ပိုင္ရွင္မေပၚသည့္ တရားမဝင္သစ္ ၅၃ တန္ေက်ာ္အား ဖ႐ူဆိုၿမိဳ႕နယ္တြင္ သိမ္းဆည္းရမိ

ပိုင္ရွင္မေပၚသည့္ တရားမဝင္သစ္ ၅၃ တန္ေက်ာ္အား ဖ႐ူဆိုၿမိဳ႕နယ္တြင္ သိမ္းဆည္းရမိ
မေ 16, 2017
By Tachileik News Agency

ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ ေကးလ်ားေက်းရြာတြင္ ေမလ (၁၅) ရက္ေန႔က စုစုေပါင္း အေလးခ်ိန္(၅၃.၉၃၃)တန္ရွိသည့္ သစ္လုံးေရ (၁၀၀)ေက်ာ္ ပိုင္ရွင္မဲ့ ဖမ္းဆီးရမိေၾကာင္း သိရသည္။

တပ္မေတာ္စစ္ေၾကာင္းတစ္ခုမွ ေမလ (၁၄) ရက္ေန႔တြင္ ေကးလ်ားေက်းရြာ၌ သစ္လုံးမ်ားေတြ႔႐ွိေၾကာင္း အေၾကာင္းၾကားလာ ေသာေၾကာင့္ သစ္ေတာဦးစီးဌာနၫႊန္ၾကားေရးမွဴးႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ား တပ္မေတာ္စစ္ေၾကာင္းမ်ား ႏွင့္ သြားေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးတီရယ္ ထံမွ သိရသည္။

"တနဂၤေႏြေန႔ကေပါ့။ တပ္မေတာ္က အေၾကာင္းၾကားလာေတာ့ ကၽြန္ေတာ္က KNPP ကိုလည္း လွမ္းေျပာတယ္။ ခင္ဗ်ားသစ္လားေပါ့။ ခင္ဗ်ားတို႔ဟာဆိုရင္လည္း ကၽြန္ေတာ္က ဒ.က.စ ရယ္၊ နယ္လုံရယ္ကို ညိႇၿပီး လုပ္ေပးရမွာဆိုေတာ့ အေၾကာင္းျပန္ေပးဖို႔ လွမ္းေျပာတယ္။ အေၾကာင္းမျပန္ေတာ့ ကၽြန္ေတာ္က သစ္ေတာရယ္ လုံျခံဳမႈ႐ွိဖို႔လည္းလိုေတာ့ ရဲရယ္၊ တပ္မေတာ္ရယ္ေပါ့ သြားဖမ္းလိုက္တာေပါ့။ ခုထိေတာ့ သယ္လို႔ မကုန္ေသးဘူး "ဟု ျပည္နယ္ဝန္ႀကီး ဦးတီရယ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကၽြန္း၊ ပိေတာက္၊ ပ်ဥ္းကတိုး၊ သစ္ယာ၊ အင္အမ်ိဳးအစားသစ္လံုးသစ္ခြဲဲသား စုစုေပါင္း (၅၃.၉၃၃)တန္အား သစ္ခြဲစက္အင္ဂ်င္နွင့္အတူ ဖ႐ူဆိုၿမိဳ႕နယ္၊ ေကးလ်ားေက်းရြာ၊ အေရွ႕ေတာင္ဘက္(၁)မိုင္ခန္႔အကြာတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး ဒီးေမာ့ဆိုၿမိဳ႕နယ္ သစ္ေတာဦးစီးဌာန႐ုံးတြင္ ထိန္းသိမ္းထားေၾကာင္း သိရသည္။

"ဖမ္းတဲ့ညပဲ ျပန္သယ္တယ္။ လမ္းေပၚ သံဆူးေတြ လာေထာင္သြားတယ္။ ကားသုံးစီးဘီးေပါက္တယ္။ အဲဒီလုိ အခုသစ္ေတြကို ဖ႐ူဆိုမွာ သစ္ေတာ႐ုံး မ႐ွိတဲ့အတြက္ ဒီးေမာ့ဆို သစ္ေတာ႐ုံးမွာ ထားထားပါတယ္။ လက္နက္ကိုင္ အဖြဲ႔ေတြကိုလည္း အေၾကာင္းၾကားခဲ့ေပမယ့္ သူတို႔က အေၾကာင္းမျပန္ဘူးေလ"ဟု ဝန္ႀကီးက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဖမ္းဆီးရမိသည့္ သစ္မ်ား၏ ပိုင္ရွင္အား ဆက္လက္စံုစမ္းရွာေဖြဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ် ဖရူဆိုမြို့နယ် ကေးလျားကျေးရွာတွင် မေလ (၁၅) ရက်နေ့က စုစုပေါင်း အလေးချိန်(၅၃.၉၃၃)တန်ရှိသည့် သစ်လုံးရေ (၁၀၀)ကျော် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းတစ်ခုမှ မေလ (၁၄) ရက်နေ့တွင် ကေးလျားကျေးရွာ၌ သစ်လုံးများတွေ့ရှိကြောင်း အကြောင်းကြားလာ သောကြောင့် သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ တပ်မတော်စစ်ကြောင်းများ နှင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် ထံမှ သိရသည်။

"တနင်္ဂေနွနေ့ကပေါ့။ တပ်မတော်က အကြောင်းကြားလာတော့ ကျွန်တော်က KNPP ကိုလည်း လှမ်းပြောတယ်။ ခင်ဗျားသစ်လားပေါ့။ ခင်ဗျားတို့ဟာဆိုရင်လည်း ကျွန်တော်က ဒ.က.စ ရယ်၊ နယ်လုံရယ်ကို ညှိပြီး လုပ်ပေးရမှာဆိုတော့ အကြောင်းပြန်ပေးဖို့ လှမ်းပြောတယ်။ အကြောင်းမပြန်တော့ ကျွန်တော်က သစ်တောရယ် လုံခြုံမှုရှိဖို့လည်းလိုတော့ ရဲရယ်၊ တပ်မတော်ရယ်ပေါ့ သွားဖမ်းလိုက်တာပေါ့။ ခုထိတော့ သယ်လို့ မကုန်သေးဘူး "ဟု ပြည်နယ်ဝန်ကြီး ဦးတီရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုး၊ သစ်ယာ၊ အင်အမျိုးအစားသစ်လုံးသစ်ခွဲသား စုစုပေါင်း (၅၃.၉၃၃)တန်အား သစ်ခွဲစက်အင်ဂျင်နှင့်အတူ ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာ၊ အရှေ့တောင်ဘက်(၁)မိုင်ခန့်အကွာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဒီးမော့ဆိုမြို့နယ် သစ်တောဦးစီးဌာနရုံးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

"ဖမ်းတဲ့ညပဲ ပြန်သယ်တယ်။ လမ်းပေါ် သံဆူးတွေ လာထောင်သွားတယ်။ ကားသုံးစီးဘီးပေါက်တယ်။ အဲဒီလို အခုသစ်တွေကို ဖရူဆိုမှာ သစ်တောရုံး မရှိတဲ့အတွက် ဒီးမော့ဆို သစ်တောရုံးမှာ ထားထားပါတယ်။ လက်နက်ကိုင် အဖွဲ့တွေကိုလည်း အကြောင်းကြားခဲ့ပေမယ့် သူတို့က အကြောင်းမပြန်ဘူးလေ"ဟု ဝန်ကြီးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးရမိသည့် သစ်များ၏ ပိုင်ရှင်အား ဆက်လက်စုံစမ်းရှာဖွေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~