သီေပါၿမိဳ႕ သီတဂူစကၡဳဒါနေဆးရံုတြင္ ၃၈ ႀကိမ္ေျမာက္အျဖစ္ မ်က္စိစမ္းသပ္ အခမဲ့ ကုသေပးရာ ေဝဒနာရွင္ ၇၃၁ ဦးကုသမႈခံယူ

သီေပါၿမိဳ႕ သီတဂူစကၡဳဒါနေဆးရံုတြင္ ၃၈ ႀကိမ္ေျမာက္အျဖစ္ မ်က္စိစမ္းသပ္ အခမဲ့ ကုသေပးရာ ေဝဒနာရွင္ ၇၃၁ ဦးကုသမႈခံယူ
မေ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)သီေပါၿမိဳ႕ရွိသီတဂူစကၡဳဒါနေဆးရံု၌ (၃၈)ႀကိမ္ေျမာက္ မ်က္စိစမ္းသပ္ ကုသေပးမႈတြင္ အနယ္နယ္ အရပ္ရပ္မွ မ်က္စိေဝဒနာရွင္ (၇၃၁)ဦးကို စမ္းသပ္ေပးႏိုင္ခဲ့ၿပီး (၁၅၈)ဦးအား ခြဲစိတ္ ကုသေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

“ဒီ(၃၈)ႀကိမ္ေျမာက္ကုသမႈမွာ ခါတိုင္းထက္ထူးျခားတာကေတာ့ ရွမ္း၊ ပေလာင္ တိုင္းရင္းသားေတြအျပင္ ဝ ေဒသက တိုင္းရင္းသားေတြလည္း လာၿပီးကုသၾကတာေတြ႔ရတယ္။ လားရႈိးၿမိဳ႕နယ္ ပုန္းထြန္ေက်းရြာက ကေလးငယ္ တစ္ေယာက္လည္း မ်က္လံုးလာျပရင္း ကင္ဆာျဖစ္ေနတာကိုေတြ႔ရတယ္။ ၿပီးေတာ့ လားရိႈးနဲ႔ သီေပါက လူမႈကူညီေရးအဖြဲ႔တစ္ခု ပါဝင္ကူညီလာတာရိွတယ္”ဟု မ်က္စိအခမဲ့ စမ္းသပ္ကုသမႈ ျဖစ္ေျမာက္ေရး အဖြဲ႔မွ ဦးဝင္းေသာင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မ်က္စိအခမဲ့စမ္းသပ္ကုသေပးမႈအစီအစဥ္မ်ားကို ေလးလလွ်င္ တစ္ႀကိမ္လုပ္ေဆာင္ႏိုင္ရန္ သီေပါၿမိဳ႕ ဆရာေတာ္ဦးပညာသီရိမွ ႀကီးမွဴးေဆာင္ရြက္ေနၿပီး (၃၈)ႀကိမ္ေျမာက္မ်က္စိစမ္းသပ္ကုသမႈမ်ားကို ေမလ(၂၃) ရက္ေန႔ ညေနပိုင္းမွ စတင္၍ ေမလ(၂၈) ရက္ေန႔အထိ ကုသေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါကုသမႈအစီအစဥ္တြင္ မႏၱေလးၿမိဳ႕မွ မ်က္စိအထူးကုသမားေတာ္(၂)ဦး၊ ျပင္ဦးလြင္ၿမိဳ႕မွ သမားေတာ္(၁)ဦးႏွင့္ ေက်ာက္မဲၿမိဳ႕မွ သမားေတာ္(၁) ဦး စုစုေပါင္း မ်က္စိအထူးကုသမားေတာ္(၄)ဦးက မ်က္စိခြဲစိတ္ကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး မ်က္စိစမ္းသပ္မႈမ်ားကို သီေပါၿမိဳ႕ရိွ မ်က္စိဆရာဝန္မ်ားက ေဆာင္ရြက္ေပးျခင္း ျဖစ္ေၾကာင္းသိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - သီတဂူစကၡဳဒါနေဆးရုုံေတာ္(FB)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့ရှိသီတဂူစက္ခုဒါနဆေးရုံ၌ (၃၈)ကြိမ်မြောက် မျက်စိစမ်းသပ် ကုသပေးမှုတွင် အနယ်နယ် အရပ်ရပ်မှ မျက်စိဝေဒနာရှင် (၇၃၁)ဦးကို စမ်းသပ်ပေးနိုင်ခဲ့ပြီး (၁၅၈)ဦးအား ခွဲစိတ် ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

“ဒီ(၃၈)ကြိမ်မြောက်ကုသမှုမှာ ခါတိုင်းထက်ထူးခြားတာကတော့ ရှမ်း၊ ပလောင် တိုင်းရင်းသားတွေအပြင် ဝ ဒေသက တိုင်းရင်းသားတွေလည်း လာပြီးကုသကြတာတွေ့ရတယ်။ လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာက ကလေးငယ် တစ်ယောက်လည်း မျက်လုံးလာပြရင်း ကင်ဆာဖြစ်နေတာကိုတွေ့ရတယ်။ ပြီးတော့ လားရှိုးနဲ့ သီပေါက လူမှုကူညီရေးအဖွဲ့တစ်ခု ပါဝင်ကူညီလာတာရှိတယ်”ဟု မျက်စိအခမဲ့ စမ်းသပ်ကုသမှု ဖြစ်မြောက်ရေး အဖွဲ့မှ ဦးဝင်းသောင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မျက်စိအခမဲ့စမ်းသပ်ကုသပေးမှုအစီအစဉ်များကို လေးလလျှင် တစ်ကြိမ်လုပ်ဆောင်နိုင်ရန် သီပေါမြို့ ဆရာတော်ဦးပညာသီရိမှ ကြီးမှူးဆောင်ရွက်နပြေီး (၃၈)ကြိမ်မြောက်မျက်စိစမ်းသပ်ကုသမှုများကို မေလ(၂၃) ရက်နေ့ ညနေပိုင်းမှ စတင်၍ မေလ(၂၈) ရက်နေ့အထိ ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကုသမှုအစီအစဉ်တွင် မန္တလေးမြို့မှ မျက်စိအထူးကုသမားတော်(၂)ဦး၊ ပြင်ဦးလွင်မြို့မှ သမားတော်(၁)ဦးနှင့် ကျောက်မဲမြို့မှ သမားတော်(၁) ဦး စုစုပေါင်း မျက်စိအထူးကုသမားတော်(၄)ဦးက မျက်စိခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိစမ်းသပ်မှုများကို သီပေါမြို့ရှိ မျက်စိဆရာဝန်များက ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - သီတဂူစက္ခုဒါနဆေးရုံတော်(FB)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~