တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုတြင္ မူးယစ္ေဆး၀ါးဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုတြင္ မူးယစ္ေဆး၀ါးဖမ္းဆီးရမိ
မေ 12, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ဟိုနားေက်းရြာတြင္ ေမလ(၁၂)ရက္ေန႔ နံနက္(၇)နာရီခြဲ၀န္းက်င္ အခ်ိန္က မူးယစ္ေဆး၀ါး သတင္းအရ ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီး ရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔က တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ဟိုနားေက်းရြာရွိ အားယာ၏ ေနအိမ္အား မူးယစ္ေဆး၀ါးသတင္းအရ ၀င္ေရာက္ ရွာေဖြရာမွ ေနအိမ္ အိပ္ခန္းအတြင္း၌ အားယာ အား အိပ္လ်က္ေတြ႕ရၿပီး ဆက္လက္ရွာေဖြရာ ၎အိပ္ေနသည့္ အိပ္ခန္း အတြင္း၏ ထုပ္တန္းေပၚမွ ဖက္ရြက္ျဖင့္ ပတ္လ်က္ သိမ္းဆည္းထားၿပီး အေလးခ်ိန္ (၁၂၀)ဂရမ္ခန္႔ရွိ ဘိန္းစိမ္းအမဲေရာင္ အေစး ႏွင့္ ေျခရင္းတြင္ သိမ္းဆည္းထားရွိသည့္ မီလီတာ(၂၀၀)ခန္႔ပါသည့္ ဘိန္းဆီရည္အား ေတြ႕ရွိရသည့္အျပင္ ဘိန္းရႈေျပာင္း (၂)ခု၊ ထိုင္းဘတ္ေငြ ေရာရာ (၄၇၀၀)ဘတ္ စသည္တို႔ကို ေတြ႕ရွိရ၍ မူးယစ္ေဆး၀ါးႏွင့္အတူ ၎အား ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အသက္(၄၅)ႏွစ္ရွိ အားယာ အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၀/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုနားကျေးရွာတွင် မေလ(၁၂)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင် အချိန်က မူးယစ်ဆေးဝါး သတင်းအရ ရှာဖွေရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီး ရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုနားကျေးရွာရှိ အားယာ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက် ရှာဖွေရာမှ နေအိမ် အိပ်ခန်းအတွင်း၌ အားယာ အား အိပ်လျက်တွေ့ရပြီး ဆက်လက်ရှာဖွေရာ၎င်းအိပ်နေသည့် အိပ်ခန်း အတွင်း၏ ထုပ်တန်းပေါ်မှ ဖက်ရွက်ဖြင့် ပတ်လျက် သိမ်းဆည်းထားပြီး အလေးချိန် (၁၂၀)ဂရမ်ခန့်ရှိ ဘိန်းစိမ်းအမဲရောင် အစေး နှင့် ခြေရင်းတွင် သိမ်းဆည်းထားရှိသည့် မီလီတာ(၂၀၀)ခန့်ပါသည့် ဘိန်းဆီရည်အား တွေ့ရှိရသည့်အပြင် ဘိန်းရှုပြောင်း (၂)ခု၊ ထိုင်းဘတ်ငွေ ရောရာ (၄၇၀၀)ဘတ် စသည်တို့ကို တွေ့ရှိရ၍ မူးယစ်ဆေးဝါးနှင့်အတူ၎င်းအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အသက်(၄၅)နှစ်ရှိ အားယာ အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၀/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~