မိုင္းရင္ေက်းရြာ ဘုန္းႀကီးေက်ာင္းတြင္ ေျမျမဳပ္မိုင္းျဖင့္ ေဆာ့ကစားရာမွ ကိုရင္ (၈)ပါး ဒဏ္ရာရ

မိုင္းရင္ေက်းရြာ ဘုန္းႀကီးေက်ာင္းတြင္ ေျမျမဳပ္မိုင္းျဖင့္ ေဆာ့ကစားရာမွ ကိုရင္ (၈)ပါး ဒဏ္ရာရ
မေ 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမၼတူၿမိဳ႕နယ္ မိုင္းရင္ေက်းရြာရွိ ၿမိဳ႕မသာသနာဘုန္းႀကီးေက်ာင္းမွ ကိုရင္တစ္ပါးသည္ ေမလ (၈) ရက္ေန႔ နံနက္ပိုင္းက ေျမျမဳပ္မိုင္းတစ္လံုးအား ေဆာ့ကစားရာမွ ေပါက္ကြဲသျဖင့္ ကိုရင္(၈)ပါး ဒဏ္ရာရသည့္ အနက္ (၅)ပါးမွာ ဒဏ္ရာျပင္းထန္ေၾကာင္း နမၼတူၿမိဳ႕မရဲစခန္းမွ သိရသည္။

“လယ္ကြင္းထဲမွာ မိုင္းေဟာင္း(၃)လံုးကိုေတြ႔ခဲ့ၿပီးေတာ့ (၂)လံုးကုိ ဘုန္းႀကီးေက်ာင္းကိုယူလာၾကၿပီး ကိုရင္ေတြ ေဆာ့ကစားၾကတယ္လို႔သိရတယ္။ ေဆာ့ကစားေနရင္း အဲဒီမိုင္းေဟာင္း(၂)လံုးထဲက တစ္လံုးက ဒီမနက္ (၁၀)နာရီေလာက္မွာ ေပါက္ကြဲခဲ့လို႔ ကိုရင္(၈)ပါးဒဏ္ရာေတြရတယ္။ (၅)ပါးက ဒဏ္ရာျပင္းထန္တဲ့အတြက္ လားရိႈးၿမိဳ႕ ျပည္သူ႔ေဆးရံုကို ပို႔ေဆာင္ေပးထားရတယ္လို႔သိရပါတယ္”ဟု နမၼတူၿမိဳ႕မရဲစခန္းမွ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးျမင့္ေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေပါက္ကြဲမႈျဖစ္ပြားခဲ့သည့္ ၿမိဳ႕မသာသနာဘုန္းႀကီးေက်ာင္းမွာ နမၼတူၿမိဳ႕မရဲစခန္းႏွင့္ (၁၄) မိုင္ခန္႔ေဝးကြာသည့္ မိုင္းရင္ေက်းရြာရွိ မိုင္းရင္တပ္စခန္းေဟာင္းနံေဘးတြင္ျဖစ္ေၾကာင္း သိရသည္။
“ကိုရင္ေတြကိုလာပို႔တဲ့ ေဒသခံေတြေျပာေနတာကေတာ့ အရင္ေန႔ေတြကတည္းက အဲဒီမိုင္းေတြကို သူတို႔ေတြ ေဆာ့ေနၾကတာလို႔ေျပာတာပဲ။ ဒီမနက္ေဆာ့ေနရင္းမွ တစ္ခုက မာတဲ့ေနရာေပၚသြားက်ၿပီး ထကြဲလို႔ ဒဏ္ရာေတြ ရကုန္ၾကတာလို႔သိရတယ္။ ကိုရင္တစ္ပါးကေတာ့ လားရိႈးကေန မႏၱေလးကို ေရႊ႕ေပးထားရတယ္လို႔ သိရတယ္”ဟု လားရိႈးၿမိဳ႕ရွိ လူမႈကူညီေရးအသင္းတစ္ခုမွ ကိုေဇာ္ေဇာ္က ေျပာသည္။

မိုင္းေဟာင္းေပါက္ကြဲမႈျဖစ္ပြားရာေနရာသို႔ နယ္ေျမအတြင္းရွိ သက္ဆိုင္ရာဌာနမ်ားမွ သြားေရာက္ စစ္ေဆးခဲ့ၿပီး ဘုန္းႀကီးေက်ာင္းဝန္းအတြင္းရွိ မေပါက္ကြဲေသးသည့္ မိုင္းေဟာင္းတစ္လံုးႏွင့္ ကိုရင္မ်ား စတင္ေတြ႔ရွိခဲ့ရာ လယ္ကြင္းအတြင္းရွိ မေပါက္ကြဲေသးသည့္ မိုင္းေဟာင္းတစ္လံုးအား ရွာေဖြေတြ႔ရွိထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာရှိ မြို့မသာသနာဘုန်းကြီးကျောင်းမှ ကိုရင်တစ်ပါးသည် မေလ (၈) ရက်နေ့ နံနက်ပိုင်းက မြမြေုပ်မိုင်းတစ်လုံးအား ဆော့ကစားရာမှ ပေါက်ကွဲသဖြင့် ကိုရင်(၈)ပါး ဒဏ်ရာရသည့် အနက် (၅)ပါးမှာ ဒဏ်ရာပြင်းထန်ကြောင်း နမ္မတူမြို့မရဲစခန်းမှ သိရသည်။

“လယ်ကွင်းထဲမှာ မိုင်းဟောင်း(၃)လုံးကိုတွေ့ခဲ့ပြီးတော့ (၂)လုံးကို ဘုန်းကြီးကျောင်းကိုယူလာကြပြီး ကိုရင်တွေ ဆော့ကစားကြတယ်လို့သိရတယ်။ ဆော့ကစားနေရင်း အဲဒီမိုင်းဟောင်း(၂)လုံးထဲက တစ်လုံးက ဒီမနက် (၁၀)နာရီလောက်မှာ ပေါက်ကွဲခဲ့လို့ ကိုရင်(၈)ပါးဒဏ်ရာတွေရတယ်။ (၅)ပါးက ဒဏ်ရာပြင်းထန်တဲ့အတွက် လားရှိုးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားရတယ်လို့သိရပါတယ်”ဟု နမ္မတူမြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြို့မသာသနာဘုန်းကြီးကျောင်းမှာ နမ္မတူမြို့မရဲစခန်းနှင့် (၁၄) မိုင်ခန့်ဝေးကွာသည့် မိုင်းရင်ကျေးရွာရှိ မိုင်းရင်တပ်စခန်းဟောင်းနံဘေးတွင်ဖြစ်ကြောင်း သိရသည်။
“ကိုရင်တွေကိုလာပို့တဲ့ ဒေသခံတွေပြောနေတာကတော့ အရင်နေ့တွေကတည်းက အဲဒီမိုင်းတွေကို သူတို့တွေ ဆော့နကြေတာလို့ပြောတာပဲ။ ဒီမနက်ဆော့နေရင်းမှ တစ်ခုက မာတဲ့နေရာပေါ်သွားကျပြီး ထကွဲလို့ ဒဏ်ရာတွေ ရကုန်ကြတာလို့သိရတယ်။ ကိုရင်တစ်ပါးကတော့ လားရှိုးကနေ မန္တလေးကို ရွှေ့ပေးထားရတယ်လို့ သိရတယ်”ဟု လားရှိုးမြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ ကိုဇော်ဇော်က ပြောသည်။

မိုင်းဟောင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ နယ်မြေအတွင်းရှိ သက်ဆိုင်ရာဌာနများမှ သွားရောက် စစ်ဆေးခဲ့ပြီး ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ မပေါက်ကွဲသေးသည့် မိုင်းဟောင်းတစ်လုံးနှင့် ကိုရင်များ စတင်တွေ့ရှိခဲ့ရာ လယ်ကွင်းအတွင်းရှိ မပေါက်ကွဲသေးသည့် မိုင်းဟောင်းတစ်လုံးအား ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~