ယခုပညာသင္ႏွစ္မွစ၍ ေျခာက္ႏွစ္အရြယ္ကေလးတုိင္း ဂရိတ္ဝမ္းတက္ေရာက္ႏုိင္

ယခုပညာသင္ႏွစ္မွစ၍ ေျခာက္ႏွစ္အရြယ္ကေလးတုိင္း ဂရိတ္ဝမ္းတက္ေရာက္ႏုိင္
မေ 27, 2017
By Tachileik News Agency

၂၀၁၇ -၂၀၁၈ ပညာသင္ႏွစ္မွစ၍ အသက္(၆)ႏွစ္ျပည့္သည့္ ကေလးတိုင္း KGတန္းတက္သည္ျဖစ္ေစ၊ မတက္သည္ျဖစ္ေစ ဂရိတ္ဝမ္းသို႔ စတင္အပ္ႏွံတက္ေရာက္ႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

“မႏွစ္ကဆိုရင္ KGကေနစၿပီးေတာ့ သင္ရိုးညႊန္းတမ္းေတြ ေျပာင္းလဲတယ္။ ဒီႏွစ္ကေတာ့ ဂရိတ္ဝမ္းကေနစၿပီး သင္ရိုးညြန္းတမ္းေတြေျပာင္းလဲၿပီးေတာ့ ျပန္လည္ေရးဆြဲတယ္။ ေျခာက္ႏွစ္အရြယ္ ကေလးေတြမွန္သမွ် KGဝင္သည္ျဖစ္ေစ မဝင္သည္ျဖစ္ေစ ကေလးအားလံုးက ဂရိတ္ဝမ္းကို အားလံုးတက္ေရာက္ သင္ၾကားနိုင္ပါၿပီ”ဟု ရွမ္းျပည္နယ္(ေတာင္ပိုင္း)ျပည္နယ္ပညာေရးမွဴး ညြန္ၾကားေရးမွဴးရံုးမွ ဒုညြန္ၾကားေရးမွဴး ေဒၚခင္၀င္းျမင့္ က ေျပာသည္။

ေက်ာင္းထြက္သူ ပေပ်ာက္ေရးအတြက္ ေက်ာင္းတြင္ ေငြေၾကးေကာက္ခံမႈမ်ားအားလံုး မလုပ္ေဆာင္ရန္ ညႊန္ၾကားထားၿပီးျဖစ္ေၾကာင္း သိရသည္။

“ေက်ာင္းထြက္သူ ပေပ်ာက္ေရးအတြက္ကိုလည္း ေက်ာင္းသားအားလံုးေပ်ာ္ေအာင္ ပညာေရးဌာနက ဆရာ/မ ေတြကိုလည္း ေငြေၾကးေကာက္ခံမႈေတြကို ဘာမွမလုပ္ဖို႔ ညြန္ၾကားထားပါတယ္။ ၿမိဳ႕ျပသာမကဘဲ ေက်းလက္ေတြမွာ ေကာက္ခံေနတယ္ဆိုရင္ ၿမိဳ႕နယ္မွဴးကေနတစ္ဆင့္ ခရိုင္၊ ျပည္နယ္အထိ အဆင့္ဆင့္ တိုင္ၾကားႏိုင္ပါတယ္။ မိဘမဲ့ကေလး၊ မသန္စြမ္းကေလးေတြ အားလံုးမခြဲျခားဘဲ ေက်ာင္းေနအရြယ္ ကေလးအားလံုး ေက်ာင္းတက္နိုင္ေအာင္ ေဆာင္ရြက္ေနပါတယ္” ဟု ဒုညြန္ၾကားေရးမွဴး ေဒၚခင္၀င္းျမင့္ က ေျပာသည္။

ယခုပညာသင္ႏွစ္မွစ၍ ေက်ာင္းအပ္ရာတြင္ ေက်ာင္းလခ၊ အေထြေထြေၾကး၊ မိဘဆရာအသင္းေၾကး မ်ား လံုးဝေကာက္ခံျခင္းမရိွေတာ့ဘဲ အေျခခံပညာေက်ာင္းမွအတန္းအားလံုး အခမဲ့ပညာေရးစနစ္ကို အေကာင္အထည္ ေဖာ္ေနၿပီျဖစ္ေၾကာင္း ျပည္နယ္ပညာေရးမွဴးရံုးမွ သိရသည္။

“အရင္တုန္းကဆိုရင္ အလယ္တန္း၊ အထက္တန္းေတြမွာ ေက်ာင္းလခ၊ အေထြေထြေၾကး၊ မိဘဆရာအသင္းေၾကးေတြ ေကာက္ခံပါတယ္။ ဒီႏွစ္ပညာသင္ႏွစ္မွာေတာ့ လံုး၀ေကာက္ခံျခင္း မရွိေတာ့ဘဲ အားလံုးအခမဲ႕ျဖစ္သြားပါၿပီ။ မူ၊လယ္၊ထက္ အားလံုး အခမဲ႕ ပညာေရး ျဖစ္သြားပါၿပီ”ဟု ဒုညြန္ၾကားေရးမွဴး ေဒၚခင္၀င္းျမင့္ က ေျပာသည္။

ေက်ာင္းအပ္ႏွံေရးေန႔ အခမ္းအနားအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕ အထက (၁) ေက်ာင္းတြင္ ေမလ (၂၇)ရက္ေန႔က က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းလည္း တက္ေရာက္ၿပီး ရွမ္းျပည္နယ္အတြင္းရွိ ေက်ာင္းေနအရြယ္ကေလးတိုင္း ေက်ာင္းအပ္ႏွံေရးႏွင့္ ေက်ာင္းထြက္သူ ပေပ်ာက္ေစေရးအတြက္ ျပည္သူအားလံုး ပူးေပါင္းေဆာင္ရြက္ေရး တုိက္တြန္းေၾကာင္း သိရသည္။

ေက်ာင္းအပ္ႏွံေရး သီတင္းပတ္ကို ေမလ (၂၅) ရက္ေန႔မွ ေမလ (၃၁) ရက္ေန႔အထိ သတ္မွတ္ ထားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္တစ္ခုလံုးတြင္ အေျခခံပညာေက်ာင္းေပါင္း (၅၉၇၃)ေက်ာင္းရိွရာ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ အထက္တန္းေက်ာင္း(၁၅) ေက်ာင္း၊ အလယ္တန္းေက်ာင္း (၇၅)ေက်ာင္း၊ မူလတန္းေက်ာင္း (၈၈) ေက်ာင္း၊ အထက္တန္းေက်ာင္း(ခြဲ) (၉)ေက်ာင္း၊ အလယ္တန္းေက်ာင္း(ခြဲ)(၃၀)ေက်ာင္း၊ မူလတန္းလြန္ေက်ာင္း (၆၀) ႏွင့္ အမက(ခြဲ)(၃၆) ေက်ာင္း ရိွေၾကာင္း သိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ -၂၀၁၈ ပညာသင်နှစ်မှစ၍ အသက်(၆)နှစ်ပြည့်သည့် ကလေးတိုင်း KGတန်းတက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ ဂရိတ်ဝမ်းသို့ စတင်အပ်နှံတက်ရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

“မနှစ်ကဆိုရင် KGကနေစပြီးတော့ သင်ရိုးညွှန်းတမ်းတွေ ပြောင်းလဲတယ်။ ဒီနှစ်ကတော့ ဂရိတ်ဝမ်းကနေစပြီး သင်ရိုးညွန်းတမ်းတွေပြောင်းလဲပြီးတော့ ပြန်လည်ရေးဆွဲတယ်။ ခြောက်နှစ်အရွယ် ကလေးတွေမှန်သမျှ KGဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ကလေးအားလုံးက ဂရိတ်ဝမ်းကို အားလုံးတက်ရောက် သင်ကြားနိုင်ပါပြီ”ဟု ရှမ်းပြည်နယ်(တောင်ပိုင်း)ပြည်နယ်ပညာရေးမှူး ညွန်ကြားရေးမှူးရုံးမှ ဒုညွန်ကြားရေးမှူး ဒေါ်ခင်ဝင်းမြင့် က ပြောသည်။

ကျောင်းထွက်သူ ပပျောက်ရေးအတွက် ကျောင်းတွင် ငွေကြေးကောက်ခံမှုများအားလုံး မလုပ်ဆောင်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

“ကျောင်းထွက်သူ ပပျောက်ရေးအတွက်ကိုလည်း ကျောင်းသားအားလုံးပျော်အောင် ပညာရေးဌာနက ဆရာ/မ တွေကိုလည်း ငွေကြေးကောက်ခံမှုတွေကို ဘာမှမလုပ်ဖို့ ညွန်ကြားထားပါတယ်။ မြို့ပြသာမကဘဲ ကျေးလက်တွေမှာ ကောက်ခံနေတယ်ဆိုရင် မြို့နယ်မှူးကနေတစ်ဆင့် ခရိုင်၊ ပြည်နယ်အထိ အဆင့်ဆင့် တိုင်ကြားနိုင်ပါတယ်။ မိဘမဲ့ကလေး၊ မသန်စွမ်းကလေးတွေ အားလုံးမခွဲခြားဘဲ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်နိုင်အောင် ဆောင်ရွက်နေပါတယ်” ဟု ဒုညွန်ကြားရေးမှူး ဒေါ်ခင်ဝင်းမြင့် က ပြောသည်။

ယခုပညာသင်နှစ်မှစ၍ ကျောင်းအပ်ရာတွင် ကျောင်းလခ၊ အထွေထွေကြေး၊ မိဘဆရာအသင်းကြေး များ လုံးဝကောက်ခံခြင်းမရှိတော့ဘဲ အခြေခံပညာကျောင်းမှအတန်းအားလုံး အခမဲ့ပညာရေးစနစ်ကို အကောင်အထည် ဖော်နပြေီဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

“အရင်တုန်းကဆိုရင် အလယ်တန်း၊ အထက်တန်းတွေမှာ ကျောင်းလခ၊ အထွေထွေကြေး၊ မိဘဆရာအသင်းကြေးတွေ ကောက်ခံပါတယ်။ ဒီနှစ်ပညာသင်နှစ်မှာတော့ လုံးဝကောက်ခံခြင်း မရှိတော့ဘဲ အားလုံးအခမဲ့ဖြစ်သွားပါပြီ။ မူ၊လယ်၊ထက် အားလုံး အခမဲ့ ပညာရေး ဖြစ်သွားပါပြီ”ဟု ဒုညွန်ကြားရေးမှူး ဒေါ်ခင်ဝင်းမြင့် က ပြောသည်။

ကျောင်းအပ်နှံရေးနေ့ အခမ်းအနားအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ အထက (၁) ကျောင်းတွင် မေလ (၂၇)ရက်နေ့က ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းလည်း တက်ရောက်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်စေရေးအတွက် ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းကြောင်း သိရသည်။

ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၅) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ သတ်မှတ် ထားကြောင်း သိရသည်။

ရှမ်းပြည်နယ်တစ်ခုလုံးတွင် အခြေခံပညာကျောင်းပေါင်း (၅၉၇၃)ကျောင်းရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အထက်တန်းကျောင်း(၁၅) ကျောင်း၊ အလယ်တန်းကျောင်း (၇၅)ကျောင်း၊ မူလတန်းကျောင်း (၈၈) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၉)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၃၀)ကျောင်း၊ မူလတန်းလွန်ကျောင်း (၆၀) နှင့် အမက(ခွဲ)(၃၆) ကျောင်း ရှိကြောင်း သိရသည်။

သတင်း - နိုနို 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~