တာခ်ီလိတ္တြင္ ၇၁ ႀကိမ္ေျမာက္မီးသတ္သရုပ္ျပအခမ္းအနားက်င္းပ

တာခ်ီလိတ္တြင္ ၇၁ ႀကိမ္ေျမာက္မီးသတ္သရုပ္ျပအခမ္းအနားက်င္းပ
မေ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕၌ေမလ (၅)ရက္ေန႔တြင္ က်ေရာက္သည့္ (၇၁)ႏွစ္ေျမာက္ ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ကို ဂုဏ္ျပဳေသာအားျဖင့္ မီးသတ္လုပ္ငန္းဆိုင္ရာ ျပကြက္မ်ား ျပသျခင္း အခမ္္းအနား က်င္းပေၾကာင္း သိရသည္။

“(၇၁)ႀကိမ္ေျမာက္က ထူးထူးျခားျခားပဲ ဆိုပါေတာ့။ အရင္ႏွစ္ေတြတုန္းက မလုပ္ခဲ့ေတာ့ ဒီႏွွစ္မွာ ထူးထူးျခားျခား ျပကြက္ေတြအေနနဲ႔ ငလ်င္ျဖစ္စဥ္မွာ ရုပ္ျပရွာေဖြေရးႏွင့္ ကယ္ဆယ္ေရး၊ အျမင့္ေမွ်ာ္စင္ကေန အသက္ကယ္ ရုပ္ျပေတြ၊ မီးခိုးထဲမွာပိတ္မိေနတဲ့လူနာကို ကယ္တင္နည္းေတြ၊ မီးေလာင္မႈႀကီးေတြမွာ ၀တ္စုံေတြနဲ႔၀တ္ၿပီး မီးၿငွိမ္းသတ္တဲ့ ျပကြက္ေတြ ၊ မီးသတ္ယာဥ္မ်ားရဲ႕ စြမ္းရည္ေတြကို ျပသခဲ့ပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးေအာင္ေဇာ္လင္း က ေျပာသည္။

အခမ္းအနားတြင္ မီးသတ္တပ္ဖြဲ႕အား အဖက္ဖက္မွ လွဴဒါန္းေထာက္ပံ့ေပးခဲ့ေသာ အလွဴရွင္မ်ားအား ဂုဏ္ျပဳလႊာမ်ားေပးအပ္ခဲ့ေၾကာင္း သိရသည္။

“သရုပ္ျပေတြက မစုံဘဲဆင္ရတာ အခ်ိန္ကာလလိုအပ္သြားေတာ့ နည္းနည္းလိုအပ္ခ်က္ေတြ ရွိသြားပါတယ္။ ေနာက္ႏွစ္ေတြမွာေတာ့ ျပည့္ျပည့္စုံစုုံနဲ႔ လုပ္ခ်င္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္ မီးသတ္ဦးစီးမွဴး ဦးထြန္းႏိုင္ဦးက ေျပာသည္။

အဆိုပါ အခမ္းအနားတြင္ တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေက်ာ္ကိုထိုက္၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ဌာနဆိုင္ရာမ်ား ၊ လူမႈေရးအသင္းအဖြဲ႕မ်ား ႏွင့္ ဆီီပန္႔လုပ္ငန္းရွင္မ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၆ ခုႏွစ္က ေပါ့ဆမီး၊ ရႈိ႕မီး၊ လွ်ပ္စစ္မီးႏွင့္ ေတာမီး စုစုေပါင္း (၆)ႀကိမ္ျဖစ္ပြားၿပီး က်ပ္ (၆၆၂၇၅၀၀)တန္ဖိုးခန္႔ဆုံးရႈံးခဲ့ကာ ၂၀၁၇ ခုႏွစ္တြင္ မီးဖိုမီး ၊ ေပါ့ဆမီး ႏွင့္ ရႈိ႕မီး စုစုေပါင္း (၄)ႀကိမ္ျဖစ္ပြားခဲ႔ျပီး က်ပ္ (၉၈၀၁၂၀၀) တန္ဖိုးခန္႔ ဆုံးရႈံးခဲ့ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ေဇာင္းညီ

 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့၌မေလ (၅)ရက်နေ့တွင် ကျရောက်သည့် (၇၁)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် မီးသတ်လုပ်ငန်းဆိုင်ရာ ပြကွက်များ ပြသခြင်း အခမ်းအနား ကျင်းပကြောင်း သိရသည်။

“(၇၁)ကြိမ်မြောက်က ထူးထူးခြားခြားပဲ ဆိုပါတော့။ အရင်နှစ်တွေတုန်းက မလုပ်ခဲ့တော့ ဒီနှစ်မှာ ထူးထူးခြားခြား ပြကွက်တွေအနေနဲ့ ငလျင်ဖြစ်စဉ်မှာ ရုပ်ပြရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ အမြင့်မျှော်စင်ကနေ အသက်ကယ် ရုပ်ပြတွေ၊ မီးခိုးထဲမှာပိတ်မိနေတဲ့လူနာကို ကယ်တင်နည်းတွေ၊ မီးလောင်မှုကြီးတွေမှာ ဝတ်စုံတွေနဲ့ဝတ်ပြီး မီးငြှိမ်းသတ်တဲ့ ပြကွက်တွေ၊ မီးသတ်ယာဉ်များရဲ့ စွမ်းရည်တွေကို ပြသခဲ့ပါတယ်”ဟု တာချီလိတ်မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်း က ပြောသည်။

အခမ်းအနားတွင် မီးသတ်တပ်ဖွဲ့အား အဖက်ဖက်မှ လှူဒါန်းထောက်ပံ့ပေးခဲ့သော အလှူရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ခဲ့ကြောင်း သိရသည်။

“သရုပ်ပြတွေက မစုံဘဲဆင်ရတာ အချိန်ကာလလိုအပ်သွားတော့ နည်းနည်းလိုအပ်ချက်တွေ ရှိသွားပါတယ်။ နောက်နှစ်တွေမှာတော့ ပြည့်ပြည့်စုံစုံနဲ့ လုပ်ချင်ပါတယ်”ဟု တာချီလိတ်ခရိုင် မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦးက ပြောသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဆီပန့်လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၆ ခုနှစ်က ပေါ့ဆမီး၊ ရှို့မီး၊ လျှပ်စစ်မီးနှင့် တောမီး စုစုပေါင်း (၆)ကြိမ်ဖြစ်ပွားပြီး ကျပ် (၆၆၂၇၅၀၀)တန်ဖိုးခန့်ဆုံးရှုံးခဲ့ကာ ၂၀၁၇ ခုနှစ်တွင် မီးဖိုမီး၊ ပေါ့ဆမီး နှင့် ရှို့မီး စုစုပေါင်း (၄)ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ် (၉၈၀၁၂၀၀) တန်ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~