အစိုးရႏွင့္ RCSS/SSA တို႔၏ ပထမဆံုး ျပည္နယ္အဆင့္ JMC ရံုးခန္း ခိုလမ္ၿမိဳ႕တြင္ ဖြင့္လွစ္

အစိုးရႏွင့္ RCSS/SSA တို႔၏ ပထမဆံုး ျပည္နယ္အဆင့္ JMC ရံုးခန္း ခိုလမ္ၿမိဳ႕တြင္ ဖြင့္လွစ္
မေ 30, 2017
By Tachileik News Agency

အစိုးရႏွင့္ RCSS/SSA တို႔၏ ပထမဆံုး ျပည္နယ္အဆင့္ ရံုးခန္းအျဖစ္ ရွမ္းျပည္နယ္ ပစ္ခတ္တိုက္ခုိက္မႈ ရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ၏ ရုံးအေဆာက္အအံုအား ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လြိဳင္လင္ခ႐ုိင္၊ နမ့္စန္ၿမိဳ႕နယ္၊ ခုိလမ္ၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္၊ ေမလ (၃၀) ရက္ေန႔က ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။

အဆိုပါရံုးဖြင့္ပြဲအခမ္းအနားသို႔ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC-U)မွ ကိုယ္စားလွယ္မ်ား၊ ရွမ္းျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စြဲေရးဆိုင္ရာေကာ္မတီ [JMC-S(Shan)]မွ ကိုယ္စားလွယ္မ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

၂၀၁၅ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၅)ရက္ေန႔တြင္ NCA လက္မွတ္ေရးထိုးၿပီးေနာက္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC-U)ကို စတင္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္
ဓာတ္ပံု- ေဒါက္တာမင္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

အစိုးရနှင့် RCSS/SSA တို့၏ ပထမဆုံး ပြည်နယ်အဆင့် ရုံးခန်းအဖြစ် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ရုံးအဆောက်အအုံအား ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင် ၂၀၁၇ ခုနှစ်၊ မေလ (၃၀) ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါရုံးဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)မှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စွဲရေးဆိုင်ရာကော်မတီ [JMC-S(Shan)]မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့တွင် NCA လက်မှတ်ရေးထိုးပြီးနောက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)ကို စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ- ဒေါက်တာမင်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~