မိုင္းျဖတ္ရွိ နမ့္ပန္ေခ်ာင္းတံတားတြင္ မူးယစ္ေဆးလာပို႔သူအား ဖမ္းဆီးရမိ

မိုင္းျဖတ္ရွိ နမ့္ပန္ေခ်ာင္းတံတားတြင္ မူးယစ္ေဆးလာပို႔သူအား ဖမ္းဆီးရမိ
မေ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္ ဝမ္ယန္းမိုင္ေက်းရြာအနီး နမ့္ပန္ေခ်ာင္း တံတားတြင္ ရဲတပ္ဖြဲ႕သည္ သတင္းအရေစာင့္ဆုိင္းဖမ္းဆီးရာ ေမလ ၂၉ ရက္ေန႔ ည (၈)နာရီ (၄၅)မိနစ္ခန္႔တြင္ မူးယစ္ေဆးလာပို႔သူအား ဖမ္းဆီးရမိလုိက္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕သည္ ေခ်ာင္းနံေဘးတြင္ ေစာင့္ဆိုင္းေနစဥ္ မိုင္းခုတ္ - မိုင္းျဖတ္ကားလမ္းအတိုင္း ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ရွာေဖြ စစ္ေဆးစဥ္ ယာဥ္ေပၚတြင္ လုိက္ပါလာသည့္ အားဆားအား ယာဥ္ေမာင္းက ကန္ခ်ၿပီး ေမာင္းႏွင္ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အားဆားသည္ ယာဥ္ေပၚမွ ျပဳတ္က်ၿပီး ေမာ္ေတာ္ယာဥ္ေနာက္ဘီးျဖင့္ ဝဲဘက္ဒူးမွ ျဖတ္တို္က္သြားျခင္းခံရသျဖင့္ ေျခေထာက္က်ိဳးသြားကာ ၎ႏွင့္အတူ ပလတ္စတစ္အိတ္ျဖင့္ ထုပ္ထားသည့္ WY စာတမ္းပါ စိတ္ၾကြရူးသိပ္ေဆးျပား စုစုေပါင္း (၁၁၄၀၀)ျပားအား ရွာေဖြဖမ္းဆီးရမိေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ အားဆားအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၃/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ျဖင့္ စစ္ေဆးလ်က္ရိွေၾကာင္း သိရသည္။

သတင္း - ကိုသာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဝမ်ယန်းမိုင်ကျေးရွာအနီး နမ့်ပန်ချောင်း တံတားတွင် ရဲတပ်ဖွဲ့သည် သတင်းအရစောင့်ဆိုင်းဖမ်းဆီးရာ မေလ ၂၉ ရက်နေ့ ည (၈)နာရီ (၄၅)မိနစ်ခန့်တွင် မူးယစ်ဆေးလာပို့သူအား ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့သည် ချောင်းနံဘေးတွင် စောင့်ဆိုင်းနေစဉ် မိုင်းခုတ် - မိုင်းဖြတ်ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေ စစ်ဆေးစဉ် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အားဆားအား ယာဉ်မောင်းက ကန်ချပြီး မောင်းနှင် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

အားဆားသည် ယာဉ်ပေါ်မှ ပြုတ်ကျပြီး မော်တော်ယာဉ်နောက်ဘီးဖြင့် ဝဲဘက်ဒူးမှ ဖြတ်တို်က်သွားခြင်းခံရသဖြင့် ခြေထောက်ကျိုးသွားကာ၎င်းနှင့်အတူ ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် WY စာတမ်းပါ စိတ်ကြွရူးသိပ်ဆေးပြား စုစုပေါင်း (၁၁၄၀၀)ပြားအား ရှာဖွေဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အားဆားအား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ)၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~