တာခ်ီလိတ္ၿမိဳ႕၌ က်င္းပသည့္ ေက်ာင္းအပ္ႏွံေရးေန႔ အခမ္းအနားတြင္ အထက္တန္းေက်ာင္မ်ားအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ကြန္ပ်ဴတာ(၄)စံု ေထာက္ပံ့

တာခ်ီလိတ္ၿမိဳ႕၌ က်င္းပသည့္ ေက်ာင္းအပ္ႏွံေရးေန႔ အခမ္းအနားတြင္ အထက္တန္းေက်ာင္မ်ားအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ကြန္ပ်ဴတာ(၄)စံု ေထာက္ပံ့
မေ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ေက်ာင္းအပ္ႏွံေရးေန႔ အခမ္းနားကို ေမလ(၂၉)ရက္ေန႔က ေအာင္ျမတ္ခန္းမ၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ကြန္ပ်ဴတာ(၄)စံု ေထာက္ပံ့လိုက္ေကာင္း သိရသည္။

အခမ္းအနားတြင္ ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအး၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊတို႔မွ အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီး ၿမိဳ႕နယ္ပညာေရးမွဴး ေဒၚမာမာဦးက တာခ်ီလိတ္ၿမိဳ႕နယ္၏ ပညာေရး အေျခအေနမ်ား ရွင္းလင္းေျပာၾကားေၾကာင္းႏွင့္ အခမ္းအနားသို႔ စစ္ဗ်ဴဟာအဖြဲ႔ ( အေျခခ် ) တာခ်ီလိတ္ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ ေက်ာင္းဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ လူမႈေရး အသင္းအဖြဲ႕မ်ားႏွင့္ ေဒသခံ အလွဴရွင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ေက်ာင္းအပ္ႏွံေရးေန႔ အခမ္းအနားတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ ေထာက္ပံ့လွဴဒါန္းေသာ ကြန္ပ်ဴတာ(၄)စုံကို ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအးမွ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ အေျခခံပညာအထက္တန္းေက်ာင္းမ်ားသုိ႔ ေပးအပ္ခဲ့ကာ ဆက္လက္ၿပီး အေျခခံေက်ာင္းမ်ားကို KG Kit ပုံးမ်ား၊ ေက်ာင္းသုံးဗလာစာအုပ္မ်ား၊ ေက်ာင္းဝတ္စုံမ်ား၊ ဖတ္စာအုပ္မ်ား ေထာက္ပံ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ရွိ အေျခခံေက်ာင္းမ်ားသုိ႔ အဘက္ဘက္မွ ေထာက္ပံ့လွဴဒါန္းေသာ အလွဴရွင္မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ေက်ာင္းအပ္ႏွံေရးေန႔အခမ္းအနားတြင္ အထက(ဆန္ဆိုင္း) န၀မတန္း ေက်ာင္းသား ေက်ာင္းသူမ်ားက ျပည္ျမန္မာသီခ်င္းျဖင့္လည္းေကာင္း၊ အထက(တာခ်ီလိတ္) ေက်ာင္းသားေက်ာင္းသူမ်ားက ဇာတိမာန္သီခ်င္းျဖင့္လည္းေကာင္း သီဆိုေဖ်ာ္ေျဖခဲ့ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းနားကို မေလ(၂၉)ရက်နေ့က အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ကွန်ပျူတာ(၄)စုံ ထောက်ပံ့လိုက်ကောင်း သိရသည်။

အခမ်းအနားတွင် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦးက တာချီလိတ်မြို့နယ်၏ ပညာရေး အခြေအနေများ ရှင်းလင်းပြောကြားကြောင်းနှင့် အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ ( အခြေချ ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ထောက်ပံ့လှူဒါန်းသော ကွန်ပျူတာ(၄)စုံကို တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးမှ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ ပေးအပ်ခဲ့ကာ ဆက်လက်ပြီး အခြေခံကျောင်းများကို KG Kit ပုံးများ၊ ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဖတ်စာအုပ်များ ထောက်ပံ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ရှိ အခြေခံကျောင်းများသို့ အဘက်ဘက်မှ ထောက်ပံ့လှူဒါန်းသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် အထက(ဆန်ဆိုင်း) နဝမတန်း ကျောင်းသား ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့်လည်းကောင်း၊ အထက(တာချီလိတ်) ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~