တောင်ကြီးမြို့၏ ပထမဆုံးအဖြစ် မော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲ စတင်ကျင်းပ
တောင်ကြီးမြို့၏ ပထမဆုံးအဖြစ် မော်တော်ဆိုင်ကယ်ကလပ်များတွေ့ဆုံပွဲ စတင်ကျင်းပ
မေ 5, 2017
By Tachileik News Agency
တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် မေလ ၅ ရက်နေ့မှ စ၍ ကျင်းပပြုလုပ်နေလျက်ရှိသည့် Auto Mobile Shows and Bike Week at TAUNGGYI တွင် မြန်မာနိုင်ငံအတွင်းမှ ဆိုင်ကယ်စီးဝါသနာရှင် ကလပ်များ၊ အစုအဖွဲ့များမှ ရောက်ရှိဆင်နွှဲကြောင်း နှင့် အဆိုပါ ပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပညာပေးမှုများဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ Bike Week အား တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် မေလ ၅ ရက်နေ့မှ မေလ(၇)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးရှိ ဆိုင်ကယ်အမျိုးအစားပေါင်းစုံ အစီးရေ စုစုပေါင်း (၅၀၀)၀န်းကျင်အား ဖိတ်ကြားထားပြီး ကွင်းအတွင်းရှိ ကား၊ဆိုင်ကယ် ပြခန်းဆိုင်ခန်းပေါင်း(၂၀)ခန်းဖြင့် ပြသထားရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ -  နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့ရှိ အေဝရာမီးပုံးပျံကွင်းတွင် မေလ ၅ ရက်နေ့မှ စ၍ ကျင်းပပြုလုပ်နေလျက်ရှိသည့် Auto Mobile Shows and Bike Week at TAUNGGYI တွင် မြန်မာနိုင်ငံအတွင်းမှ ဆိုင်ကယ်စီးဝါသနာရှင် ကလပ်များ၊ အစုအဖွဲ့များမှ ရောက်ရှိဆင်နွှဲကြောင်း နှင့် အဆိုပါ ပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသိပညာပေးမှုများဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြောင်း သိရသည်။
"ပွဲကျင်းပဖို့ အတွက်ကိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆိုင်ကယ်ချစ်သူတွေကို အကုန်ဖိတ်ကြားထားပါတယ်။ ဖိတ်ကြားတဲ့ ကော်မတီတွေနဲ့ ရဲတပ်ဖွဲ့တွေယာဉ်ထိန်းတပ်ဖွဲ့တွေကိုလည်း ပူးပေါင်းပါဝင်အောင် ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆိုင်ကယ်ချစ်သူတွေကလည်း ကိုယ့်ဆိုင်ကယ် အမျိုးအစားအလိုက် အများကြီးလာရောက်ကြလို့ ကျွန်တော်တို့ အရမ်းဝမ်းသာမိပါတယ်။ ညနေပိုင်း အစီအစဉ်အနေနဲ့ကတော့ အဆိုတော်တွေ ဖျော်ဖြေရေးတွပြေုလုပ်ပေးသွားမှာပါ"ဟု ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ Bike Week အား တောင်ကြီးမြို့ အေဝရာမီးပုံးပျံကွင်းတွင် မေလ ၅ ရက်နေ့မှ မေလ(၇)ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် တစ်နိုင်ငံလုံးရှိ ဆိုင်ကယ်အမျိုးအစားပေါင်းစုံ အစီးရေ စုစုပေါင်း (၅၀၀)ဝန်းကျင်အား ဖိတ်ကြားထားပြီး ကွင်းအတွင်းရှိ ကား၊ဆိုင်ကယ် ပြခန်းဆိုင်ခန်းပေါင်း(၂၀)ခန်းဖြင့် ပြသထားရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - နိုနို 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~