ဂုတ္တြင္းလမ္းပိုင္းတံတားတည္ေဆာက္ေရး ေျမယာေလ်ာ္ေၾကးေပးရန္ စိစစ္ေန

ဂုတ္တြင္းလမ္းပိုင္းတံတားတည္ေဆာက္ေရး ေျမယာေလ်ာ္ေၾကးေပးရန္ စိစစ္ေန
မေ 16, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕နယ္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕နယ္အၾကားရွိ ဂုတ္တြင္းလမ္းပိုင္း၏ ေခ်ာက္ကမ္းပါး ႏွစ္ဖက္အား ဆက္သြယ္မည့္ အရွည္(၁၂)မိုင္ေက်ာ္ ဂုတ္ထိပ္တံတား တည္ေဆာက္ေရး အတြက္ ေျမယာ ေလ်ာ္ေၾကး ကိစၥမ်ား ရွင္းလင္းၿပီးသည္ႏွင့္ စတင္မည္ျဖစ္ေၾကာင္း Oriental Highway Co.ltd မွ သိရသည္။

“တံတားအတြက္စၿပီး တိုင္းထြာမႈေတြ လုပ္ထားတာကေတာ့ ၂၀၁၃ ခုႏွစ္ေလာက္ကတည္းက စခဲ့တာ ျဖစ္ပါတယ္။ ဒီလမ္းပိုင္းမွာ ျဖတ္သန္းသြားလာဖို႔အတြက္ လမ္းေၾကာပိတ္တာေတြ၊ ယာဥ္အသြားအလာ ခက္ခဲတာေတြေၾကာင့္ တံတားထိုးဖို႔ စီစဥ္ရျခင္းျဖစ္ပါတယ္။ အခုေတာ့ ေျမေနရာေရြးၿပီးၿပီ။ လမ္းေၾကာင္း အေနအထားကိုေတာ့ ျပည္ေထာင္စုအဆင့္ကို တင္ျပထားၿပီးၿပီ။ တံတားျဖတ္သန္းမယ့္ ေျမေနရာေတြ အတြက္ ေျမယာေလ်ာ္ေၾကးေပးဖို႔အတြက္ကို ျပည္ေထာင္စုအဆင့္က ျပန္ၿပီးစိစစ္ေနပါတယ္။ စိစစ္ၿပီးလို႔ ေလ်ာ္ေၾကးကိစၥေတြ ၿပီးတာနဲ႔ လုပ္ငန္းစဖို႔ ကြ်န္ေတာ္တို႔က အဆင္သင့္ျဖစ္ေနပါၿပီ” ဟု တံတားအား တာဝန္ယူတည္ေဆာက္မည့္ Oriental Highway Co.ltd မွ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္(၇၂/၅) Oriental Highway Co.ltd ၏ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြက ေက်ာက္မဲၿမိဳ႕နယ္ရွိ မိုင္တိုင္အမွတ္ (၉၂/၅ ) သို႔ ဆက္သြယ္မည့္ အဆိုပါေခ်ာက္ကမ္းပါးကူးတံတားတည္ေဆာက္ေရးအတြက္ Oriental Highway ကုမၸဏီက တရုတ္ႏုိင္ငံမွ ကုမၸဏီႏွစ္ခုျဖင့္ ပူးေပါင္းတာဝန္ယူတည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

“CHECE ဆိုတဲ့တရုတ္ကုမၸဏီကို အပ္ထားတာေပါ့။ တည္ေဆာက္ေရးအပိုင္းကိုလည္း တရုတ္ႏိုင္ငံက ကုမၸဏီတစ္ခုနဲ႔ ခ်ိတ္ဆက္ၿပီးတည္ေဆာက္မွာျဖစ္ပါတယ္။ တံတားရဲ့ခံႏိုင္ဝန္က တန္ (၁၀၀) အနည္းဆံုး ခံႏိုင္ေအာင္တည္ေဆာက္မယ္။ ေလးလမ္းသြား အက်ယ္၊ သံကူ ကြန္ကရစ္၊ သံမဏိႀကိဳးဆိုင္း တံတားျဖစ္ပါတယ္။ တံတားအျမင့္နဲ႔ အရွည္က အတိအက်ေတာ့ ဒီဇိုင္းမထြက္ေသးဘူး။ အခုျဖတ္သန္းေနရ တဲ့ အတက္အဆင္းေတြ၊ အေကြ႔ေတြနဲ႔ ဂုတ္တြင္းလမ္းပိုင္းက မိုင္ေပါင္း(၂၀)ေက်ာ္ ရွည္တယ္။ အခ်ိန္လည္း ၾကာသလို အႏၱရာယ္လည္းရွိတယ္။ တံတားကိုေဆာက္ဖို႔ရည္ရြယ္ခ်က္ကေတာ့ အမ်ားျပည္သူ အဆင္ေျပေျပ သြားရလာရလြယ္ကူေအာင္ အဓိကရည္ရြယ္တာ ျဖစ္ပါတယ္”ဟု Oriental Highway Co.ltd ၏ စီမံကိန္းမန္ေနဂ်ာ ဦးသက္ေဆြက ေျပာသည္။

မႏၱေလး - မူဆယ္ ျပည္ေထာင္စုလမ္းမႀကီးတြင္ ဂုတ္တြင္းလမ္းပိုင္းသည္ အႏၱရာယ္မ်ားသည့္ လမ္းပိုင္း တစ္ခု ျဖစ္ၿပီး ယာဥ္ေၾကာပိတ္ဆို႔မႈ မၾကာမခဏျဖစ္ပြားသည့္ေနရာျဖစ္ေၾကာင္း သိရသည္။

“တံတားထိုးမယ္ဆိုေတာ့ ဘယ္လ္ိုေျပာရမလဲ ဝမ္းသာတာေပါ့ဗ်ာ။ ဂုတ္တြင္းလမ္းကိုျဖတ္ရတာက အခ်ိန္ကုန္၊ အႏၱရာယ္မ်ားတယ္ေလ။ လမ္းကေဖာက္ရင္ေဖာက္ လမ္းကမေဖာက္ရင္ ယာဥ္က ေဖာက္လည္း လမ္းပိတ္ရတယ္။ တံတားနဲ႔ဆို အေျဖာင့္တိုင္းျဖတ္လို႔ရမွာဆိုေတာ့ အဲဒီျပႆနာေတြ မရွိေတာ့ဘူးေပါ့။ ကုန္စည္စီးဆင္းမႈေရာ ေဒသတြင္း ဆက္သြယ္ေရးေရာ အဆင္ေျပတာေပါ့။ ျမန္ျမန္ေဆာက္ေစခ်င္ပါတယ္” ဟု မႏၱေလး - မူဆယ္ ကုန္တင္ယာဥ္ေမာင္းႏွင္သူ ကိုေမာင္တိုးက ေျပာသည္။

လက္ရိွတြင္ တံတားတည္ေဆာက္ေရး အတြက္ ေျမယာတိုင္းတာမႈမ်ားႏွင့္ တံတားပံုစံ ေရးဆြဲေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်အကြားရှိ ဂုတ်တွင်းလမ်းပိုင်း၏ ချောက်ကမ်းပါး နှစ်ဖက်အား ဆက်သွယ်မည့် အရှည်(၁၂)မိုင်ကျော် ဂုတ်ထိပ်တံတား တည်ဆောက်ရေးအတွက် မြေယာ လျော်ကြေး ကိစ္စများ ရှင်းလင်းပြီးသည်နှင့် စတင်မည်ဖြစ်ကြောင်း Oriental Highway Co.ltd မှ သိရသည်။

“တံတားအတွက်စပြီး တိုင်းထွာမှုတွေ လုပ်ထားတာကတော့ ၂၀၁၃ ခုနှစ်လောက်ကတည်းက စခဲ့တာ ဖြစ်ပါတယ်။ ဒီလမ်းပိုင်းမှာ ဖြတ်သန်းသွားလာဖို့အတွက် လမ်းကြောပိတ်တာတွေ၊ ယာဉ်အသွားအလာ ခက်ခဲတာတွေကြောင့် တံတားထိုးဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်။ အခုတော့ မြေနေရာရွေးပြီးပြီ။ လမ်းကြောင်း အနေအထားကိုတော့ ပြည်ထောင်စုအဆင့်ကို တင်ပြထားပြီးပြီ။ တံတားဖြတ်သန်းမယ့် မြေနေရာတွေ အတွက် မြေယာလျော်ကြေးပေးဖို့အတွက်ကို ပြည်ထောင်စုအဆင့်က ပြန်ပြီးစိစစ်နေပါတယ်။ စိစစ်ပြီးလို့ လျော်ကြေးကိစ္စတွေ ပြီးတာနဲ့ လုပ်ငန်းစဖို့ ကျွန်တော်တို့က အဆင်သင့်ဖြစ်နေပါပြီ” ဟု တံတားအား တာဝန်ယူတည်ဆောက်မည့် Oriental Highway Co.ltd မှ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်ချိုမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၇၂/၅) Oriental Highway Co.ltd၏ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက ကျောက်မဲမြို့နယ်ရှိ မိုင်တိုင်အမှတ် (၉၂/၅ ) သို့ ဆက်သွယ်မည့် အဆိုပါချောက်ကမ်းပါးကူးတံတားတည်ဆောက်ရေးအတွက် Oriental Highway ကုမ္ပဏီက တရုတ်နိုင်ငံမှ ကုမ္ပဏီနှစ်ခုဖြင့် ပူးပေါင်းတာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

“CHECE ဆိုတဲ့တရုတ်ကုမ္ပဏီကို အပ်ထားတာပေါ့။ တည်ဆောက်ရေးအပိုင်းကိုလည်း တရုတ်နိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ပြီးတည်ဆောက်မှာဖြစ်ပါတယ်။ တံတားရဲ့ခံနိုင်ဝန်က တန် (၁၀၀) အနည်းဆုံး ခံနိုင်အောင်တည်ဆောက်မယ်။ လေးလမ်းသွား အကျယ်၊ သံကူ ကွန်ကရစ်၊ သံမဏိကြိုးဆိုင်း တံတားဖြစ်ပါတယ်။ တံတားအမြင့်နဲ့ အရှည်က အတိအကျတော့ ဒီဇိုင်းမထွက်သေးဘူး။ အခုဖြတ်သန်းနေရ တဲ့ အတက်အဆင်းတွေ၊ အကွေ့တွေနဲ့ ဂုတ်တွင်းလမ်းပိုင်းက မိုင်ပေါင်း(၂၀)ကျော် ရှည်တယ်။ အချိန်လည်း ကြာသလို အန္တရာယ်လည်းရှိတယ်။ တံတားကိုဆောက်ဖို့ရည်ရွယ်ချက်ကတော့ အများပြည်သူ အဆင်ပြေပြေ သွားရလာရလွယ်ကူအောင် အဓိကရည်ရွယ်တာ ဖြစ်ပါတယ်”ဟု Oriental Highway Co.ltd၏ စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက ပြောသည်။

မန္တလေး - မူဆယ် ပြည်ထောင်စုလမ်းမကြီးတွင် ဂုတ်တွင်းလမ်းပိုင်းသည် အန္တရာယ်များသည့် လမ်းပိုင်း တစ်ခု ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှု မကြာမခဏဖြစ်ပွားသည့်နေရာဖြစ်ကြောင်း သိရသည်။

“တံတားထိုးမယ်ဆိုတော့ ဘယ်လို်ပြောရမလဲ ဝမ်းသာတာပေါ့ဗျာ။ ဂုတ်တွင်းလမ်းကိုဖြတ်ရတာက အချိန်ကုန်၊ အန္တရာယ်များတယ်လေ။ လမ်းကဖောက်ရင်ဖောက် လမ်းကမဖောက်ရင် ယာဉ်က ဖောက်လည်း လမ်းပိတ်ရတယ်။ တံတားနဲ့ဆို အဖြောင့်တိုင်းဖြတ်လို့ရမှာဆိုတော့ အဲဒီပြဿနာတွေ မရှိတော့ဘူးပေါ့။ ကုန်စည်စီးဆင်းမှုရော ဒေသတွင်း ဆက်သွယ်ရေးရော အဆင်ပြေတာပေါ့။ မြန်မြန်ဆောက်စေချင်ပါတယ်” ဟု မန္တလေး - မူဆယ် ကုန်တင်ယာဉ်မောင်းနှင်သူ ကိုမောင်တိုးက ပြောသည်။

လက်ရှိတွင် တံတားတည်ဆောက်ရေး အတွက် မြေယာတိုင်းတာမှုများနှင့် တံတားပုံစံ ရေးဆွဲနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~