ေက်ာက္မဲတြင္ လိုင္စင္ျပဳလုပ္သည့္ ဆိုင္ကယ္အစီးေရ (၃၅)စီးသာရိွ

ေက်ာက္မဲတြင္ လိုင္စင္ျပဳလုပ္သည့္ ဆိုင္ကယ္အစီးေရ (၃၅)စီးသာရိွ
မေ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေမလ (၁)ရက္မွစတင္၍ လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား မွတ္ပံုတင္ လုပ္ေဆာင္ေပးေနရာ ဆိုင္ကယ္အစီးေရ (၃၅)စီးသာ လိုင္စင္ျပဳလုပ္ေၾကာင္း ေက်ာက္မဲခရိုင္ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

“စလုပ္ေပးတဲ့ မတ္လကေန အခု ေမလအထိ အပတ္စဥ္ ဗုဒၶဟူးေန႔တိုင္းမွာ ေက်ာက္မဲခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈ ဦးစီးဌာနရံုးမွာ ျပဳလုပ္ေပးေနပါတယ္။ ဒါေပမယ့္ မွတ္ပံုတင္မဲ့ ဆိုင္ကယ္ေတြကို လာေရာက္မွတ္ပံုတင္သူ အေရအတြက္ဟာ အရမ္းကို နည္းေနပါေသးတယ္။ မတ္လကေန အခုေမလအထိ ေက်ာက္မဲၿမိဳ႕နယ္တစ္ခုလံုး အတြက္ (၃၅)စီးပဲ ရွိေသးတယ္“ဟု ေက်ာက္မဲခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမွဳ ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးဝင္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လိုင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ား မွတ္ပံုတင္ျခင္းကို ၂၀၁၇ ခုႏွစ္ မတ္လ (၁) ရက္ေန႔မွစ၍ အပတ္စဥ္ ဗုဒၶဟူးေန႔တုိင္း ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရံုးမ်ားတြင္ လုပ္ေဆာင္ေပးေနျခင္းျဖစ္ၿပီး ဧၿပီလတြင္ လိုင္စင္ထုတ္ေပးျခင္း ေခတၱရပ္နားခဲ့ေၾကာင္း သိရသည္။

“ဒီတစ္ေခါက္ လိုင္စင္လုပ္ေပးတာက ေကာက္ခံတဲ့အခြန္ႏႈန္းမ်ားတယ္လို႔ ထင္တယ္။ ဆိုင္ကယ္ စီးနင္းတဲ့သူက အမ်ိဳးမ်ိဳး ရွိတယ္ေလ။ ေငြေၾကးတတ္ႏိုင္လို႔ ထိုင္းဘီးေတြ၊ ဂ်ပန္ဘီးေတြ စီးတဲ့ သူေတြကေတာ့ အခြန္ဘယ္ေလာက္ မ်ားမ်ား၊ တန္ဖိုးဘယ္ေလာက္ ႀကီးႀကီး တတ္နိုင္လို႔ ဝယ္ၾကတာ ကိစၥမရွိဘူး။ ကြ်န္မတို႔လို တရုတ္ဘီးေလးေတြ မျဖစ္မေန ဝယ္စီးရတဲ့သူေတြက်ေတာ့ လိုင္စင္လုပ္ဖို႔ မတတ္ႏိုင္ဘူး။ လိုင္စင္လုပ္ၿပီးသားကို ျပန္ေရာင္းလည္း လိုင္စင္မပါတဲ့ဘီးနဲ႔ တန္ဖိုးက အဲဒီေလာက္ မကြာဘူး။ ဒါေၾကာင့္ မလုပ္ျဖစ္ေတာ့ဘူး”ဟု ေက်ာက္မဲေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။

ေက်ာက္မဲၿမိဳ႕နယ္ အတြင္း မွတ္ပံုတင္မဲ့ဆိုင္ကယ္မ်ားအား မွတ္ပံုတင္ထုတ္ေပးျခင္းအား ၂၀၁၇ ခုႏွစ္ မတ္လမွစ၍ လက္ရွိအခ်ိန္ထိ ျပဳလုပ္ေပးေနၿပီး မိုးမိတ္ၿမိဳ႕နယ္ႏွင့္ မဘိန္းၿမိဳ႕နယ္အတြင္းရွိ မွတ္ပံုတင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား မွတ္ပံုတင္ေပးျခင္းကို ေမလ (၁၅) ရက္ေန႔မွ (၁၈)ရက္ေန႔အထိ လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“မိုးမိတ္ၿမိဳ႕နယ္အတြက္ လိုင္စင္ေတြျပဳလုပ္ေပးဖို႔ကေတာ့ အကုန္ျပင္ဆင္ၿပီးသြားပါၿပီ။ ရက္လည္း သတ္မွတ္ၿပီး သြားၿပီ။ အထက္ကို စာတင္ၿပီးေတာ့ အခ်ိန္က်တာနဲ႔ စတင္လုပ္ေဆာင္ေပးသြားမွာပါ။ ရွမ္းျပည္နယ္ တစ္ခုလံုး မွာဆိုရင္ေတာ့ ရွမ္းေျမာက္ က နယ္ေျမမၿငိမ္သက္လို႔လား ဘာလားေတာ့ မေျပာတတ္ဘူး။ လိုင္စင္လာေရာက္ လုပ္ေဆာင္သူ ေတာ္ေတာ္နည္းပါးပါတယ္ “ဟု ဦးစီးအရာရွိက ေျပာသည္။

ရွမ္းျပည္နယ္အတြင္း လုိင္စင္မဲ့ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ဇြန္လမွစ၍ ေရွာင္တခင္ စစ္ေဆးဖမ္းဆီးမႈမ်ားကို လုပ္ေဆာင္ရာတြင္ ဖမ္းဆီးရမိပါက ဒဏ္ေၾကးျဖင့္ ယာဥ္မွတ္ပံုတင္ လုပ္ေဆာင္ႏုိင္မည္ျဖစ္ၿပီး ယာဥ္မွတ္ပံုတင္ မျပဳလုပ္ပါက ယာဥ္အားသိမ္းဆည္းမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း မေလ (၁)ရက်မှစတင်၍ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင် လုပ်ဆောင်ပေးနေရာ ဆိုင်ကယ်အစီးရေ (၃၅)စီးသာ လိုင်စင်ပြုလုပ်ကြောင်း ကျောက်မဲခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“စလုပ်ပေးတဲ့ မတ်လကနေ အခု မေလအထိ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှာ ပြုလုပ်ပေးနေပါတယ်။ ဒါပေမယ့် မှတ်ပုံတင်မဲ့ ဆိုင်ကယ်တွေကို လာရောက်မှတ်ပုံတင်သူ အရေအတွက်ဟာ အရမ်းကို နည်းနေပါသေးတယ်။ မတ်လကနေ အခုမေလအထိ ကျောက်မဲမြို့နယ်တစ်ခုလုံး အတွက် (၃၅)စီးပဲ ရှိသေးတယ်“ဟု ကျောက်မဲခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ခြင်းကို ၂၀၁၇ ခုနှစ် မတ်လ (၁) ရက်နေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများတွင် လုပ်ဆောင်ပေးနခြေင်းဖြစ်ပြီး ဧပြီလတွင် လိုင်စင်ထုတ်ပေးခြင်း ခေတ္တရပ်နားခဲ့ကြောင်း သိရသည်။

“ဒီတစ်ခေါက် လိုင်စင်လုပ်ပေးတာက ကောက်ခံတဲ့အခွန်နှုန်းများတယ်လို့ ထင်တယ်။ ဆိုင်ကယ် စီးနင်းတဲ့သူက အမျိုးမျိုး ရှိတယ်လေ။ ငွေကြေးတတ်နိုင်လို့ ထိုင်းဘီးတွေ၊ ဂျပန်ဘီးတွေ စီးတဲ့ သူတွေကတော့ အခွန်ဘယ်လောက် များများ၊ တန်ဖိုးဘယ်လောက် ကြီးကြီး တတ်နိုင်လို့ ဝယ်ကြတာ ကိစ္စမရှိဘူး။ ကျွန်မတို့လို တရုတ်ဘီးလေးတွေ မဖြစ်မနေ ဝယ်စီးရတဲ့သူတွေကျတော့ လိုင်စင်လုပ်ဖို့ မတတ်နိုင်ဘူး။ လိုင်စင်လုပ်ပြီးသားကို ပြန်ရောင်းလည်း လိုင်စင်မပါတဲ့ဘီးနဲ့ တန်ဖိုးက အဲဒီလောက် မကွာဘူး။ ဒါကြောင့် မလုပ်ဖြစ်တော့ဘူး”ဟု ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်မဲမြို့နယ် အတွင်း မှတ်ပုံတင်မဲ့ဆိုင်ကယ်များအား မှတ်ပုံတင်ထုတ်ပေးခြင်းအား ၂၀၁၇ ခုနှစ် မတ်လမှစ၍ လက်ရှိအချိန်ထိ ပြုလုပ်ပေးနပြေီး မိုးမိတ်မြို့နယ်နှင့် မဘိန်းမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား မှတ်ပုံတင်ပေးခြင်းကို မေလ (၁၅) ရက်နေ့မှ (၁၈)ရက်နေ့အထိ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“မိုးမိတ်မြို့နယ်အတွက် လိုင်စင်တွပြေုလုပ်ပေးဖို့ကတော့ အကုန်ပြင်ဆင်ပြီးသွားပါပြီ။ ရက်လည်း သတ်မှတ်ပြီး သွားပြီ။ အထက်ကို စာတင်ပြီးတော့ အချိန်ကျတာနဲ့ စတင်လုပ်ဆောင်ပေးသွားမှာပါ။ ရှမ်းပြည်နယ် တစ်ခုလုံး မှာဆိုရင်တော့ ရှမ်းမြောက် က နယ်မြေမငြိမ်သက်လို့လား ဘာလားတော့ မပြောတတ်ဘူး။ လိုင်စင်လာရောက် လုပ်ဆောင်သူ တော်တော်နည်းပါးပါတယ် “ဟု ဦးစီးအရာရှိက ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ဇွန်လမှစ၍ ရှောင်တခင် စစ်ဆေးဖမ်းဆီးမှုများကို လုပ်ဆောင်ရာတွင် ဖမ်းဆီးရမိပါက ဒဏ်ကြေးဖြင့် ယာဉ်မှတ်ပုံတင် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ယာဉ်မှတ်ပုံတင် မပြုလုပ်ပါက ယာဉ်အားသိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~