လူထုအေလ့အထမွ သင္ယူျခင္း သင္တန္း ေတာင္ႀကီးၿမိဳ႕တြင္ ႏွစ္ရက္တာက်င္းပေန

လူထုအေလ့အထမွ သင္ယူျခင္း သင္တန္း ေတာင္ႀကီးၿမိဳ႕တြင္ ႏွစ္ရက္တာက်င္းပေန
မေ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕တြင္ ညီမွ်ျခင္းျမန္မာႏွင့္ လူ႔အခြင့္အေရး ကာကြယ္ျမႇင့္တင္သူမ်ားအဖြဲ႕တို႔မွ ဦးေဆာင္၍ လူထုအေလ့အထမွသင္ယူျခင္း သင္တန္းကို ေမလ (၄) ရက္ေန႔တြင္ ေဒသတြင္းမွ ကေလးသူငယ္ ကာကြယ္ ေစာင့္ေရွာက္သူမ်ားအဖြဲ႕၊ သက္ဆိုင္ရာကိုယ္စားလွယ္မ်ား၊ နိုင္ငံေရးပါတီအဖြဲ႕မ်ား တက္ေရာက္ေၾကာင္း သိရသည္။

“သင္တန္းမွာ လူ႔အခြင့္အေရးနဲ႔ ပတ္သက္တဲ့ အစိတ္အပိုင္းေတြ ပါဝင္မယ္။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြမွာေရာ လိုအပ္တဲ့အခ်က္ေတြ ပါဝင္မယ္။ က်န္တဲ့ လုပ္ငန္းစဥ္ေတြမွာ အၾကမ္းမဖက္တဲ့နည္းလမ္းေတြ အခြင့္အေရးေတြကို အစိုးရကို ဘယ္လိုေတာင္းဆိုရမလဲဆိုတာေတြကို အဓိကထား ေဆြးေႏြးသြားမွာပါ။ အၾကမ္းဖက္ကိစၥတင္ မဟုတ္ဘဲ လယ္ယာေျမက႑ေတြကိုလည္း သင္ၾကားေဆြးေႏြးသြားမယ္။ သင္တန္းၿပီးသြားရင္လည္း သင္တန္းေဆြးေႏြးမႈ ကရတဲ့ အခ်က္အလက္ေတြကို HRDP ကေန စာတမ္း တစ္ခုျပဳစုၿပီး ရွမ္းျပည္နယ္အစိုးရ ကိုတင္ျပသြားမွာပါ”ဟု လူ႔အခြင့္အေရးကာကြယ္ျမင့္တင္သူမ်ားအဖြဲ႕ HRDP (Association Of Human Rights Defenders And Promoters) ရွမ္း/ေတာင္တာ၀န္ခံ (ယာယီ) ဦးစိုင္း၀ဏၰထံမွ သိရသည္။

အဆိုပါသင္တန္းအား ႏွစ္ရက္တာက်င္းပမည္ျဖစ္ၿပီး သင္တန္းသား (၂၅)ဦးတက္ေရာက္ေနေၾကာင္း သိရသည္။

“လူတစ္ေယာက္ မနစ္နာေအာင္ ဘယ္လိုအသံုးျပဳမလဲဆိုတာေတြကို သင္ၾကားေဆြးေႏြးမယ္။ ဖယ္ဒရယ္ ၊ လူအခြင့္အေရး၊ ၿငိမ္းခ်မ္းေရးစတာေတြကို မွတ္တမ္းေပးတာေတြရွိတယ္။ တစ္နိုင္ငံလံုးအေနနဲ႔ HRDP အဖြဲ႕က နွစ္စဥ္ႏွစ္တိုင္း လူထုအေလ့အထနဲ႕ ပတ္သက္ၿပီးသင္တန္းကို အႀကိမ္ (၄၀) မွ (၅၀) ႀကိမ္အထိ ျပဳလုပ္ေပးပါတယ္။ ရွမ္းျပည္မွာကလည္း လူအခြင့္အေရးေတြ ခ်ဳိးေဖာက္တာမ်ားတယ္။ အစိုးရ ဖက္ကေနလည္း ဘာေတြကူညီ ေဆာင္ရြက္ေပးနိုင္မလဲဆိုတာေတြကို သိခ်င္ပါတယ္။ ဟု ဦးစိုင္းဝဏၰက ေျပာသည္။

လူ႕အခြင့္အေရးကာကြယ္ျမႇင့္တင္သူမ်ားအဖြဲ႕ အား ၂၀၀၀ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ညီမျှခြင်းမြန်မာနှင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့တို့မှ ဦးဆောင်၍ လူထုအလေ့အထမှသင်ယူခြင်း သင်တန်းကို မေလ (၄) ရက်နေ့တွင် ဒေသတွင်းမှ ကလေးသူငယ် ကာကွယ် စောင့်ရှောက်သူများအဖွဲ့၊ သက်ဆိုင်ရာကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအဖွဲ့များ တက်ရောက်ကြောင်း သိရသည်။

“သင်တန်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတွေ ပါဝင်မယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာရော လိုအပ်တဲ့အချက်တွေ ပါဝင်မယ်။ ကျန်တဲ့ လုပ်ငန်းစဉ်တွေမှာ အကြမ်းမဖက်တဲ့နည်းလမ်းတွေ အခွင့်အရေးတွေကို အစိုးရကို ဘယ်လိုတောင်းဆိုရမလဲဆိုတာတွေကို အဓိကထား ဆွေးနွေးသွားမှာပါ။ အကြမ်းဖက်ကိစ္စတင် မဟုတ်ဘဲ လယ်ယာမြေကဏ္ဍတွေကိုလည်း သင်ကြားဆွေးနွေးသွားမယ်။ သင်တန်းပြီးသွားရင်လည်း သင်တန်းဆွေးနွေးမှု ကရတဲ့ အချက်အလက်တွေကို HRDP ကနေ စာတမ်း တစ်ခုပြုစုပြီး ရှမ်းပြည်နယ်အစိုးရ ကိုတင်ပြသွားမှာပါ”ဟု လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ HRDP (Association Of Human Rights Defenders And Promoters) ရှမ်း/တောင်တာဝန်ခံ (ယာယီ) ဦးစိုင်းဝဏ္ဏထံမှ သိရသည်။

အဆိုပါသင်တန်းအား နှစ်ရက်တာကျင်းပမည်ဖြစ်ပြီး သင်တန်းသား (၂၅)ဦးတက်ရောက်နေကြောင်း သိရသည်။

“လူတစ်ယောက် မနစ်နာအောင် ဘယ်လိုအသုံးပြုမလဲဆိုတာတွေကို သင်ကြားဆွေးနွေးမယ်။ ဖယ်ဒရယ်၊ လူအခွင့်အရေး၊ ငြိမ်းချမ်းရေးစတာတွေကို မှတ်တမ်းပေးတာတွေရှိတယ်။ တစ်နိုင်ငံလုံးအနေနဲ့ HRDP အဖွဲ့က နှစ်စဉ်နှစ်တိုင်း လူထုအလေ့အထနဲ့ ပတ်သက်ပြီးသင်တန်းကို အကြိမ် (၄၀) မှ (၅၀) ကြိမ်အထိ ပြုလုပ်ပေးပါတယ်။ ရှမ်းပြည်မှာကလည်း လူအခွင့်အရေးတွေ ချိုးဖောက်တာများတယ်။ အစိုးရ ဖက်ကနေလည်း ဘာတွေကူညီ ဆောင်ရွက်ပေးနိုင်မလဲဆိုတာတွေကို သိချင်ပါတယ်။ ဟု ဦးစိုင်းဝဏ္ဏက ပြောသည်။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ အား ၂၀၀၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~