တာခ်ီလိတ္တြင္ ဆိုင္ကယ္အား ခ်ိတ္မိၿပီးေမာင္းႏွင္သြားသည့္ သံုးဘီးယာဥ္ေမာင္းကို ႏွစ္ရက္အၾကာတြင္ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ဆိုင္ကယ္အား ခ်ိတ္မိၿပီးေမာင္းႏွင္သြားသည့္ သံုးဘီးယာဥ္ေမာင္းကို ႏွစ္ရက္အၾကာတြင္ ဖမ္းဆီးရမိ
မေ 18, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ ေရႊငါးအိမ္ေဆာက္ပစၥည္းဆုိင္ေရွ႕ ႏွင့္ သူရိယသကၤန္းတိုက္ေရွ႕ ဗိုလ္ခ်ဳပ္လမ္းမတြင္ ေမလ (၁၅)ရက္ေန႔က ဆိုင္ကယ္တစ္စီးအား ေက်ာ္တက္သည့္သံုးဘီးျဖင့္ ခ်ိတ္မိၿပီး ဆိုင္ကယ္တိမ္းေမွာက္မႈမွ သံုးဘီးယာဥ္ေမာင္းအား ရွာေဖြဖမ္းဆီးႏုိင္ၿပီျဖစ္ေၾကာင္း တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ သိရသည္။

လူသံုးဦးစီးနင္းလာသည့္ ဆိုင္ကယ္အား သံုးဘီးယာဥ္က ညာဘက္ယာဥ္ေၾကာမွ ေက်ာ္တက္စဥ္ ဆိုင္ကယ္ေနာက္ၾကည့္မွန္ျဖင့္ ခ်ိတ္မိသြားၿပီး ဆုိင္ကယ္တိမ္းေမွာက္သြားျခင္းျဖစ္ေၾကာင္း အခင္းျဖစ္ေနရာရိွ CCTV မွတ္တမ္းအရ ရွာေဖြေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္)မွ ဒုရဲမွဴး ေအာင္ကိုကို၏ ႀကီးၾကပ္မႈျဖင့္ ရဲအုပ္ေဇာ္ေဇာ္ညႊန္႔ ဦးစီးသည့္ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ားက CCTV မွတ္တမ္းမွ သံုးဘီးဆိုင္ကယ္အားရွာေဖြရန္ ၿမိဳ႕တြင္းေနရာအႏွံ႔ အျပားတြင္ ေစာင့္ၾကည့္ေနခဲ့ၿပီး ေမလ (၁၆) ရက္ေန႔တြင္ ရွမ္းအိုးစည္ သံုးဘီးယာဥ္ဂိတ္သို႔ သြားေရာက္စံုစမ္းရာ မွတ္တမ္းပါယာဥ္အား မေတြ႕ခဲ့ရေၾကာင္း သိရသည္။

ယင္းေနာက္ ေမလ (၁၇)ရက္ေန႔တြင္ ရွမ္းအိုးစည္ဂိတ္မွဴးႏွင့္အဖြဲ႕က သံုးဘီးသမားမ်ားအား ယာဥ္ထိန္းရံုးသို႔ ေခၚေဆာင္လာၿပီး ရဲတပ္ဖြဲ႕က CCTV မွတ္တမ္းမ်ားအား ျပသ၍ ေမးျမန္းခဲ့ရာ ၎တို႔ ဂိတ္မွ ဦးခမ္းရွဲန္၏ သံုးဘီးယာဥ္ျဖစ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ေမလ (၁၅)ရက္ေန႔ ညေန (၆)နာရီဝန္းက်င္တြင္ ဦးစိုင္းဆမ္ေမြႏွင့္ ဦးခမ္းရွဲန္တို႔ႏွစ္ဦးသည္ သံုးဘီးဆုိိင္ကယ္မ်ား အလုပ္သိမ္းၿပီး တံတား (၁)မွ တံတား (၂)ဘက္သို႔ ဗိုလ္ခ်ဳပ္လမ္းအတုိင္း ေမာင္းႏွင္ လာစဥ္ ဦးခမ္းရွဲန္ ေမာင္းႏွင္လာသည့္ သံုးဘီးဆိုင္ကယ္ႏွင့္ ခ်ိတ္မိခဲ့ျခင္းျဖစ္သည္ကုို CCTV မွတ္တမ္းအရ သိရၿပီး ဦးခမ္းရွဲန္အေနျဖင့္ ဆုိင္ကယ္အား ခ်ိတ္မိၿပီးလဲက်ေနခဲ့သည္ကို မသိရိွခဲ့ေၾကာင္း ရဲစခန္းတြင္ ထြက္ဆိုသည္ဟု သိရသည္။

"သံုးဘီးေမာင္းသူ ကိုယ္တိုင္ကလည္း သူကိုယ္တိုင္ အခုလို ခ်ိတ္မိသြားတာ မသိလို႔ ေမာင္းသြားတာလို႔ ၀န္ခံတယ္၊ ဆိုင္ကယ္ေမာင္းလာသူကေတာ့ (၃)ေယာက္ေတာင္၊ ဆိုင္ကယ္စီး ဦးထုပ္လည္း မပါဘူး။ ဆိုင္ကယ္စီးဦးထုပ္မပါေတာ့ ဆိုင္ကယ္ေမာင္းသူ ဦးေခါင္းဒဏ္ရာ အနည္းငယ္ရသြားတယ္။ ဆိုင္ကယ္စီးရင္ေတာ့ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းဖို႔ လိုပါတယ္။"ဟု အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု(တာခ်ီလိတ္)မွ ရဲအုပ္ ေဇာ္ေဇာ္ညႊန္႕က ေျပာသည္။

ယခုလို စံုစမ္းေဖာ္ထုတ္ရမိျခင္းသည္ ျပည္သူမ်ားပါ၀င္မႈေၾကာင့္ ေဖာ္ထုတ္ရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

"အခုလို ေဖာ္ထုတ္ရမိဖို႔အတြက္ CCTV ေတြကို ၾကည့္လို႔ရတာေရာ၊ ေနာက္တစ္ခုက ဂိတ္သားေတြ၊ သံုးဘီးေမာင္းသူေတြ ပါ၀င္ကူညီၾကလို႔ ေဖာ္ထုတ္ရမိတာပါ၊ ဘယ္ကိစၥျဖစ္ျဖစ္ ျပည္သူပူးေပါင္း ပါ၀င္မွ အဆင္ေျပမွာပါ"ဟု ၎က ေျပာသည္။

အဆိုပါယာဥ္မေတာ္မဆမႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္ (ပ) ၂၅/၂၀၁၇၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉/၃၃၇/၃၃၈/၂၀၂ ျဖင့္ အမႈဖြင့္ထားခံရသည့္ ဦးခမ္းရွဲန္အား ရဲလုပ္ထံုးလုပ္နည္းအရ ဆက္လက္စီစဥ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

( CCTV မွတ္တမ္း )


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် ရွှေငါးအိမ်ဆောက်ပစ္စည်းဆိုင်ရှေ့ နှင့် သူရိယသင်္ကန်းတိုက်ရှေ့ ဗိုလ်ချုပ်လမ်းမတွင် မေလ (၁၅)ရက်နေ့က ဆိုင်ကယ်တစ်စီးအား ကျော်တက်သည့်သုံးဘီးဖြင့် ချိတ်မိပြီး ဆိုင်ကယ်တိမ်းမှောက်မှုမှ သုံးဘီးယာဉ်မောင်းအား ရှာဖွေဖမ်းဆီးနိုင်ပြီဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

လူသုံးဦးစီးနင်းလာသည့် ဆိုင်ကယ်အား သုံးဘီးယာဉ်က ညာဘက်ယာဉ်ကြောမှ ကျော်တက်စဉ် ဆိုင်ကယ်နောက်ကြည့်မှန်ဖြင့် ချိတ်မိသွားပြီး ဆိုင်ကယ်တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာရှိ CCTV မှတ်တမ်းအရ ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကို၏ ကြီးကြပ်မှုဖြင့် ရဲအုပ်ဇော်ဇော်ညွှန့် ဦးစီးသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက CCTV မှတ်တမ်းမှ သုံးဘီးဆိုင်ကယ်အားရှာဖွေရန် မြို့တွင်းနေရာအနှံ့ အပြားတွင် စောင့်ကြည့်နေခဲ့ပြီး မေလ (၁၆) ရက်နေ့တွင် ရှမ်းအိုးစည် သုံးဘီးယာဉ်ဂိတ်သို့ သွားရောက်စုံစမ်းရာ မှတ်တမ်းပါယာဉ်အား မတွေ့ခဲ့ရကြောင်း သိရသည်။

ယင်းနောက် မေလ (၁၇)ရက်နေ့တွင် ရှမ်းအိုးစည်ဂိတ်မှူးနှင့်အဖွဲ့က သုံးဘီးသမားများအား ယာဉ်ထိန်းရုံးသို့ ခေါ်ဆောင်လာပြီး ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများအား ပြသ၍ မေးမြန်းခဲ့ရာ၎င်းတို့ ဂိတ်မှ ဦးခမ်းရှဲန်၏ သုံးဘီးယာဉ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မေလ (၁၅)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်တွင် ဦးစိုင်းဆမ်မွေနှင့် ဦးခမ်းရှဲန်တို့နှစ်ဦးသည် သုံးဘီးဆိုင်ကယ်များ အလုပ်သိမ်းပြီး တံတား (၁)မှ တံတား (၂)ဘက်သို့ ဗိုလ်ချုပ်လမ်းအတိုင်း မောင်းနှင် လာစဉ် ဦးခမ်းရှဲန် မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်နှင့် ချိတ်မိခဲ့ခြင်းဖြစ်သည်ကို CCTV မှတ်တမ်းအရ သိရပြီး ဦးခမ်းရှဲန်အနဖြေင့် ဆိုင်ကယ်အား ချိတ်မိပြီးလဲကျနေခဲ့သည်ကို မသိရှိခဲ့ကြောင်း ရဲစခန်းတွင် ထွက်ဆိုသည်ဟု သိရသည်။

"သုံးဘီးမောင်းသူ ကိုယ်တိုင်ကလည်း သူကိုယ်တိုင် အခုလို ချိတ်မိသွားတာ မသိလို့ မောင်းသွားတာလို့ ဝန်ခံတယ်၊ ဆိုင်ကယ်မောင်းလာသူကတော့ (၃)ယောက်တောင်၊ ဆိုင်ကယ်စီး ဦးထုပ်လည်း မပါဘူး။ ဆိုင်ကယ်စီးဦးထုပ်မပါတော့ ဆိုင်ကယ်မောင်းသူ ဦးခေါင်းဒဏ်ရာ အနည်းငယ်ရသွားတယ်။ ဆိုင်ကယ်စီးရင်တော့ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းဖို့ လိုပါတယ်။"ဟု အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ရဲအုပ် ဇော်ဇော်ညွှန့်က ပြောသည်။

ယခုလို စုံစမ်းဖော်ထုတ်ရမိခြင်းသည် ပြည်သူများပါဝင်မှုကြောင့် ဖော်ထုတ်ရမိခြင်း ဖြစ်ကြောင်း သိရသည်။

"အခုလို ဖော်ထုတ်ရမိဖို့အတွက် CCTV တွေကို ကြည့်လို့ရတာရော၊ နောက်တစ်ခုက ဂိတ်သားတွေ၊ သုံးဘီးမောင်းသူတွေ ပါဝင်ကူညီကြလို့ ဖော်ထုတ်ရမိတာပါ၊ ဘယ်ကိစ္စဖြစ်ဖြစ် ပြည်သူပူးပေါင်း ပါဝင်မှ အဆင်ပြေမှာပါ"ဟု၎င်းက ပြောသည်။

အဆိုပါယာဉ်မတော်မဆမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ် (ပ) ၂၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်ထားခံရသည့် ဦးခမ်းရှဲန်အား ရဲလုပ်ထုံးလုပ်နည်းအရ ဆက်လက်စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~