း ျဖတ္သန္းသြားရာ ေဒသမ်ားကို အကူအညီေပးေနသည့္ အဖြဲ႔အစည္းတစ္ခု ပူးေပါင္းကာ ေျမျပင္ကြင္းဆင္းေလ့လာမႈမ်ားကို ေမလ(၇) ရက္ေန႔က လုပ္ေဆာင္ထားေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံအတွက် ရေရရှိနေသည့် ရေအရင်းအမြစ်(၄)ခုတွင် (၂)ခုသာ အသုံးပြု၍ ရတော့သည့်အတွက် ရေလိုအပ်ချက်များ ဖြစ်ပေါ်နေကြောင်း သိရသည်။

“ဆေးရုံအတွက် ရေရရှိသွယ်တန်းထားတဲ့နေရာ(၄)ခုမှာ (၂)ခုက ရေရရှိဖို့အဆင်မပြေတော့တဲ့အတွက် အဝီစိတွင်း (၂) ခုက ရေကိုပဲအလှည့်ကျ ထုတ်ယူနေရတယ်။ နေ့စဉ်ရေလိုအပ်ချက်ကို လောက်ငှရုံ အနေအထားပဲရှိတယ်။ မီးတွေ ဘာတွေ ပျက်သွားရင်တော့ ဆေးရုံမှာ ရေမလောက်ငှတာတွေ ဖြစ်လာတယ်။ ဒါကြောင့် အဝီစိတွင်း ထပ်တူးဖို့ လိုအပ်ချက်ရှိတယ်။ မေလ(၇)ရက်နေ့ကတော့ ဂက်စ်ပိုက်လိုင်း အထောက်အပံ့ အဖွဲ့ကလာပြီး ကွင်းဆင်း စစ်ဆေးသွားတယ်။ ဆေးရုံအတွက် အဝီစိတွင်းရရှိရေး ကူညီပေးမယ်လို့တော့သိရတယ်။ အတိအကျတော့ မပြောတတ်သေးဘူး”ဟု ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးဒေါက်တာ အောင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ပြည်သူ့ဆေးရုံအတွက် ရေရယူနေသည့် ပေါက်အင်းလေး ရေစုဆောင်းကန်နှင့် အမှတ်(၂)ရပ်ကွက်ရှိ သစ်တော(သဘာဝရေထွက်)ရေကန်တို့မှာ ဆေးရုံနှင့်ဝေးခြင်း၊ ရေအရင်းအမြစ်မှ ရေရရှိမှု နည်းသွားခြင်း၊ စက်ဖြင့်တင်ယူရန်အတွက် လျှပ်စစ်ဓာတ်အားမနိုင်နင်းခြင်း( မီးအားမနိုင်ခြင်း) တို့ကြောင့် ဆေးရုံဝန်းအတွင်းရှိ အဝီစိတွင်း(၂)နှစ်ခုမှ အလှည့်ကျတင်ယူနေရသည့်အတွက် ရေရရှိမှု လျော့နည်းလာရခြင်း ဖြစ်ကြောင်း သိရသည်။

“ရှိနေတဲ့ အဝီစိတွင်းကနေ လျှပ်စစ်မီးနဲ့တင်မယ် ဆိုတော့လည်း တစ်တွင်းကိုလေးငါးနာရီလောက်တင်မှ ရေဂါလန်(၄၀၀)လောက်ပဲရတယ်။ နှစ်တွင်းပေါင်းမှ တစ်နေ့ကို ရေဂါလန်(၈၀၀)လောက်ပဲရတယ်။ ဒါတောင်နေ့ခင်းတွေမှာ တင်လို့မရဘူး။ မီးအားမနိုင်တဲ့အတွက် ညပိုင်းတွေမှာတင်ရတယ်။ လုံးဝရေမလောက်ငှတာတော့မဟုတ်ဘူး။ မီးတွေဘာတွေ ပျက်သွားရင် ရေအရန် မရှိတဲ့အတွက် ဆေးရုံတစ်ခုလုံးမှာ ရေခက်ခဲတာတွေ ရှိတတ်တယ်”ဟု ဆေးရုံအုပ်ကြီးက ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံအတွက် နေ့စဉ် ရေလိုအပ်ချက်မှာ ရေဂါလန်(၈၀၀၀)မှ (၁၀၀၀၀)အကြားတွင် ရှိသည့်အတွက် ရေရရှိမည့် အဝီစိတွင်းတစ်တွင်း ထပ်မံရရှိရန်အတွက် ပြည်သူ့ဆေးရုံရေ ရရှိရေး အကျိုးတော်ဆောင်အဖွဲ့မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

“ကျောက်မဲစည်ပင်ကော်မတီအနေနဲ့ကတော့ ရေရရှိရေးအကျိုးဆောင်အဖွဲ့မှာ ပါ ပါတယ်။ တစ်နေ့က သွားပြီး ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ထားတယ်လို့ သိရတယ်။ ဘယ်လိုလုပ်သွားမလဲ ဆိုတာတော့ အတိအကျတော့ မပြောတတ်သေးဘူး”ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားရာ ဒေသများကို အကူအညီပေးနေသည့် အဖွဲ့အစည်းတစ်ခု ပူးပေါင်းကာ မြပြေင်ကွင်းဆင်းလေ့လာမှုများကို မေလ(၇) ရက်နေ့က လုပ်ဆောင်ထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~