တာခ်ီလိတ္ရွိ အမွတ္(၁)တံတားတြင္ သံုးဘီးဆိုင္ကယ္မ်ားအား မူလအတိုင္း က်ပ္(၂၀၀)သာ ျပန္လည္ေကာက္ခံ

တာခ်ီလိတ္ရွိ အမွတ္(၁)တံတားတြင္ သံုးဘီးဆိုင္ကယ္မ်ားအား မူလအတိုင္း က်ပ္(၂၀၀)သာ ျပန္လည္ေကာက္ခံ
မေ 4, 2017
By Tachileik News Agency

တာခ်ီလိတ္ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ စည္ပင္သာယာေရးဌာန၏ ဘီးခြန္ေလလံရ ရွိထားသူမွ ဧၿပီလအတြင္း သံုးဘီးဆိုင္ကယ္မ်ားအား မူလ ေကာက္ခံသည့္ က်ပ္(၂၀၀)မွ က်ပ္(၃၀၀)အျဖစ္ တိုးျမႇင့္ေကာက္ခံေနရာမွ ေမလ(၁)ရက္ေန႔မွစ၍ မူလေကာက္ခံႏႈန္းျဖစ္သည့္ က်ပ္(၂၀၀)သို႔ ျပန္လည္ေကာက္ခံေနၿပီျဖစ္ေၾကာင္း သိရသည္။

"အခုေတာ့ သံုးဘီးဆိုင္ကယ္ေတြကို အရင္အတိုင္းပဲ က်ပ္(၂၀၀)ပဲ ေကာက္ေတာ့တယ္၊ က်ပ္(၁၅၀၀)ေပးလိုက္တာ ကညနေၾကး က်ပ္(၁၀၀၀)၊ ပုိ႔/ဆက္ေၾကး က်ပ္ (၂၀၀) အပါဆိုရင္ က်ပ္(၁၀၀)ျပန္အမ္းတယ္။"ဟု သံုးဘီးဆိုင္ကယ္ေမာင္းသူ ကိုေနာင္ေနာင္က ေျပာသည္။

စည္ပင္သာယာေရးဌာနမွ ေလလံစနစ္ျဖင့္ ေရာင္းခ်ေပးထားေသာ အေပါင္ဆိုင္မ်ား၊ ဘီးေကာက္ လုပ္ငန္းမ်ား၊ ေစ်းေကာက္လုပ္ငန္း စသည့္ လုပ္ငန္းမ်ားအား သတ္မွတ္ထားသည့္ ေစ်းႏႈန္းျဖင့္သာ ေကာက္ခံခြင့္ရွိၿပီး သတ္မွတ္ေစ်းႏႈန္းထက္ ပိုမို ေကာက္ခံခြင့္ မရွိေၾကာင္း သိရသည္။

"ေလလံေၾကး ဘယ္ေလာက္နဲ႔ပဲ ဆြဲ၀ယ္ယူယူ ကား၊ ဆိုင္ကယ္ စတာေတြကို သတ္မွတ္ထားတဲ့ ေစ်းႏႈန္းအတိုင္းပဲ ေကာက္ခြင့္ရွိပါတယ္၊ ပိုေကာက္လို႔ မရပါဘူး၊ အခုလည္း အသိေပးထားပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁) ႏွင့္ အမွတ္(၂) တံတားႏွစ္စီးအေပၚ စည္ပင္ဘီးေကာက္လုပ္ငန္းအား ၂၀၁၇ - ၂၀၁၈ဘ႑ာႏွစ္အတြက္ ၾကမ္းခင္းေစ်း ေလလံမွာ က်ပ္သိန္းေပါင္း (၂၃၂၅.၈၀)ျဖင့္ ေစ်းဖြင့္ထားရာမွ (၃)ႀကိမ္တိုင္တိုင္ ၀ယ္ယူသူ မရွိ၍ အျခားနည္းျဖင့္ က်ပ္သိန္း (၁၇၂၀)ျဖင့္သာ ေလလံေရာင္းခ်ထားရေၾကာင္းသိရသည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁) ႏွင့္ အမွတ္(၂) တံတားႏွစ္စီးတြင္ ဘီးခြန္ေကာက္ခံရမည့္ သတ္မွတ္ႏႈန္းထားမ်ားမွာ ဆိုင္ကယ္ ႏွင့္ သံုးဘီးဆိုင္ကယ္အား (၂၀၀) က်ပ္၊ ယာဥ္ငယ္ (၃၀၀) က်ပ္၊ ယာဥ္လတ္ (၅၀၀) က်ပ္၊ ယာဥ္ႀကီး (၃တန္အထက္ ) (၇၀၀)က်ပ္ႏွင့္ ယာဥ္ႀကီး(တန္ပို) (၃၀၀၀) က်ပ္ အသီးသီးျဖစ္ေၾကာင္းႏွင့္ အဆိုပါ ေစ်းႏႈန္းမ်ားကို စည္ပင္သာယာေရးဌာနမွ သတ္မွတ္ထားေပးျခင္း ျဖစ္ေၾကာင္းအျပင္ သတ္မွတ္ ေကာက္ခံႏႈန္းထားမ်ား ထက္ပို၍ ေကာက္ခံျခင္း ျပဳလုပ္ပါက စည္ပင္သာယာေရးဌာနမွ အေရးယူႏိုင္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် စည်ပင်သာယာရေးဌာန၏ ဘီးခွန်လေလံရ ရှိထားသူမှ ဧပြီလအတွင်း သုံးဘီးဆိုင်ကယ်များအား မူလ ကောက်ခံသည့် ကျပ်(၂၀၀)မှ ကျပ်(၃၀၀)အဖြစ် တိုးမြှင့်ကောက်ခံနေရာမှ မေလ(၁)ရက်နေ့မှစ၍ မူလကောက်ခံနှုန်းဖြစ်သည့် ကျပ်(၂၀၀)သို့ ပြန်လည်ကောက်ခံနပြေီဖြစ်ကြောင်း သိရသည်။

"အခုတော့ သုံးဘီးဆိုင်ကယ်တွေကို အရင်အတိုင်းပဲ ကျပ်(၂၀၀)ပဲ ကောက်တော့တယ်၊ ကျပ်(၁၅၀၀)ပေးလိုက်တာ ကညနကြေး ကျပ်(၁၀၀၀)၊ ပို့/ဆက်ကြေး ကျပ် (၂၀၀) အပါဆိုရင် ကျပ်(၁၀၀)ပြန်အမ်းတယ်။"ဟု သုံးဘီးဆိုင်ကယ်မောင်းသူ ကိုနောင်နောင်က ပြောသည်။

စည်ပင်သာယာရေးဌာနမှ လေလံစနစ်ဖြင့် ရောင်းချပေးထားသော အပေါင်ဆိုင်များ၊ ဘီးကောက် လုပ်ငန်းများ၊ ဈေးကောက်လုပ်ငန်း စသည့် လုပ်ငန်းများအား သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့်သာ ကောက်ခံခွင့်ရှိပြီး သတ်မှတ်ဈေးနှုန်းထက် ပိုမို ကောက်ခံခွင့် မရှိကြောင်း သိရသည်။

"လေလံကြေး ဘယ်လောက်နဲ့ပဲ ဆွဲဝယ်ယူယူ ကား၊ ဆိုင်ကယ် စတာတွေကို သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းပဲ ကောက်ခွင့်ရှိပါတယ်၊ ပိုကောက်လို့ မရပါဘူး၊ အခုလည်း အသိပေးထားပါတယ်"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) နှင့် အမှတ်(၂) တံတားနှစ်စီးအပေါ် စည်ပင်ဘီးကောက်လုပ်ငန်းအား ၂၀၁၇ - ၂၀၁၈ဘဏ္ဍာနှစ်အတွက် ကြမ်းခင်းဈေး လေလံမှာ ကျပ်သိန်းပေါင်း (၂၃၂၅.၈၀)ဖြင့် ဈေးဖွင့်ထားရာမှ (၃)ကြိမ်တိုင်တိုင် ဝယ်ယူသူ မရှိ၍ အခြားနည်းဖြင့် ကျပ်သိန်း (၁၇၂၀)ဖြင့်သာ လေလံရောင်းချထားရကြောင်းသိရသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) နှင့် အမှတ်(၂) တံတားနှစ်စီးတွင် ဘီးခွန်ကောက်ခံရမည့် သတ်မှတ်နှုန်းထားများမှာ ဆိုင်ကယ် နှင့် သုံးဘီးဆိုင်ကယ်အား (၂၀၀) ကျပ်၊ ယာဉ်ငယ် (၃၀၀) ကျပ်၊ ယာဉ်လတ် (၅၀၀) ကျပ်၊ ယာဉ်ကြီး (၃တန်အထက် ) (၇၀၀)ကျပ်နှင့် ယာဉ်ကြီး(တန်ပို) (၃၀၀၀) ကျပ် အသီးသီးဖြစ်ကြောင်းနှင့် အဆိုပါ ဈေးနှုန်းများကို စည်ပင်သာယာရေးဌာနမှ သတ်မှတ်ထားပေးခြင်း ဖြစ်ကြောင်းအပြင် သတ်မှတ် ကောက်ခံနှုန်းထားများ ထက်ပို၍ ကောက်ခံခြင်း ပြုလုပ်ပါက စည်ပင်သာယာရေးဌာနမှ အရေးယူနိုင်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~