မိုင္းျဖတ္ၿမိဳ႕တြင္ ဆိုင္ကယ္ခိုးယူသူ (၃)ဦး ဖမ္းဆီးရမိ

မိုင္းျဖတ္ၿမိဳ႕တြင္ ဆိုင္ကယ္ခိုးယူသူ (၃)ဦး ဖမ္းဆီးရမိ
မေ 5, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ နမ့္လံုေရေခ်ာင္း တံတားအနီးတြင္ ရဲတပ္ဖြဲ႔က မသကၤာဖြယ္ လူငယ္တစ္ဦးအား စစ္ေဆးေမးျမန္းရာမွ ဆိုင္ကယ္ခိုးယူသူ (၃)ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မုိင္းျဖတ္ၿမိဳ႕နယ္ ၀မ္ပံုေက်းရြာ၊ နမ့္လံုေခ်ာင္း တံတားအနီးတြင္ မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ေခါင္းေဆာင္ ဒုရဲအုပ္ ဟန္မိုးလြင္ႏွင့္ အဖြဲ႔မွ ေမလ(၅)ရက္ေန႔အကူး နံနက္(၀၀း၃၀)နာရီ၀န္းက်င္က လူငယ္တစ္ဦးအား ဆိုင္ကယ္ေသာ့ မပါသည့္ ဆိုင္ကယ္ တစ္စီးႏွင့္အတူ မသကၤာဖြယ္ေတြ႕ရွိ၍ စစ္ေဆး ေမးျမန္းရာမွ ၎သည္ အဆိုပါ ဆိုင္ကယ္အား ပိုင္ဆိုင္ေၾကာင္း အေထာက္အထား အခိုင္အမာ မျပႏိုင္၍ ဆက္လက္ ေမးျမန္းရာဆိုင္ကယ္အား ေနအိမ္ၿခံဝန္းအတြင္းမွ ခိုးယူလာျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းအျပင္ ဆိုင္ကယ္အား ခိုးယူရာတြင္ ၎တစ္ေယာက္တည္း မဟုတ္ဘဲ၊ (၃)ဦး ခိုးယူခဲ့ျခင္း ျဖစ္ေၾကာင္း စစ္ေဆး ေပၚေပါက္၍ ဆိုင္ကယ္ႏွင့္အတူ ဖမ္းဆီးရမိသည့္ ဒါေယလွ အပါအ၀င္ စိုးေလး ႏွင့္ ေလာ္ဖာ (၃)ဦးတို႔အား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၆/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ - ၃၈၀/က်င့္ ၅၄ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - ကိုသာ

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်လုံရေချောင်း တံတားအနီးတွင် ရဲတပ်ဖွဲ့က မသင်္ကာဖွယ် လူငယ်တစ်ဦးအား စစ်ဆေးမေးမြန်းရာမှ ဆိုင်ကယ်ခိုးယူသူ (၃)ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် ဝမ်ပုံကျေးရွာ၊ နမ့်လုံချောင်း တံတားအနီးတွင် မိုင်းဖြတ်မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ဟန်မိုးလွင်နှင့် အဖွဲ့မှ မေလ(၅)ရက်နေ့အကူး နံနက်(ဝဝး၃၀)နာရီဝန်းကျင်က လူငယ်တစ်ဦးအား ဆိုင်ကယ်သော့ မပါသည့် ဆိုင်ကယ် တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေး မေးမြန်းရာမှ၎င်းသည် အဆိုပါ ဆိုင်ကယ်အား ပိုင်ဆိုင်ကြောင်း အထောက်အထား အခိုင်အမာ မပြနိုင်၍ ဆက်လက် မေးမြန်းရာဆိုင်ကယ်အား နေအိမ်ခြံဝန်းအတွင်းမှ ခိုးယူလာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဆိုင်ကယ်အား ခိုးယူရာတွင်၎င်းတစ်ယောက်တည်း မဟုတ်ဘဲ၊ (၃)ဦး ခိုးယူခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်၍ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိသည့် ဒါယေလှ အပါအဝင် စိုးလေး နှင့် လော်ဖာ (၃)ဦးတို့အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ - ၃၈၀/ကျင့် ၅၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~