မီးသတ် နှင့် စည်ပင် ပူးပေါင်း၍ ကျောက်မဲတွင် သန့်ရှင်းရေးပြုလုပ်

မီးသတ် နှင့် စည်ပင် ပူးပေါင်း၍ ကျောက်မဲတွင် သန့်ရှင်းရေးပြုလုပ်
မေ 2, 2017
By Tachileik News Agency

(၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် မြို့နယ်စည်ပင်သာယာရေး ၀န်ထမ်းများမှ မေလ(၂)ရက်နေ့ နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။


"သန္ဓေမီးသတ်တပ်ဖွဲ့ဝင်က(၄၅)ဦး အရန်မီးသတ်တပ်ဖွဲ့ဝင်က(၆၀)ဦးနဲ့ မြို့နယ်စည်ပင်သာယာရေးဌာနက ဝန်ထမ်း အင်အား(၄၀)စုပေါင်းပြီးတော့ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းဖြစ်ပါတယ်၊ ပြည်သူ့ဆေးရုံကြီးရှေ့မျက်နှာစာကနေ ခရိုင်အားကစားကွင်း မျက်နှာစာရှေ့က သစ်ပင်ခြုံနွယ်တွေကို ရှင်းလင်းတာပါ"ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမြတ်ခန့်အေး က ပြောသည်။


သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

(၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသည့်အနဖြေင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများမှ မေလ(၂)ရက်နေ့ နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ကျောက်မဲမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး၏ ပြင်ပမျက်နှာစာနှင့် ကျောက်မဲခရိုင် အားကစားကွင်းရှေ့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

"သန္ဓမေီးသတ်တပ်ဖွဲ့ဝင်က(၄၅)ဦး အရန်မီးသတ်တပ်ဖွဲ့ဝင်က(၆၀)ဦးနဲ့ မြို့နယ်စည်ပင်သာယာရေးဌာနက ဝန်ထမ်း အင်အား(၄၀)စုပေါင်းပြီးတော့ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းဖြစ်ပါတယ်၊ ပြည်သူ့ဆေးရုံကြီးရှေ့မျက်နှာစာကနေ ခရိုင်အားကစားကွင်း မျက်နှာစာရှေ့က သစ်ပင်ခြုံနွယ်တွေကို ရှင်းလင်းတာပါ"ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးမြတ်ခန့်အေး က ပြောသည်။

မေလ(၂)ရက်နေ့ နံနက်(၇)နာရီအချိန်မှ နံနက်(၁၀)နာရီခန့်အထိ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များလည်း လာရောက်ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~