ရွမ္းေျမာက္ေဒသတြင္ နယ္ေျမမတည္ၿငိမ္သျဖင့္ လက္ဖက္ခူးလာေရာက္သူ နည္းပါး

ရွမ္းေျမာက္ေဒသတြင္ နယ္ေျမမတည္ၿငိမ္သျဖင့္ လက္ဖက္ခူးလာေရာက္သူ နည္းပါး
မေ 6, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ လက္ဖက္ခူးရာသီျဖစ္ေသာ္လည္း ေဒသတြင္းနယ္ေျမ လံုၿခံဳေရး အေျခအေနေၾကာင့္ ယခုႏွစ္အတြက္ လက္ဖက္ခူးလာေရာက္သူနည္းသျဖင့္ လက္ဖက္ထုတ္လုပ္ငန္းတြင္ အခက္အခဲျဖစ္ေနေၾကာင္း လက္ဖက္လုပ္ငန္းလုပ္ကိုင္သူမ်ားထံမွ သိရသည္။

“လက္ဖက္ခူးက ခါတိုင္းအေယာက္ (၃၀)ေလာက္တက္တယ္ဆိုရင္ အခု (၁၀)ေယာက္ေလာက္ပဲ လာေတာ့တယ္။ ဘာေၾကာင့္ ေလ်ာ့နည္းသြားတာလဲဆိုေတာ့ ဒီဘက္နယ္ေတြမွာက မၾကာခဏျဖစ္တဲ့ တိုက္ပြဲေတြ ပစ္ခတ္မႈေတြ ရွိေနတာေၾကာင့္ပါ။ လက္ဖက္ခူးတဲ့ သူနည္းသြားေတာ့ လက္ဖက္ေတြ မခူးႏိုင္ျဖစ္ၿပီး လုပ္ငန္းထိခိုက္တယ္။ လက္ဖက္စိုက္စားတဲ့သူေတြ နစ္နာတယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္ေက်းရြာမွ စိုင္းအိုက္ဦးက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း လက္ဖက္အဓိကထြက္ရွိရာေဒသျဖစ္သည့္ ေတာ့ဆန္ေဒသအတြင္း လက္ဖက္ခူးလုပ္သား လာေရာက္မႈနည္းပါးလာေသာေၾကာင့္ လက္ဖက္စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ မိသားစုအင္အားျဖင့္သာ တစ္ပိုင္တစ္ႏိုင္ လုပ္ကိုင္ေနရသည့္အတြက္ လက္ဖက္အထြက္ႏႈန္းေလ်ာ့က်သြားေၾကာင္း သိရသည္။

“အဓိကလက္ဖက္ေကာင္းထြက္တဲ့ ေရႊဖီခ်ိန္ေပါ့။ လက္ဖက္ခူးေပးမယ့္သူေတြတက္လာတာ နည္းသြားတဲ့အခါက်ေတာ့ ေရႊဖီခ်ိန္မွာ လက္ဖက္ညြန္႔ေတြကို မခူးႏိုင္ေတာ့ဘဲ အရြက္ေတြ ရင့္ကုန္တာေပါ့။ အဲဒါက လက္ဖက္ေကာင္း အထြက္ေလ်ာ့သြားေစတယ္ေလ။ ဝင္ေငြထိခိုက္တာေပါ့။ နယ္ေျမက မတည္ၿငိမ္ဘူးလို႔ပဲ အေျခအေနက ျဖစ္ေနတဲ့အတြက္ လက္ဖက္ လာခူးမယ့္သူေတြ မလာရဲေတာ့တာ။ လက္ဖက္စိုက္ပ်ိဳးထားတဲ့သူ ေတာ္ေတာ္မ်ားမ်ားက ခူးသားမရွိလို႔မခူးႏိုင္ေတာ့ဘူး”ဟု ေတာ့ဆန္ေက်းရြာမွ မနန္းမိုးကေျပာသည္။

ဧၿပီလအတြင္း ေရႊဖီလက္ဖက္ခူးခ်ိန္သည္ တစ္ႏွစ္တာအတြင္း အေကာင္းဆံုးလက္ဖက္မ်ား ရရွိသည့္ ကာလျဖစ္ေသာ္လည္း လက္ဖက္ခူး လုပ္သားနည္းပါးမႈေၾကာင့္ အထြက္ေလ်ာ့က်သြားေၾကာင္း သိရသည္။

၂၀၁၆ ခုႏွစ္တြင္ ေတာ့ဆန္ေဒသအတြင္း တိုက္ပြဲမ်ားျပင္းထန္စြာျဖစ္ပြားခဲ့သည့္ ေနာက္ပိုင္းမွစ၍  လက္ဖက္ခူးသူမ်ား လာေရာက္မႈ သိသာစြာနည္းပါးလာသည့္အတြက္ လက္ဖက္ခူးသူမ်ားႏွင့္ လက္ဖက္ၿခံ ပိုင္ရွင္တို႔ ထက္ဝက္ခြဲေဝယူသည့္စနစ္ကို အသံုးျပဳေနရေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်ဖက်ခူးရာသီဖြစ်သော်လည်း ဒေသတွင်းနယ်မြေ လုံခြုံရေး အခြေအနေကြောင့် ယခုနှစ်အတွက် လက်ဖက်ခူးလာရောက်သူနည်းသဖြင့် လက်ဖက်ထုတ်လုပ်ငန်းတွင် အခက်အခဲဖြစ်နေကြောင်း လက်ဖက်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

“လက်ဖက်ခူးက ခါတိုင်းအယောက် (၃၀)လောက်တက်တယ်ဆိုရင် အခု (၁၀)ယောက်လောက်ပဲ လာတော့တယ်။ ဘာကြောင့် လျော့နည်းသွားတာလဲဆိုတော့ ဒီဘက်နယ်တွေမှာက မကြာခဏဖြစ်တဲ့ တိုက်ပွဲတွေ ပစ်ခတ်မှုတွေ ရှိနေတာကြောင့်ပါ။ လက်ဖက်ခူးတဲ့ သူနည်းသွားတော့ လက်ဖက်တွေ မခူးနိုင်ဖြစ်ပြီး လုပ်ငန်းထိခိုက်တယ်။ လက်ဖက်စိုက်စားတဲ့သူတွေ နစ်နာတယ်” ဟု ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာမှ စိုင်းအိုက်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လက်ဖက်အဓိကထွက်ရှိရာဒေသဖြစ်သည့် တော့ဆန်ဒေသအတွင်း လက်ဖက်ခူးလုပ်သား လာရောက်မှုနည်းပါးလာသောကြောင့် လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းများတွင် မိသားစုအင်အားဖြင့်သာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေရသည့်အတွက် လက်ဖက်အထွက်နှုန်းလျော့ကျသွားကြောင်း သိရသည်။

“အဓိကလက်ဖက်ကောင်းထွက်တဲ့ ရွှေဖီချိန်ပေါ့။ လက်ဖက်ခူးပေးမယ့်သူတွေတက်လာတာ နည်းသွားတဲ့အခါကျတော့ ရွှေဖီချိန်မှာ လက်ဖက်ညွန့်တွေကို မခူးနိုင်တော့ဘဲ အရွက်တွေ ရင့်ကုန်တာပေါ့။ အဲဒါက လက်ဖက်ကောင်း အထွက်လျော့သွားစေတယ်လေ။ ဝင်ငွေထိခိုက်တာပေါ့။ နယ်မြေက မတည်ငြိမ်ဘူးလို့ပဲ အခြေအနေက ဖြစ်နေတဲ့အတွက် လက်ဖက် လာခူးမယ့်သူတွေ မလာရဲတော့တာ။ လက်ဖက်စိုက်ပျိုးထားတဲ့သူ တော်တော်များများက ခူးသားမရှိလို့မခူးနိုင်တော့ဘူး”ဟု တော့ဆန်ကျေးရွာမှ မနန်းမိုးကပြောသည်။

ဧပြီလအတွင်း ရွှေဖီလက်ဖက်ခူးချိန်သည် တစ်နှစ်တာအတွင်း အကောင်းဆုံးလက်ဖက်များ ရရှိသည့် ကာလဖြစ်သော်လည်း လက်ဖက်ခူး လုပ်သားနည်းပါးမှုကြောင့် အထွက်လျော့ကျသွားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် တော့ဆန်ဒေသအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့် နောက်ပိုင်းမှစ၍ လက်ဖက်ခူးသူများ လာရောက်မှု သိသာစွာနည်းပါးလာသည့်အတွက် လက်ဖက်ခူးသူများနှင့် လက်ဖက်ခြံ ပိုင်ရှင်တို့ ထက်ဝက်ခွဲဝေယူသည့်စနစ်ကို အသုံးပြုနေရကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~