“လူနဲ႔စစ္ရတာျဖစ္တဲ့အတြက္ အက်င့္ပ်က္ျခစားမႈဆိုတဲ့ကိစၥေတြ အမ်ားႀကီးပါလာတယ္”

“လူနဲ႔စစ္ရတာျဖစ္တဲ့အတြက္ အက်င့္ပ်က္ျခစားမႈဆိုတဲ့ကိစၥေတြ အမ်ားႀကီးပါလာတယ္”
မေ 1, 2017
By Tachileik News Agency

“လူနဲ႔စစ္ရတာျဖစ္တဲ့အတြက္ အက်င့္ပ်က္ျခစားမႈဆိုတဲ့ကိစၥေတြ အမ်ားႀကီးပါလာတယ္” 
ကုန္သြယ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴး 
ဦးတင္ရဲဝင္း ႏွင့္ ေတြ႔ဆံုျခင္း အပိုင္း(၁)

ထိုင္း၊ လာအိုႏွင့္ တရုတ္ႏုိင္ငံမ်ားႏွင့္ နယ္စပ္ကုန္းလမ္းေၾကာင္း၊ မဲေခါင္ျမစ္ေၾကာင္းတို႔မွ ကုန္သြယ္ေရး ေဖာ္ေဆာင္ႏုိင္သည့္ ပထဝီအေနအထား အားသာခ်က္မ်ား ရိွေနေသာ္လည္း အဓိက ေစ်းကြက္မ်ား ျဖစ္သည့္ ျမန္မာႏုိင္ငံအတြင္းပိုင္း ေဒသမ်ားသို႔ ကုန္သြယ္မွဳလမ္းေၾကာင္း ေကာင္းမြန္မႈမရိွျခင္း၊ ေဒသတြင္း လက္နက္ကိုင္အဖြဲ႕မ်ား ထိန္းခ်ဳပ္နယ္ေျမမ်ားရိွေနျခင္းေၾကာင့္ တရားဝင္ကုန္သြယ္ေရးလမ္းေၾကာင္း ေဖာ္ေဆာင္မႈတြင္ အဟန္႔အတားမ်ား ျဖစ္ေနသည္ဟု မယ္ယန္းကုန္သြယ္ေရးစခန္းတြင္ တာ၀န္ ထမ္းေဆာင္ခဲ့သူ ညႊန္ၾကားေရးမွဴး ဦးတင္ရဲဝင္းက သံုးသပ္ထားသည္။

ယင္းအေျခအေနမ်ားတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) နယ္စပ္ဝင္ေပါက္မ်ားမွ နည္းမ်ိဳးစံုျဖင့္ဝင္လာသည့္ ကုန္ပစၥည္းမ်ားအား စစ္ေဆးသည့္ တစ္ခုတည္းေသာ စစ္ေဆးေရးစခန္းျဖစ္သည့္ မယ္ယန္းကုန္သြယ္ေရး စခန္းတြင္ စစ္ေဆးေရး အတြက္ စက္ပစၥည္းပံ့ပိုးမႈ၊ ဝန္ထမ္းအင္အားအသံုးျပဳရမႈႏွင့္ စစ္ေဆးေနသည့္ အေနအထားမ်ားအား မယ္ယန္းကုန္သြယ္ေရးစခန္း၏ ကုန္သြယ္ေရး ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးတင္ရဲဝင္း( မယ္ယန္းကုန္သြယ္ေရးစခန္းတြင္ တာ၀န္က်စဥ္က )ႏွင့္ တာခ်ီလိတ္သတင္းေအဂ်င္စီတို႔ ေတြ႔ဆံု၍ ေမးျမန္းထားပါသည္။

ျမန္မာတစ္ႏုိင္ငံလံုးတြင္ နယ္စပ္ကုန္သြယ္ေရးစခန္း (၁၃)ခုရိွသည့္အနက္ ကုန္သြယ္ေရးဦးစီးဌာန၏ ညႊန္ၾကားေရးမွဴး အဆင့္ျဖင့္ တာဝန္ယူေဆာင္ရြက္လ်က္ရွိသည့္ နယ္စပ္ကုန္သြယ္ေရးစခန္း (၄)ခုအနက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မယ္ယန္းကုန္သြယ္မႈစစ္ေဆးေရးစခန္းမွာ တစ္ခုအပါအဝင္ ျဖစ္သည္။

TNA ။  ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရဲ႕ နယ္စပ္ကုန္သြယ္ေရးက ကုန္ပစၥည္းေတြကို စစ္ေဆးေနတဲ့ မယ္ယန္း စစ္ေဆးေရးစခန္းမွာ လိုအပ္တဲ့ စစ္ေဆးေရးကိရိယာေတြ ပံ့ပိုးေပးမႈအေနအထား ဘယ္လိုရိွ ေနပါသလဲ။

UTYW ။   ။ မူဆယ္လိုေနရာမ်ိဳးမွာေတာင္မွ အခုခ်ိန္ထိ ပို႔ကုန္မွာ တစ္ခု၊ သြင္းကုန္မွာ ႏွစ္ခုဆိုေတာ့ သံုးခုပဲ ရိွေသးတယ္။ ဒါေတာင္မွ တစ္ခုက ေခတ္မမီေတာ့ဘူး။ ကားအစီး (၃၀)ေလာက္ကို တစ္ေနကုန္ ရိုက္ၿပီးရင္ မရေတာ့ဘူး။ အသစ္တပ္လိုက္တဲ့ ဟာကေတာ့ အစီး (၃၀၀)ေလာက္ ရိုက္လို႔ရေသးတယ္။ ဒါေပယ့္ အဲဒီဟာေတြက ကၽြန္ေတာ္တို႔က အစိုးရ ဘတ္ဂ်က္ရမွသာလွ်င္ ဝယ္လို႔ရတဲ့ပစၥည္းေတြ ျဖစ္ပါတယ္။ ျမဝတီမွာဆိုရင္ တစ္ခုပဲရိွေသးတယ္။ ကၽြန္ေတာ္တို႔လို ဒီလို ကုန္သြယ္ေရးစခန္း အေသးေလးေတြဆို ေဝလာေဝးပဲ။ ကၽြန္ေတာ္တို႔ေတြ ရခ်င္တာေပါ့။ ဒါေပမယ့္ အစိုးရရဲ႕ ဘတ္ဂ်က္ မလံုမေလာက္ ခြဲေဝေနရမႈ အေနအထားေၾကာင့္ မျပည့္မစံုနဲ႔ လုပ္ေနရတာေပါ့။ ဒီလိုစခန္းေတြမွာ တစ္ခုခ်င္းစီ ရႏုိင္မယ္ဆိုရင္ အခ်ိန္လည္းအမ်ားႀကီး သက္သာမယ္။ ဒီစက္ေတြကလည္း ထိုးေဖာက္ စစ္ေဆးႏုိင္မႈအေပၚ မူတည္ၿပီးေတာ့ ေစ်းႏႈန္းေတြကလည္း မတူပါဘူး။ (၁၂)သန္းေလာက္တန္တဲ့ စက္ဆိုရင္ေတာ့ ေသနတ္တစ္လက္ကအစ ပံုရိပ္ေပၚတယ္။ ႏုိင္ငံတကာမွာေတာ့ မူးယစ္ေဆးဝါးကအစ စစ္ေဆးႏုိင္တဲ့ စက္ေတြအထိ ရိွပါတယ္။ ကၽြန္ေတာ္တို႔ ႏုိင္ငံအေနအထားအရ မူးယစ္ေဆးဝါးနဲ႔ လက္နက္ခဲယမ္းေတြ အထိ စစ္ေဆးႏုိင္တဲ့ စက္ေတြကို ကၽြန္ေတာ္တို႔ လိုခ်င္တယ္။ လုပ္လို႔ မရေသးဘူး။ ကၽြန္ေတာ္တို႔ ဌာန အသီးသီးက လူေတြလည္း ႏုိင္ငံတကာမွာ ဒီလုပ္ငန္းစဥ္ကို ဘယ္လိုလုပ္ေနလဲ သြားေလ့လာရပါတယ္။ သူတို႔ေတြဆီမွာက ကြန္တိန္နာႀကီး တစ္ခုလံုးရပ္လိုက္တာနဲ႔ ဒီထဲမွာ ပံုရိပ္အားလံုး ေသးေသးေလးက အစ ေပၚလာတယ္။ သံသယရိွတဲ့ကားကိုပဲ စစ္ေဆးပါတယ္။ အခ်ိန္ကုန္လည္း သက္သာၿပီး လက္နက္ခဲယမ္းကအစ စစ္ေဆးလို႔ရပါတယ္။ ဒီလို လုပ္သင့္ပါတယ္ဆိုတာကို ကၽြန္ေတာ္တို႔ သမၼတႀကီး ဦးသိန္းစိန္လက္ထက္ မိုဘိုင္းအဖြဲ႕ေတြ မစတင္ခင္မွာ တင္ျပခဲ့ပါတယ္။ စာတမ္းအေနနဲ႔ကို တင္ထားခဲ့တာပါ။ အဲဒီတုန္းကေတာ့ ႏုိင္ငံအေျခအေနအရ ဒီလိုမလုပ္ႏုိင္ေသးခင္မွာ လူနဲ႔ပဲ လုပ္ၾကတာေပါ့ ဆိုတဲ့ ညႊန္ၾကားခ်က္နဲ႔ လုပ္လာတာပါ။ လူနဲ႔စစ္ေဆးရတာ အရမ္းပင္ပန္းပါတယ္။ ေနာက္ ညိႇႏိႈင္းတယ္ ဆိုတာေတြလည္း ပါလာပါတယ္။ ကြ်န္ေတာ္စစ္မယ္ဆိုရင္ ကၽြန္ေတာ့္လာညိႇမွာေပါ့။ စက္နဲ႔စစ္မယ္ဆိုေတာ့ စက္ကိုေတာ့ သြားညိႇလို႔ မရေတာ့ဘူးေလ။ စကၤာပူမွာ ပိုေကာင္းတာက Xray စက္တစ္လံုးနဲ႔ အေကာက္ခြန္ ဦးစီးဌာနက ကြန္တိန္နာတစ္လံုးကို စစ္ေဆးေနတဲ့ဟာကို တျခားဌာနတစ္ခုက ထုိင္ၾကည့္ေနတယ္။ သူတို႔ရံုးခန္းထဲကေန ေစာင့္ၾကည့္ေနလို႔ရတယ္။ ဌာနတစ္ခုက လုပ္တာကို တျခားဌာနတစ္ခုက ျပန္ေစာင့္ၾကည့္ေနတဲ့ စနစ္မ်ိဳးျဖစ္တယ္။ ကုန္သည္နဲ႔ ေအးဂ်င့္နဲ႔ ညိႇေနစရာမလိုဘူး။ ကၽြန္ေတာ္တို႔လည္း ဒါမ်ိဳး ရခ်င္တယ္။

TNA ။  ။ လက္ရိွ ဆရာတို႔မွာ လူအင္အားသံုးၿပီး စစ္ေဆးေနတာဆိုေတာ့ ဌာနအေနနဲ႔ လံုေလာက္တဲ့ ဝန္ထမ္းအင္အားေရာ ရိွပါသလား။

UTYW ။   ။ ကားတုိင္းကို မစစ္ႏုိင္ဘူး။ ကားတုိင္းကုိ မစစ္ႏုိင္သလို စစ္ျပန္ေတာ့လည္း လူနဲ႔စစ္ရတာျဖစ္တဲ့အတြက္ အက်င့္ပ်က္ျခစားမႈဆိုတဲ့ကိစၥေတြ အမ်ားႀကီးပါလာတယ္။ ကၽြန္ေတာ္တို႔ဆီက လူေတြကို ျပန္လွန္ေစာင့္ၾကည့္ စစ္ေဆးမယ့္သူလည္း မရိွဘူး။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ ဘာလိုတာလဲ ဆိုေတာ့ လူနဲ႔မစစ္ဘဲ စက္နဲ႔စစ္ေဆးမယ့္ စနစ္ရယ္၊ လူနဲ႔စစ္မယ္ဆိုရင္ ဒီလူေတြကို ျပန္လွန္ေစာင့္ၾကည့္ စစ္ေဆးမယ့္စနစ္ လိုတယ္။ ေနာက္တစ္ခု တစ္ႏုိင္ငံလံုးမွာ လိုအပ္တာက လက္ေတြ႔ အေကာင္အထည္ေဖာ္လုပ္ေဆာင္မႈ အပိုင္း။ စစ္လို႔ေတြ႔ရင္ ဘာလုပ္မွာလဲဆိုတဲ့ အေျဖ။ အမွားေတြ႕တာနဲ႔ ဒဏ္ရိုက္မယ္ဆိုတာက မွားတယ္။ အခုျဖစ္ေနတာ အဲဒီျပႆနာ။ အခုက ဒီဌာနတစ္ခုထဲကို ညိႇႏိႈင္းရင္ အဆင္ေျပေနၿပီ။ ဆိုလိုတာက တရားမဝင္လုပ္ႏုိင္တဲ့ အခြင့္အလမ္းေတြက ပိုမ်ားေနတယ္။ ကံဆိုးလို႔ တစ္ခုကို ေတြ႔ပါၿပီတဲ့။ အေကာက္ခြန္ဥပေဒအရ ဒဏ္ေၾကးနဲ႔သြားတယ္။ အမွားေတြ႔ဖို႔လည္း ေတာ္ေတာ္ ခဲယဥ္းတယ္။ မွားျပန္ေတာ့လည္း ဒဏ္ေၾကးေလာက္နဲ႔ ၿပီးတယ္ဆိုေတာ့လည္း ငါေတာ့ ကံဆိုးလို႔ မိတယ္။ ေနာက္တစ္ေခါက္ေတာ့ အရင္းရေအာင္ မ်ားမ်ား ထပ္တင္ရမယ္ဆိုၿပီး ထပ္လုပ္တယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ သူ႔ကို အေရးမွ မယူတာ။ ဒီေတာ့ ကၽြန္ေတာ္တို႔မွာ မွားယြင္းစြာအေကာင္အထည္ေဖာ္ တဲ့အတြက္ အခြန္ေရွာင္တာ ေတြ႕ၿပီ၊ တရားမဝင္သယ္တာေတြ႕ၿပီဆိုရင္ အေရးယူရာမွာ အားေပ်ာ့လြန္းတယ္။ ထုိင္းႏုိင္ငံလို ႏုိင္ငံမ်ိဳးမွာ ဆိုရင္ပဲၾကည့္ သူက သံသယရိွတယ္ဆိုတဲ့ ကားေလာက္မွ ဖမ္းစစ္တယ္။ စစ္လို႔ေတြ႕ၿပီဆိုရင္ ကုမၸဏီကို ဒဏ္ေၾကးခ်က္ခ်င္းရိုက္ပစ္လိုက္တယ္။ ၿပီးတာနဲ႔ ကုမၸဏီကို အရင္ႏွစ္ႏွစ္စာ ေနာက္ေၾကာင္း လွန္ပစ္လိုက္တယ္။ အရင္အေခါက္ေတြကလည္း မိသာမမိတာ ဒီလိုအခြန္ေရွာင္မွာပဲဆိိုၿပီး အကုန္စစ္တာ။ ဒီေတာ့ တစ္ခါသာမိ အဲဒီကုမၸဏီေဒဝါလီခံသြားရမယ္။ ဒါေၾကာင့္ ကုမၸဏီသည္ မဟုတ္တာ မလုပ္ေတာ့ဘူး။ သူ႔ရဲ႕အေရးယူမႈဟာ ျပင္းထန္တယ္။ (၉၉)ႀကိမ္လြတ္လာၿပီး တစ္ႀကိမ္မိတာနဲ႔ အကုန္ပါသြားၿပီ။ ဒါေၾကာင့္ ထုိင္းမွာ ဘယ္သူမွ မစြန္႔စားဘူး။ ဥပေဒအတိုင္းပဲ လုပ္တယ္။ ဒီမွာေတာ့ (၉၉)ႀကိမ္လြတ္သြားတယ္ (၁)ႀကိမ္မိရင္ေတာင္ ဒဏ္ေၾကးနဲ႔လြတ္ေတာ့ ဥပေဒကိုလုိက္နာဖို႔ အားေပးတဲ့ အေရးယူမႈ မျဖစ္လာဘူး။ တရုတ္ႏုိင္ငံဆိုရင္ေတာ့ ပိုဆိုးတယ္။ ကုန္သြယ္မႈတင္မဟုတ္ဘူး သူ႔ရဲ႕ တျခားပိုင္ဆုိင္မႈ အားလံုးပါ ခ်ိတ္ပိတ္ပစ္တယ္။ လူကို ေထာင္ထဲ ထည့္ပစ္လိုက္တယ္။ စကၤာပူမွာ ဆိုရင္ သံုးႏွစ္ Black List ထည့္ပစ္လိုက္တယ္။ အေပ့ါဆံုးျပစ္ဒဏ္ပါဆိုတဲ့ ထုိင္းႏုိင္ငံမွာဆိုရင္ေတာင္ ႏွစ္ႏွစ္။ ဒီေတာ့ ကၽြန္ေတာ္တို႔ဆီမွာ အားေပ်ာ့လြန္းပါတယ္။ ဦးေနဝင္းလက္ထက္ကတည္းက ေမွာင္ခိုေတြ အခုထိ မေပ်ာက္ဘူးဆိုတာ မဟုတ္ပါဘူး။ တကယ္လုပ္ရင္ ေပ်ာက္ပါတယ္။ တကယ္တမ္းသာ အေရးယူလိုက္ပါ။ လူတစ္ေယာက္ကို အေရးယူျခင္းဟာ သူ႔ကို ဒုကၡေရာက္ေစခ်င္တာမွ မဟုတ္တာ။ ေနာက္လူ အေယာက္ (၁၀၀) ဒီလိုျဖစ္စဥ္မ်ိဳး မျဖစ္ေစဖို႔ပဲ။ ျမန္မာႏုိင္ငံမွာ ေမွာင္ခိုပစၥည္း မေပ်ာက္ဘူးဆိုတာ ဒီလိုေတြေၾကာင့္ပါ။ တကယ့္ ဥပေဒနဲ႔ တကယ္စစ္ရင္ တကယ္ေပ်ာက္ပါတယ္။

TNA ။  ။  ေက်းဇူးတင္ပါတယ္။

ေတြ႕ဆံုေမးျမန္းသူ - အင္မိုင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
“လူနဲ့စစ်ရတာဖြစ်တဲ့အတွက် အကျင့်ပျက်ခြစားမှုဆိုတဲ့ကိစ္စတွေ အများကြီးပါလာတယ်” 
ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး 
ဦးတင်ရဲဝင်း နှင့် တွေ့ဆုံခြင်း အပိုင်း(၁)

ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံများနှင့် နယ်စပ်ကုန်းလမ်းကြောင်း၊ မဲခေါင်မြစ်ကြောင်းတို့မှ ကုန်သွယ်ရေး ဖော်ဆောင်နိုင်သည့် ပထဝီအနေအထား အားသာချက်များ ရှိနေသော်လည်း အဓိက ဈေးကွက်များ ဖြစ်သည့် မြန်မာနိုင်ငံအတွင်းပိုင်း ဒေသများသို့ ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်မှုမရှိခြင်း၊ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်နယ်မြေများရှိနခြေင်းကြောင့် တရားဝင်ကုန်သွယ်ရေးလမ်းကြောင်း ဖော်ဆောင်မှုတွင် အဟန့်အတားများ ဖြစ်နေသည်ဟု မယ်ယန်းကုန်သွယ်ရေးစခန်းတွင် တာဝန် ထမ်းဆောင်ခဲ့သူ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက သုံးသပ်ထားသည်။

ယင်းအခြေအနေများတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဝင်ပေါက်များမှ နည်းမျိုးစုံဖြင့်ဝင်လာသည့် ကုန်ပစ္စည်းများအား စစ်ဆေးသည့် တစ်ခုတည်းသော စစ်ဆေးရေးစခန်းဖြစ်သည့် မယ်ယန်းကုန်သွယ်ရေး စခန်းတွင် စစ်ဆေးရေး အတွက် စက်ပစ္စည်းပံ့ပိုးမှု၊ ဝန်ထမ်းအင်အားအသုံးပြုရမှုနှင့် စစ်ဆေးနေသည့် အနေအထားများအား မယ်ယန်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်း( မယ်ယန်းကုန်သွယ်ရေးစခန်းတွင် တာဝန်ကျစဉ်က )နှင့် တာချီလိတ်သတင်းအေဂျင်စီတို့ တွေ့ဆုံ၍ မေးမြန်းထားပါသည်။

မြန်မာတစ်နိုင်ငံလုံးတွင် နယ်စပ်ကုန်သွယ်ရေးစခန်း (၁၃)ခုရှိသည့်အနက် ကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး အဆင့်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် နယ်စပ်ကုန်သွယ်ရေးစခန်း (၄)ခုအနက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မယ်ယန်းကုန်သွယ်မှုစစ်ဆေးရေးစခန်းမှာ တစ်ခုအပါအဝင် ဖြစ်သည်။

TNA ။  ။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရဲ့ နယ်စပ်ကုန်သွယ်ရေးက ကုန်ပစ္စည်းတွေကို စစ်ဆေးနေတဲ့ မယ်ယန်း စစ်ဆေးရေးစခန်းမှာ လိုအပ်တဲ့ စစ်ဆေးရေးကိရိယာတွေ ပံ့ပိုးပေးမှုအနေအထား ဘယ်လိုရှိ နေပါသလဲ။

UTYW ။   ။  မူဆယ်လိုနေရာမျိုးမှာတောင်မှ အခုချိန်ထိ ပို့ကုန်မှာ တစ်ခု၊ သွင်းကုန်မှာ နှစ်ခုဆိုတော့ သုံးခုပဲ ရှိသေးတယ်။ ဒါတောင်မှ တစ်ခုက ခေတ်မမီတော့ဘူး။ ကားအစီး (၃၀)လောက်ကို တစ်နေကုန် ရိုက်ပြီးရင် မရတော့ဘူး။ အသစ်တပ်လိုက်တဲ့ ဟာကတော့ အစီး (၃၀၀)လောက် ရိုက်လို့ရသေးတယ်။ ဒါပေယ့် အဲဒီဟာတွေက ကျွန်တော်တို့က အစိုးရ ဘတ်ဂျက်ရမှသာလျှင် ဝယ်လို့ရတဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ မြဝတီမှာဆိုရင် တစ်ခုပဲရှိသေးတယ်။ ကျွန်တော်တို့လို ဒီလို ကုန်သွယ်ရေးစခန်း အသေးလေးတွေဆို ဝေလာဝေးပဲ။ ကျွန်တော်တို့တွေ ရချင်တာပေါ့။ ဒါပေမယ့် အစိုးရရဲ့ ဘတ်ဂျက် မလုံမလောက် ခွဲဝေနေရမှု အနေအထားကြောင့် မပြည့်မစုံနဲ့ လုပ်နေရတာပေါ့။ ဒီလိုစခန်းတွေမှာ တစ်ခုချင်းစီ ရနိုင်မယ်ဆိုရင် အချိန်လည်းအများကြီး သက်သာမယ်။ ဒီစက်တွေကလည်း ထိုးဖောက် စစ်ဆေးနိုင်မှုအပေါ် မူတည်ပြီးတော့ ဈေးနှုန်းတွေကလည်း မတူပါဘူး။ (၁၂)သန်းလောက်တန်တဲ့ စက်ဆိုရင်တော့ သေနတ်တစ်လက်ကအစ ပုံရိပ်ပေါ်တယ်။ နိုင်ငံတကာမှာတော့ မူးယစ်ဆေးဝါးကအစ စစ်ဆေးနိုင်တဲ့ စက်တွေအထိ ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေအထားအရ မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်းတွေ အထိ စစ်ဆေးနိုင်တဲ့ စက်တွေကို ကျွန်တော်တို့ လိုချင်တယ်။ လုပ်လို့ မရသေးဘူး။ ကျွန်တော်တို့ ဌာန အသီးသီးက လူတွေလည်း နိုင်ငံတကာမှာ ဒီလုပ်ငန်းစဉ်ကို ဘယ်လိုလုပ်နေလဲ သွားလေ့လာရပါတယ်။ သူတို့တွေဆီမှာက ကွန်တိန်နာကြီး တစ်ခုလုံးရပ်လိုက်တာနဲ့ ဒီထဲမှာ ပုံရိပ်အားလုံး သေးသေးလေးက အစ ပေါ်လာတယ်။ သံသယရှိတဲ့ကားကိုပဲ စစ်ဆေးပါတယ်။ အချိန်ကုန်လည်း သက်သာပြီး လက်နက်ခဲယမ်းကအစ စစ်ဆေးလို့ရပါတယ်။ ဒီလို လုပ်သင့်ပါတယ်ဆိုတာကို ကျွန်တော်တို့ သမ္မတကြီး ဦးသိန်းစိန်လက်ထက် မိုဘိုင်းအဖွဲ့တွေ မစတင်ခင်မှာ တင်ပြခဲ့ပါတယ်။ စာတမ်းအနေနဲ့ကို တင်ထားခဲ့တာပါ။ အဲဒီတုန်းကတော့ နိုင်ငံအခြေအနေအရ ဒီလိုမလုပ်နိုင်သေးခင်မှာ လူနဲ့ပဲ လုပ်ကြတာပေါ့ ဆိုတဲ့ ညွှန်ကြားချက်နဲ့ လုပ်လာတာပါ။ လူနဲ့စစ်ဆေးရတာ အရမ်းပင်ပန်းပါတယ်။ နောက် ညှိနှိုင်းတယ် ဆိုတာတွေလည်း ပါလာပါတယ်။ ကျွန်တော်စစ်မယ်ဆိုရင် ကျွန်တော့်လာညှိမှာပေါ့။ စက်နဲ့စစ်မယ်ဆိုတော့ စက်ကိုတော့ သွားညှိလို့ မရတော့ဘူးလေ။ စင်္ကာပူမှာ ပိုကောင်းတာက Xray စက်တစ်လုံးနဲ့ အကောက်ခွန် ဦးစီးဌာနက ကွန်တိန်နာတစ်လုံးကို စစ်ဆေးနေတဲ့ဟာကို တခြားဌာနတစ်ခုက ထိုင်ကြည့်နေတယ်။ သူတို့ရုံးခန်းထဲကနေ စောင့်ကြည့်နေလို့ရတယ်။ ဌာနတစ်ခုက လုပ်တာကို တခြားဌာနတစ်ခုက ပြန်စောင့်ကြည့်နေတဲ့ စနစ်မျိုးဖြစ်တယ်။ ကုန်သည်နဲ့ အေးဂျင့်နဲ့ ညှိနေစရာမလိုဘူး။ ကျွန်တော်တို့လည်း ဒါမျိုး ရချင်တယ်။

TNA ။  ။ လက်ရှိ ဆရာတို့မှာ လူအင်အားသုံးပြီး စစ်ဆေးနေတာဆိုတော့ ဌာနအနေနဲ့ လုံလောက်တဲ့ ဝန်ထမ်းအင်အားရော ရှိပါသလား။

UTYW ။   ။ ကားတိုင်းကို မစစ်နိုင်ဘူး။ ကားတိုင်းကို မစစ်နိုင်သလို စစ်ပြန်တော့လည်း လူနဲ့စစ်ရတာဖြစ်တဲ့အတွက် အကျင့်ပျက်ခြစားမှုဆိုတဲ့ကိစ္စတွေ အများကြီးပါလာတယ်။ ကျွန်တော်တို့ဆီက လူတွေကို ပြန်လှန်စောင့်ကြည့် စစ်ဆေးမယ့်သူလည်း မရှိဘူး။ အဲဒီတော့ ကျွန်တော်တို့ ဘာလိုတာလဲ ဆိုတော့ လူနဲ့မစစ်ဘဲ စက်နဲ့စစ်ဆေးမယ့် စနစ်ရယ်၊ လူနဲ့စစ်မယ်ဆိုရင် ဒီလူတွေကို ပြန်လှန်စောင့်ကြည့် စစ်ဆေးမယ့်စနစ် လိုတယ်။ နောက်တစ်ခု တစ်နိုင်ငံလုံးမှာ လိုအပ်တာက လက်တွေ့ အကောင်အထည်ဖော်လုပ်ဆောင်မှု အပိုင်း။ စစ်လို့တွေ့ရင် ဘာလုပ်မှာလဲဆိုတဲ့ အဖြေ။ အမှားတွေ့တာနဲ့ ဒဏ်ရိုက်မယ်ဆိုတာက မှားတယ်။ အခုဖြစ်နေတာ အဲဒီပြဿနာ။ အခုက ဒီဌာနတစ်ခုထဲကို ညှိနှိုင်းရင် အဆင်ပြေနပြေီ။ ဆိုလိုတာက တရားမဝင်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေက ပိုများနေတယ်။ ကံဆိုးလို့ တစ်ခုကို တွေ့ပါပြီတဲ့။ အကောက်ခွန်ဥပဒေအရ ဒဏ်ကြေးနဲ့သွားတယ်။ အမှားတွေ့ဖို့လည်း တော်တော် ခဲယဉ်းတယ်။ မှားပြန်တော့လည်း ဒဏ်ကြေးလောက်နဲ့ ပြီးတယ်ဆိုတော့လည်း ငါတော့ ကံဆိုးလို့ မိတယ်။ နောက်တစ်ခေါက်တော့ အရင်းရအောင် များများ ထပ်တင်ရမယ်ဆိုပြီး ထပ်လုပ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို အရေးမှ မယူတာ။ ဒီတော့ ကျွန်တော်တို့မှာ မှားယွင်းစွာအကောင်အထည်ဖော် တဲ့အတွက် အခွန်ရှောင်တာ တွေ့ပြီ၊ တရားမဝင်သယ်တာတွေ့ပြီဆိုရင် အရေးယူရာမှာ အားပျော့လွန်းတယ်။ ထိုင်းနိုင်ငံလို နိုင်ငံမျိုးမှာ ဆိုရင်ပဲကြည့် သူက သံသယရှိတယ်ဆိုတဲ့ ကားလောက်မှ ဖမ်းစစ်တယ်။ စစ်လို့တွေ့ပြီဆိုရင် ကုမ္ပဏီကို ဒဏ်ကြေးချက်ချင်းရိုက်ပစ်လိုက်တယ်။ ပြီးတာနဲ့ ကုမ္ပဏီကို အရင်နှစ်နှစ်စာ နောက်ကြောင်း လှန်ပစ်လိုက်တယ်။ အရင်အခေါက်တွေကလည်း မိသာမမိတာ ဒီလိုအခွန်ရှောင်မှာပဲဆိုပြီး အကုန်စစ်တာ။ ဒီတော့ တစ်ခါသာမိ အဲဒီကုမ္ပဏီဒေဝါလီခံသွားရမယ်။ ဒါကြောင့် ကုမ္ပဏီသည် မဟုတ်တာ မလုပ်တော့ဘူး။ သူ့ရဲ့အရေးယူမှုဟာ ပြင်းထန်တယ်။ (၉၉)ကြိမ်လွတ်လာပြီး တစ်ကြိမ်မိတာနဲ့ အကုန်ပါသွားပြီ။ ဒါကြောင့် ထိုင်းမှာ ဘယ်သူမှ မစွန့်စားဘူး။ ဥပဒေအတိုင်းပဲ လုပ်တယ်။ ဒီမှာတော့ (၉၉)ကြိမ်လွတ်သွားတယ် (၁)ကြိမ်မိရင်တောင် ဒဏ်ကြေးနဲ့လွတ်တော့ ဥပဒေကိုလိုက်နာဖို့ အားပေးတဲ့ အရေးယူမှု မဖြစ်လာဘူး။ တရုတ်နိုင်ငံဆိုရင်တော့ ပိုဆိုးတယ်။ ကုန်သွယ်မှုတင်မဟုတ်ဘူး သူ့ရဲ့ တခြားပိုင်ဆိုင်မှု အားလုံးပါ ချိတ်ပိတ်ပစ်တယ်။ လူကို ထောင်ထဲ ထည့်ပစ်လိုက်တယ်။ စင်္ကာပူမှာ ဆိုရင် သုံးနှစ် Black List ထည့်ပစ်လိုက်တယ်။ အပေါ့ဆုံးပြစ်ဒဏ်ပါဆိုတဲ့ ထိုင်းနိုင်ငံမှာဆိုရင်တောင် နှစ်နှစ်။ ဒီတော့ ကျွန်တော်တို့ဆီမှာ အားပျော့လွန်းပါတယ်။ ဦးနေဝင်းလက်ထက်ကတည်းက မှောင်ခိုတွေ အခုထိ မပျောက်ဘူးဆိုတာ မဟုတ်ပါဘူး။ တကယ်လုပ်ရင် ပျောက်ပါတယ်။ တကယ်တမ်းသာ အရေးယူလိုက်ပါ။ လူတစ်ယောက်ကို အရေးယူခြင်းဟာ သူ့ကို ဒုက္ခရောက်စေချင်တာမှ မဟုတ်တာ။ နောက်လူ အယောက် (၁၀၀) ဒီလိုဖြစ်စဉ်မျိုး မဖြစ်စေဖို့ပဲ။ မြန်မာနိုင်ငံမှာ မှောင်ခိုပစ္စည်း မပျောက်ဘူးဆိုတာ ဒီလိုတွေကြောင့်ပါ။ တကယ့် ဥပဒေနဲ့ တကယ်စစ်ရင် တကယ်ပျောက်ပါတယ်။

TNA ။  ။  ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~