ေက်ာက္မဲၿမိဳ႕နယ္တြင္ ဘုရားမီးပူေဇာ္ရာမွ ဘုန္းေတာ္ႀကီးေက်ာင္းမီးေလာင္

ေက်ာက္မဲၿမိဳ႕နယ္တြင္ ဘုရားမီးပူေဇာ္ရာမွ ဘုန္းေတာ္ႀကီးေက်ာင္းမီးေလာင္
မေ 27, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ပန္ေလာ့ေက်းရြာအုပ္စု နမ့္ပ်ဥ္ေက်းရြာရွိ ဘုန္းေတာ္ႀကီးေက်ာင္း တစ္ေက်ာင္းတြင္ ဘုရားမီးပူေဇာ္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္း၊ ဆိုင္ကယ္(၁)စီး ႏွင့္ စပါးတင္း(၁၆၀)တို႔ မီးေလာင္ဆံုးရံႈးသြားေၾကာင္းသိရသည္။

“ေမလ (၂၆) ရက္၊ ည (၉)နာရီ(၃၀)အခ်ိန္မွာ မီးစတင္ေလာင္ကြ်မ္းမႈျဖစ္တယ္လို႔ သိရတယ္။ သတင္းရတာကေတာ့ ည(၁၀)နာရီ(၂၅)ေလာက္မွာ ျပည္သူတစ္ဦးက ဖုန္းဆက္လာလို႔ သတင္းရတာပါ။ သတင္းရတာ ေနာက္က်တဲ့အျပင္ ေတာင္တက္လမ္းကို (၇)မိုင္ေလာက္သြားရတာျဖစ္တဲ့အတြက္ ေရာက္တဲ့ အခ်ိန္မွာ ေဘးပတ္ဝန္းက်င္ အေဆာက္အဦေတြကို မီးမကူးေအာင္ဘဲ ႃငွိမ္းသတ္ႏိုင္ခဲ့ပါတယ္။ ရြာသူ၊ ရြာသားေတြနဲ႔ မီးသတ္တပ္ဖြဲ႔နဲ႔ ႃငွိမ္းသတ္တာျဖစ္ပါတယ္” ဟု ေက်ာက္မဲခရိုင္မီးသတ္ဦးစီးမွဴး ဦးေဇာ္မင္းဦးက တာခီ်လိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ေအာက္ခံသံျပားမပါဘဲ သစ္သားတန္းေပၚ၌ ဖေယာင္းတိုင္မီးမ်ားထြန္းညွိပူေဇာ္ရာမွ မီးေလာင္ကြ်မ္းမႈ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မီးေလာင္ဆံုးရံႈးမႈတန္ဖိုး ေငြက်ပ္ ငါးဆယ့္ေလးသိန္းေက်ာ္ခန္႔ရိွေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔စခန္းမွ သိရသည္။

မီးေလာင္မႈအား ေက်းရြာေဒသခံမ်ားမွ ကနဦးႃငွိမ္းသတ္ေနခဲ့ၾကျခင္းျဖစ္ၿပီး ေက်ာက္မဲမီးသတ္ဌာနသို႔ ေဒသခံ တစ္ဦးမွဖုန္းျဖင့္ ဆက္သြယ္အေၾကာင္းၾကားခဲ့ရာ ေက်ာက္မဲမီးသတ္တပ္ဖြဲ႔မွ မီးသတ္ယာဥ္(၂)စီး၊ မီးသတ္ေရ သယ္ယာဥ္(၁)စီး၊ သေႏၶမီးသတ္တပ္ဖြဲ႔ဝင္(၁+၁၈)ဦး၊ အရန္မီးသတ္တပ္ဖြဲ႔ဝင္(၅)ဦး တို႔ျဖင့္ သြားေရာက္ ႃငွိမ္းသတ္ ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာ ဘုန္းႀကီးေက်ာင္းတည္ေနရာမွာ လက္နက္ကိုင္တပ္ဖြဲ႔မ်ား စိုးမိုးသည့္ နယ္ေျမျဖစ္သည့္အျပင္ သာသနိကပိုင္ အေဆာက္အဦျဖစ္ေနသည့္အတြက္ အမႈဖြင့္အေရး ယူထားျခင္း မရွိေသးေၾကာင္း သိရသည္။

သတင္း  ။  ။ ေနၿဖိဳးျမင့္
ဓာတ္ပံု ။   ။ ေက်ာက္မဲ မီးသတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအုပ်စု နမ့်ပျဉ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘုန်းကြီးကျောင်း တစ်ကျောင်း၊ ဆိုင်ကယ်(၁)စီး နှင့် စပါးတင်း(၁၆၀)တို့ မီးလောင်ဆုံးရှုံးသွားကြောင်းသိရသည်။

“မေလ (၂၆) ရက်၊ ည (၉)နာရီ(၃၀)အချိန်မှာ မီးစတင်လောင်ကျွမ်းမှုဖြစ်တယ်လို့ သိရတယ်။ သတင်းရတာကတော့ ည(၁၀)နာရီ(၂၅)လောက်မှာ ပြည်သူတစ်ဦးက ဖုန်းဆက်လာလို့ သတင်းရတာပါ။ သတင်းရတာ နောက်ကျတဲ့အပြင် တောင်တက်လမ်းကို (၇)မိုင်လောက်သွားရတာဖြစ်တဲ့အတွက် ရောက်တဲ့ အချိန်မှာ ဘေးပတ်ဝန်းကျင် အဆောက်အဦတွေကို မီးမကူးအောင်ဘဲ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ရွာသူ၊ ရွာသားတွေနဲ့ မီးသတ်တပ်ဖွဲ့နဲ့ ငြှိမ်းသတ်တာဖြစ်ပါတယ်” ဟု ကျောက်မဲခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အောက်ခံသံပြားမပါဘဲ သစ်သားတန်းပေါ်၌ ဖယောင်းတိုင်မီးများထွန်းညှိပူဇော်ရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ငါးဆယ့်လေးသိန်းကျော်ခန့်ရှိကြောင်း ကျောက်မဲမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

မီးလောင်မှုအား ကျေးရွာဒေသခံများမှ ကနဦးငြှိမ်းသတ်နေခဲ့ကြခြင်းဖြစ်ပြီး ကျောက်မဲမီးသတ်ဌာနသို့ ဒေသခံ တစ်ဦးမှဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ရာ ကျောက်မဲမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်(၂)စီး၊ မီးသတ်ရေ သယ်ယာဉ်(၁)စီး၊ သန္ဓမေီးသတ်တပ်ဖွဲ့ဝင်(၁+၁၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး တို့ဖြင့် သွားရောက် ငြှိမ်းသတ် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာ ဘုန်းကြီးကျောင်းတည်နေရာမှာ လက်နက်ကိုင်တပ်ဖွဲ့များ စိုးမိုးသည့် နယ်မြဖြေစ်သည့်အပြင် သာသနိကပိုင် အဆောက်အဦဖြစ်နေသည့်အတွက် အမှုဖွင့်အရေး ယူထားခြင်း မရှိသေးကြောင်း သိရသည်။

သတင်း။ နဖြေိုးမြင့်
ဓာတ်ပုံ။ ကျောက်မဲ မီးသတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~