သႀကၤန္ကာလအတြင္း ရွမ္း(ေျမာက္)ရွိ ေရပူစစ္ေဆးေရးစခန္း ပံုမွန္အတိုင္း စစ္ေဆးမည္

သႀကၤန္ကာလအတြင္း ရွမ္း(ေျမာက္)ရွိ ေရပူစစ္ေဆးေရးစခန္း ပံုမွန္အတိုင္း စစ္ေဆးမည္
ဧပြီ 9, 2017
By Tachileik News Agency

မႏၱေလး - မူဆယ္ ကုန္သြယ္ေရးလမ္းေၾကာင္းေပၚ ရွမ္းျပည္နယ္ေျမာက္ပိုင္း သိန္းနီၿမိဳ႕နယ္အတြင္းရွိ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ ဝန္ထမ္းအင္အားသံုးပံုႏွစ္ပံုျဖင့္ သႀကၤန္ကာလအတြင္း စစ္ေဆးေရးမ်ား ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

“သႀကၤန္ကာလမွာ ဒီမွာ တာဝန္က်တဲ့အင္အားထဲက ရဟန္းဝတ္ခ်င္တဲ့သူေတြ၊ အနားယူခ်င္တဲ့ သူေတြလည္းရွိ ပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔မွာ ရွိတဲ့အင္အားရဲ့ သံုးပံုႏွစ္ပံုကို အသံုးျပဳၿပီးေတာ့ စစ္ေဆးေရး လုပ္ငန္းေတြကို ပံုမွန္အတိုင္း ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ သႀကၤန္ကာလမွ မဟုတ္ပါဘူး။ ဂိတ္ကလုပ္ငန္းေတြ အတြက္ ပိတ္ရက္မရွိပါဘူး “ဟု ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္မွ အဖြဲ႔ေခါင္းေဆာင္ ဦးတက္ထြန္းေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သႀကၤန္ကာလအတြင္း ျမန္မာ - တရုတ္ ကုန္သြယ္မႈပမာဏ ေလွ်ာ့က်ႏိုင္ေျခရွိသည့္အတြက္ ဝန္ထမ္းအင္အား ေလ်ာ့နည္းေသာ္လည္း စစ္ေဆးေရးလုပ္ငန္းမ်ားကို ပံုမွန္အတိုင္းႏိုင္နင္းစြာ ေဆာင္ရြက္ႏုိင္မည္ျဖစ္ေၾကာင္း ၎က ဆိုသည္။

“သႀကၤန္ကာလကေတာ့ အေရာင္းအဝယ္လည္း ေအးမယ္လို႔ထင္တယ္။ ပြဲရံုအခ်ိဳ႕လည္း ပိတ္မွာဆိုေတာ့ ကားေတြ လည္း နားၾကမွာေတြရွိတယ္။ သႀကၤန္အတြင္း အနားယူၾကမွာေပါ့။ ကြ်န္ေတာ္လည္း သႀကၤန္ကာလအတြင္း ကုန္ တင္ပို႔တာနားမယ္။ မိသားစုနဲ႔အနားယူမယ္“ဟု ကုန္တင္ကားေမာင္းသည့္ ကိုထြန္းစိုးက ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ေန႔စဥ္ျဖတ္သန္းေနသည့္ ကုန္တင္ယာဥ္ႏွင့္ ခရီးသည္တင္ယာဥ္ ခန္႔မွန္းအစီးေရမွာ ( ၃,၀၀၀) ခန္႔ရွိၿပီး ၂၀၁၆ ခုႏွစ္ သႀကၤန္ကာလအတြင္း ေန႔စဥ္ယာဥ္ျဖတ္သန္းမႈမွာ အစီးေရ (၁,၀၀၀) ခန္႔သာရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~
သင်္ကြန်ကာလအတွင်း ရှမ်း(မြောက်)ရှိ ရေပူစစ်ဆေးရေးစခန်း ပုံမှန်အတိုင်း စစ်ဆေးမည်

မန္တလေး - မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ် ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ်အတွင်းရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ ဝန်ထမ်းအင်အားသုံးပုံနှစ်ပုံဖြင့် သင်္ကြန်ကာလအတွင်း စစ်ဆေးရေးများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ကာလမှာ ဒီမှာ တာဝန်ကျတဲ့အင်အားထဲက ရဟန်းဝတ်ချင်တဲ့သူတွေ၊ အနားယူချင်တဲ့ သူတွေလည်းရှိ ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရှိတဲ့အင်အားရဲ့ သုံးပုံနှစ်ပုံကို အသုံးပြုပြီးတော့ စစ်ဆေးရေး လုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သင်္ကြန်ကာလမှ မဟုတ်ပါဘူး။ ဂိတ်ကလုပ်ငန်းတွေ အတွက် ပိတ်ရက်မရှိပါဘူး “ဟု ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်မှ အဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်္ကြန်ကာလအတွင်း မြန်မာ - တရုတ် ကုန်သွယ်မှုပမာဏ လျှော့ကျနိုင်ခြေရှိသည့်အတွက် ဝန်ထမ်းအင်အား လျော့နည်းသော်လည်း စစ်ဆေးရေးလုပ်ငန်းများကို ပုံမှန်အတိုင်းနိုင်နင်းစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

“သင်္ကြန်ကာလကတော့ အရောင်းအဝယ်လည်း အေးမယ်လို့ထင်တယ်။ ပွဲရုံအချို့လည်း ပိတ်မှာဆိုတော့ ကားတွေ လည်း နားကြမှာတွေရှိတယ်။ သင်္ကြန်အတွင်း အနားယူကြမှာပေါ့။ ကျွန်တော်လည်း သင်္ကြန်ကာလအတွင်း ကုန် တင်ပို့တာနားမယ်။ မိသားစုနဲ့အနားယူမယ်“ဟု ကုန်တင်ကားမောင်းသည့် ကိုထွန်းစိုးက ပြောသည်။

ပြည်ထောင်စုလမ်းမကြီးပေါ်တွင် နေ့စဉ်ဖြတ်သန်းနေသည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် ခန့်မှန်းအစီးရေမှာ ( ၃,ဝဝဝ) ခန့်ရှိပြီး ၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်း နေ့စဉ်ယာဉ်ဖြတ်သန်းမှုမှာ အစီးရေ (၁,ဝဝဝ) ခန့်သာရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~