ေက်ာက္မဲ ျမိဳ႕အဝင္လမ္း ခ်ဲ႕ထြင္ေရး ကုန္က်စရိတ္ ပုဂၢလိကကုမၸဏီ တာဝန္ယူ

ေက်ာက္မဲ ျမိဳ႕အဝင္လမ္း ခ်ဲ႕ထြင္ေရး ကုန္က်စရိတ္ ပုဂၢလိကကုမၸဏီ တာဝန္ယူ
မေ 3, 2017
By Tachileik News Agency

ျပည္ေထာင္စုလမ္းမႀကီးႏွင့္ ေက်ာက္မဲၿမဳိ႕အဝင္ ပင္လံုလမ္း လမ္းဆံုတြင္ ယာဥ္တိုက္မႈမ်ား မၾကာခဏ ျဖစ္ပြားတတ္သည့္ အတြက္ လမ္းနယ္နိမိတ္အား ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနႏွင့္ Oriental Highway Co.ltd ကုမၸဏီတို႔ ပူးေပါင္း၍ ေမလ ပထမပတ္အတြင္း ခ်ဲ႕ထြင္ျပဳျပင္သြားမည္ျဖစ္ေၾကာင္းသိရသည္။

“ဒီလမ္းက လမ္းဒီဇိုင္းမွားေနတယ္လို႔ အင္ဂ်င္နီယာေတြက အင္ဂ်င္နီယာ ရႈေထာင့္အရေျပာပါတယ္။ လမ္းကိုခ်ဲ႕ဖို႔ အရင္တုန္းကတည္းကအစီအစဥ္ရွိေပမယ့္ အေကာင္အထည္ေဖာ္တဲ့အပိုင္းမွာ ေတာ္ေတာ္နဲ႔ မလုပ္ျဖစ္တာပါ။ ဒီလမ္းဆံုက တစ္ကယ္ေတာ့ ယာဥ္အႏၱရာယ္အတြက္ ေတာ္ေတာ္ေလးစိုးရိမ္ရတယ္။ အသက္ ဆံုးရႈံးတဲ့အထိ ျဖစ္ပြားဖူး တာေတြရွိတယ္ဆိုတာလည္းၾကားဖူးထားတယ္ေလ။

ၿမိဳ့သူၿမိဳ့သားေတြကလည္း ဆႏၵရွိၾကတယ္ ဆိုေတာ့ အျမန္ဆံုးျဖစ္ေအာင္ အေကာင္အထည္ေဖာ္ေပးတာပါ” ဟု ေက်ာက္မဲၿမိဳ့ ၿမိဳ့နယ္စည္ပင္သာယာေရးဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးျမတ္ခန္႔ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီကိုေျပာသည္။

အဆိုပါလမ္းပိုင္းေနရာသည္္ ၿမိဳ႕တြင္း အဝင္အထြက္ယာဥ္မ်ား ျမင္ကြင္းမ်ားကြယ္ေနျခင္း လမ္းပံုသ႑ာန္ မမွန္ျဖစ္ေနျခင္းတို႔ေၾကာင့္ သြားလာရခက္္ခဲေနသည့္အတြက္ ေက်ာက္မဲရွိ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ ေက်ာက္မဲၿမိဳ႕စည္ပင္ေကာ္မတီဝင္မ်ား ညႇိႏႈိင္းတိုင္ပင္ကာ ေဆာင္ရြက္ေပးရန္ စီစဥ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

“လမ္းရဲ့ ဘယ္ ညာ ႏွစ္ဖက္က ျမင္ကြင္းကြယ္ေနတဲ့ ဆိုင္းဘုတ္ေတြ၊ ေၾကာ္ျငာေတြ၊ ဖုန္းတိုင္ေတြ၊ အုတ္ခံုေတြ၊ ပန္းအလွခံုေတြ၊ ဒါေတြကိုရွင္းလင္းဖယ္ရွားၿပီးေတာ့ ျမင္ကြင္းရွင္းသြားေစဖို႔အတြက္ ဘယ္ ညာ အေကြ႔ အဝိုက္ ေတြကို ဖယ္ရွားရွင္းလင္းၿပီး လမ္းေၾကာရွင္းလင္းဖို႔ ယာဥ္ေတြသြားလာရ လြယ္ကူအဆင္ေျပဖို႔ လုပ္ေဆာင္ သြားမွာပါ “ဟု ၿမိဳ႕နယ္စည္ပင္အရာရွိက ဆိုသည္။

ၿမိဳ႕နယ္စည္ပင္သာယာေရးဘက္ဂ်က္တြင္ အဆိုပါလမ္းအတြက္ လ်ာထားဘက္ဂ်က္ မပါဝင္သည့္အတြက္ Oriental Highway Co.ltd က ကုန္က်စရိတ္မ်ားအား တာဝန္ယူျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်ထောင်စုလမ်းမကြီးနှင့် ကျောက်မဲမြို့အဝင် ပင်လုံလမ်း လမ်းဆုံတွင် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားတတ်သည့် အတွက် လမ်းနယ်နိမိတ်အား မြို့နယ်စည်ပင်သာယာရေးဌာနနှင့် Oriental Highway Co.ltd ကုမ္ပဏီတို့ ပူးပေါင်း၍ မေလ ပထမပတ်အတွင်း ချဲ့ထွင်ပြုပြင်သွားမည်ဖြစ်ကြောင်းသိရသည်။

“ဒီလမ်းက လမ်းဒီဇိုင်းမှားနေတယ်လို့ အင်ဂျင်နီယာတွေက အင်ဂျင်နီယာ ရှုထောင့်အရပြောပါတယ်။ လမ်းကိုချဲ့ဖို့ အရင်တုန်းကတည်းကအစီအစဉ်ရှိပေမယ့် အကောင်အထည်ဖော်တဲ့အပိုင်းမှာ တော်တော်နဲ့ မလုပ်ဖြစ်တာပါ။ ဒီလမ်းဆုံက တစ်ကယ်တော့ ယာဉ်အန္တရာယ်အတွက် တော်တော်လေးစိုးရိမ်ရတယ်။ အသက် ဆုံးရှုံးတဲ့အထိ ဖြစ်ပွားဖူး တာတွေရှိတယ်ဆိုတာလည်းကြားဖူးထားတယ်လေ။

မြို့သူမြို့သားတွေကလည်း ဆန္ဒရှိကြတယ် ဆိုတော့ အမြန်ဆုံးဖြစ်အောင် အကောင်အထည်ဖော်ပေးတာပါ” ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ခန့်အေးက တာချီလိတ်သတင်းအေဂျင်စီကိုပြောသည်။

အဆိုပါလမ်းပိုင်းနေရာသည် မြို့တွင်း အဝင်အထွက်ယာဉ်များ မြင်ကွင်းများကွယ်နခြေင်း လမ်းပုံသဏ္ဍာန် မမှန်ဖြစ်နခြေင်းတို့ကြောင့် သွားလာရခက်ခဲနေသည့်အတွက် ကျောက်မဲရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျောက်မဲမြို့စည်ပင်ကော်မတီဝင်များ ညှိနှိုင်းတိုင်ပင်ကာ ဆောင်ရွက်ပေးရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းရဲ့ ဘယ် ညာ နှစ်ဖက်က မြင်ကွင်းကွယ်နေတဲ့ ဆိုင်းဘုတ်တွေ၊ ကြော်ငြာတွေ၊ ဖုန်းတိုင်တွေ၊ အုတ်ခုံတွေ၊ ပန်းအလှခုံတွေ၊ ဒါတွေကိုရှင်းလင်းဖယ်ရှားပြီးတော့ မြင်ကွင်းရှင်းသွားစေဖို့အတွက် ဘယ် ညာ အကွေ့ အဝိုက် တွေကို ဖယ်ရှားရှင်းလင်းပြီး လမ်းကြောရှင်းလင်းဖို့ ယာဉ်တွေသွားလာရ လွယ်ကူအဆင်ပြေဖို့ လုပ်ဆောင် သွားမှာပါ “ဟု မြို့နယ်စည်ပင်အရာရှိက ဆိုသည်။

မြို့နယ်စည်ပင်သာယာရေးဘက်ဂျက်တွင် အဆိုပါလမ်းအတွက် လျာထားဘက်ဂျက် မပါဝင်သည့်အတွက် Oriental Highway Co.ltd က ကုန်ကျစရိတ်များအား တာဝန်ယူခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~