UWSA ဆက္ဆံေရးရံုးတြင္ က်ည္ခဲယမ္း ဖမ္းဆီးရမိမႈ ဥပေဒအရ ဆက္လက္ေဆာင္ရြက္မည္

UWSA ဆက္ဆံေရးရံုးတြင္ က်ည္ခဲယမ္း ဖမ္းဆီးရမိမႈ ဥပေဒအရ ဆက္လက္ေဆာင္ရြက္မည္
ဧပြီ 11, 2017
By Tachileik News Agency
UWSA (ဝ ျပည္ေသြးစည္းညီညြတ္ေရးတပ္)၏ လားရိႈးၿမိဳ႕ဆက္ဆံေရးရံုးမွ က်ည္ဆံႏွင့္ခဲယမ္းမ်ား ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ လက္နက္ဖမ္းဆီး ရရိွမႈအေပၚ ဥပေဒအရ ဆက္လက္လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း ဧၿပီလ (၁၁)ရက္ေန႔တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ထံမွ သိရသည္။

“ကၽြန္ေတာ္တုိ႔ ျပည္နယ္အစိုးရ အေနနဲ႔ကေတာ့ ဒါနဲ႔ပတ္သက္လို႔ ဥပေဒနဲ႔အညီပဲ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။ ဥပေဒအတိုင္းပဲ ေဆာင္ရြက္ရမယ့္ အေနအထားပါ” ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

UWSA ၀တပ္၏ လာ႐ႈိးဆက္ဆံေရး႐ုံးအား လားရိႈးရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြျခင္းမွာ ဥပေဒႏွင့္ မကိုက္ညီသျဖင့္ ျပင္းထန္စြာ ကန္႔ကြက္ရံႈ႕ခ်သည္ဟု UWSA က အစိုးရထံ ဧၿပီလ (၉)ရက္ေန႔ရက္စြဲျဖင့္ ထုတ္ျပန္လိုက္ျခင္းႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ အတြင္းေရးမွဴးက ယင္းကဲ့သို႔ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

“ကၽြန္ေတာ္တုိ႔ ျပည္နယ္အစိုးရအေနနဲ႔ကေတာ့ သူတို႔နဲ႔ တုိက္ရိုက္ ဆက္သြယ္ေဆာင္ရြက္တာ မရိွပါဘူး။ နယ္လံု (လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာ)အဆင့္ကေနပဲ ညိႇႏိႈင္းေဆာင္ရြက္တာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္က ေျပာသည္။

UWSA လား႐ႈိးဆက္ဆံေရးရံုးမွ စီးပြားေရး ဒုတာဝန္ခံ အားေဟာင္က ေတာင္ႀကီးၿမဳိ႕ ဘုရားျဖဴ ရပ္ကြက္တြင္ ဧၿပီလ (၇) ရက္ေန႔ညက ဇနီးျဖစ္သူႏွင့္ စကားမ်ားၿပီး ေသနတ္ပစ္မႈျဖစ္ပြားသျဖင့္ ေတာင္ႀကီးၿမိဳ႕ ရဲတပ္ဖြဲ႕က ဖမ္းဆီး စစ္ေဆးရာမွ M22 က်ည္ဆံ (၄၆) ေတာင့္ႏွင့္ က်ည္ခြံ (၁၀) ခုအား ၎ထံမွ သိမ္းဆည္းရမိသျဖင့္ အားေဟာင္ကို ေတာင္ႀကီးၿမိဳ႕ ရဲစခန္းတြင္ (ပ) ၃၄/၂၀၁၇ လက္နက္ဥပေဒျဖင့္ အမႈဖြင့္စစ္ေဆး ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမႈ၏ ေနာက္ဆက္တြဲ အျဖစ္ လားရိႈးၿမိဳ႕ရဲတပ္ဖြဲ႕က ဧၿပီလ (၈)ရက္ေန႔တြင္ လား႐ႈိးၿမိဳ႕တြင္ ဖြင့္လွစ္ထားသည့္ UWSA ၏ ဆက္ဆံေရး႐ုံးအား ဝင္ေရာက္႐ွာေဖြရာ အဆိုပါရံုးခန္းအတြင္းမွ (၇.၆၂) က်ည္ (၂၈) ေတာင့္၊ M22 က်ည္ (၁) ခု၊Equipment တစ္ခု၊ ဒီတိုေနတာ အေခ်ာင္း (၃၀၀၀)၊ အရွည္ (၇၅၀) ရိွသည့္ အျဖဴေရာင္ ယမ္းႀကိဳးေခြတစ္ေခြတို႔အား ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ဝင္ေရာက္ရွာေဖြမႈႏွင့္ ပတ္သက္၍ UWSA က ဧၿပီလ (၉)ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္လုိက္ျခင္း ျဖစ္ေသာ္လည္း အဆိုပါကိစၥမွာ ပုဂၢဳိလ္ေရးကိစၥသာျဖစ္ၿပီး အဖြဲ႕အစည္းမ်ားနွင့္ သက္ဆိုင္ျခင္း မရိွေၾကာင္း၊ တည္ၿငိမ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ထိခို္က္မႈမရွိေစရန္ ဥပေဒႏွင့္အညီ ညႇိႏႈိင္းေျဖရွင္းႏုိင္ေၾကာင္း ႏုိင္ငံေတာ္သမၼတရံုး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက ေျပာၾကားထားသည္။

UWSA သည္ ၁၉၈၉ ခုႏွစ္တြင္ ဗမာျပည္ကြန္ျမဴနစ္ပါတီၿပိဳကြဲၿပီးေနာက္ ဖြဲ႔စည္းခဲ့ျခင္းျဖစ္ၿပီး ၁၉၈၉ ခုႏွစ္ ေမလ (၉)ရက္ေန႔တြင္လည္းေကာင္း ၂၀၁၁ ခုႏွစ္ စက္တင္ဘာလ (၆)ရက္ေန႔တြင္လည္းေကာင္း အစိုးရႏွင့္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္မ်ား ရယူခဲ့သည့္ အဖြဲ႔ျဖစ္သည္။

UWSA သည္ ဝျပည္ေသြးစည္းညီညြတ္ေရးပါတီ (UWSP)၏ လက္နက္ကိုင္တပ္ဖြဲ႕ျဖစ္ၿပီး UWSP သည္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပံုဥပေဒအရ ျပဌာန္းထားသည့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ဝ တုိင္း၏ ၿမိဳ႕နယ္ (၆)ခုအား စီမံအုပ္ခ်ဳပ္ခြင့္ ရထားျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

UWSA (ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်)၏ လားရှိုးမြို့ဆက်ဆံရေးရုံးမှ ကျည်ဆံနှင့်ခဲယမ်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လက်နက်ဖမ်းဆီး ရရှိမှုအပေါ် ဥပဒေအရ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဧပြီလ (၁၁)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ ပြည်နယ်အစိုးရ အနေနဲ့ကတော့ ဒါနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီပဲ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပဒေအတိုင်းပဲ ဆောင်ရွက်ရမယ့် အနေအထားပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

UWSA ဝတပ်၏ လာရှိုးဆက်ဆံရေးရုံးအား လားရှိုးရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွခြေင်းမှာ ဥပဒေနှင့် မကိုက်ညီသဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသည်ဟု UWSA က အစိုးရထံ ဧပြီလ (၉)ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူးက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ပြည်နယ်အစိုးရအနေနဲ့ကတော့ သူတို့နဲ့ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်တာ မရှိပါဘူး။ နယ်လုံ (လုံခြုံရေးနှင့် နယ်စပ်ရေးရာ)အဆင့်ကနေပဲ ညှိနှိုင်းဆောင်ရွက်တာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က ပြောသည်။

UWSA လားရှိုးဆက်ဆံရေးရုံးမှ စီးပွားရေး ဒုတာဝန်ခံ အားဟောင်က တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက်တွင် ဧပြီလ (၇) ရက်နေ့ညက ဇနီးဖြစ်သူနှင့် စကားများပြီး သေနတ်ပစ်မှုဖြစ်ပွားသဖြင့် တောင်ကြီးမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးရာမှ M22 ကျည်ဆံ (၄၆) တောင့်နှင့် ကျည်ခွံ (၁၀) ခုအား၎င်းထံမှ သိမ်းဆည်းရမိသဖြင့် အားဟောင်ကို တောင်ကြီးမြို့ ရဲစခန်းတွင် (ပ) ၃၄/၂၀၁၇ လက်နက်ဥပဒဖြေင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှု၏ နောက်ဆက်တွဲ အဖြစ် လားရှိုးမြို့ရဲတပ်ဖွဲ့က ဧပြီလ (၈)ရက်နေ့တွင် လားရှိုးမြို့တွင် ဖွင့်လှစ်ထားသည့် UWSA၏ ဆက်ဆံရေးရုံးအား ဝင်ရောက်ရှာဖွေရာ အဆိုပါရုံးခန်းအတွင်းမှ (၇.၆၂) ကျည် (၂၈) တောင့်၊ M22 ကျည် (၁) ခု၊Equipment တစ်ခု၊ ဒီတိုနေတာ အချောင်း (၃၀၀၀)၊ အရှည် (၇၅၀) ရှိသည့် အဖြူရောင် ယမ်းကြိုးခွေတစ်ခွေတို့အား တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဝင်ရောက်ရှာဖွေမှုနှင့် ပတ်သက်၍ UWSA က ဧပြီလ (၉)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သော်လည်း အဆိုပါကိစ္စမှာ ပုဂ္ဂိုလ်ရေးကိစ္စသာဖြစ်ပြီး အဖွဲ့အစည်းများနှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ထိခို်က်မှုမရှိစေရန် ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားထားသည်။

UWSA သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ ခုနှစ် မေလ (၉)ရက်နေ့တွင်လည်းကောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင်လည်းကောင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များ ရယူခဲ့သည့် အဖွဲ့ဖြစ်သည်။

UWSA သည် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး UWSP သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ ပြဌာန်းထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝ တိုင်း၏ မြို့နယ် (၆)ခုအား စီမံအုပ်ချုပ်ခွင့် ရထားခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~